မႀကီးစန္း လို႔ ပရိသတ္ေတြ ခ်စ္စနိုး နဲ႔ေခၚၾကတဲ့ နိုင္ငံေက်ာ္ မိတ္ကပ္ ပညာရွင္ ခင္စန္းဝင္း ကေတာ့ အႏုပညာေလာက မွာသာမက ပရိသတ္ေတြၾကားမွာပါ မသိတဲ့သူမရွိေအာင္ ေက်ာ္ၾကားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္း မွာေတာ့ ခင္စန္းဝင္းက မိတ္ကပ္ ဖန္တီးရွင္ တစ္ေယာက္အျပင္ ေၾကာ္ျငာေတြ ၊ သီခ်င္း MV ေတြ နဲ႔ ႐ုပ္ရွင္ ဇာတ္ကားႀကီးႏွစ္ကား မွာပါ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ မင္းသမီး တစ္ေယာက္ မဟုတ္ေပမယ့္ ခ်စ္စရာ ေကာင္းလြန္းတဲ့ မႀကီးစန္းကို ပရိသတ္ေတြက အႏုပညာရွင္ တစ္ေယာက္လို ခ်စ္ခင္ အားေပးၾကတာပဲ ျဖစ္ပါတယ္။

ကိုဗစ္ ကာလမွာလည္း အလုပ္ေတြကို ဆက္တိုက္ လုပ္ကိုင္ျဖစ္ေနတဲ့ ခင္စန္းဝင္း က ဒီကေန႔မွာေတာ့ ပရိသတ္ေတြ စိတ္မေကာင္း ျဖစ္ေစမယ့္ သူ႔ရဲ့ သတင္းေလးတစ္ခုကို မၽွေဝေပးလာခဲ့ပါတယ္။ ခင္စန္းဝင္း ကေတာ့ ႐ုတ္တရက္ က်န္းမာေရးအေျခအေနေၾကာင့္ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရေၾကာင္းကို “ဗိုက္အရမ္းေအာင့္လို႔ UHC ေဆး႐ုံမွာေဆးသြင္းေနရတယ္🥺” ဆိုၿပီး သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ မၽွေဝေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။

ခင္စန္းဝင္း ကေတာ့ မထင္မွတ္ထားပဲ ဗိုက္အရမ္း ေအာင့္လာခဲ့လို ေဆး႐ုံမွာ ေဆးသြင္းၿပီး ဆရာဝန္ႀကီးေတြနဲ႔ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခင္စန္းဝင္း တစ္ေယာက္ အျမန္ဆုံးေန ေကာင္းသက္သာလာေစ ဖို႔ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khin San Win’s fb
Bilie – Cele Connections

 

UNICODE

မကြီးစန်း လို့ ပရိသတ်တွေ ချစ်စနိုး နဲ့ခေါ်ကြတဲ့ နိုင်ငံကျော် မိတ်ကပ် ပညာရှင် ခင်စန်းဝင်း ကတော့ အနုပညာလောက မှာသာမက ပရိသတ်တွေကြားမှာပါ မသိတဲ့သူမရှိအောင် ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ခင်စန်းဝင်းက မိတ်ကပ် ဖန်တီးရှင် တစ်ယောက်အပြင် ကြော်ငြာတွေ ၊ သီချင်း MV တွေ နဲ့ ရုပ်ရှင် ဇာတ်ကားကြီးနှစ်ကား မှာပါ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသမီး တစ်ယောက် မဟုတ်ပေမယ့် ချစ်စရာ ကောင်းလွန်းတဲ့ မကြီးစန်းကို ပရိသတ်တွေက အနုပညာရှင် တစ်ယောက်လို ချစ်ခင် အားပေးကြတာပဲ ဖြစ်ပါတယ်။

ကိုဗစ် ကာလမှာလည်း အလုပ်တွေကို ဆက်တိုက် လုပ်ကိုင်ဖြစ်နေတဲ့ ခင်စန်းဝင်း က ဒီကနေ့မှာတော့ ပရိသတ်တွေ စိတ်မကောင်း ဖြစ်စေမယ့် သူ့ရဲ့ သတင်းလေးတစ်ခုကို မျှဝေပေးလာခဲ့ပါတယ်။ ခင်စန်းဝင်း ကတော့ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကြောင်းကို “ဗိုက်အရမ်းအောင့်လို့ UHC ဆေးရုံမှာဆေးသွင်းနေရတယ်🥺” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မျှဝေပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ခင်စန်းဝင်း ကတော့ မထင်မှတ်ထားပဲ ဗိုက်အရမ်း အောင့်လာခဲ့လို ဆေးရုံမှာ ဆေးသွင်းပြီး ဆရာဝန်ကြီးတွေနဲ့ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်စန်းဝင်း တစ်ယောက် အမြန်ဆုံးနေ ကောင်းသက်သာလာစေ ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin San Win’s fb
Bilie – Cele Connections