အကယ္ဒမီ မင္းသားေခ်ာ ခန႔္စည္သူ ကေတာ့ ျပည္ေထာင္စု သမၼတ ျမန္မာ နိုင္ငံေတာ္ အစိုးရ ရဲ့ ဂုဏ္ျပဳ ခ်ီးျမႇင့္ဘြဲ႕ ရထားတဲ့ သီဟသုဓမၼမဏိေဇာတဓရဘြဲ႕တံဆိပ္ နဲ႔ သီရိ သုဓမၼမဏိေဇာတဓရဘြဲ႕တံဆိပ္ ကို လက္ဝယ္ ပိုင္ဆိုင္ထား သူတစ္ေယာက္ ျဖစ္ပါတယ္။ အလႉအတန္း မွာ တြန႔္တိုျခင္း အလ်င္းမရွိပဲ လက္နဲ႔မကြာ အျမဲတမ္း လႉဒါန္း တတ္တဲ့ ခန႔္စည္သူ က သမာအာဇီဝက်က် ရွာေဖြထားတဲ့ ေငြေၾကးေတြ ကို ေက်းဇူးရွင္ မိဘႏွစ္ပါးအတြက္ နဲ႔ ကုသိုလ္ ေကာင္းမႈေတြကို ျပဳလုပ္ဖို႔သာ ခြဲေဝ လႉဒါန္းတတ္ သူတစ္ေယာက္ ျဖစ္ပါတယ္။

အလႉေရစက္ ၊ လက္နဲ႔မကြာ လႉဒါန္း တတ္တဲ့ ခန႔္စည္သူက မေန႔က ဇန္နဝါရီလ (၄) ရက္ေန႔၊ လြတ္လပ္ေရး ေန႔မွာ လည္း အလႉႀကီး တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ခန႔္စည္သူက ဗိုလ္တေထာင္ က်ိဳက္ေဒး အပ္ဆံေတာ္ဦး ေစတီေတာ္ျမတ္ႀကီး ဘက္စုံ မြမ္းမံ ျပဳျပင္ေရး အတြက္ အလႉေတာ္ေငြ (၁၂၅) သိန္းကို လႉဒါန္းခဲ့ေၾကာင္း ပရိသတ္ေတြ သာဓု အႏု ေမာဓာနာ ေခၚဆိုနိုင္ဖို႔ သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ မၽွေဝေပးလာပါတယ္။

ခန႔္စည္သူ ကေတာ့ ၿပီးခဲ့တဲ့ (၂၀၂၀) ခုႏွစ္ နိုဝင္ဘာလ အတြင္းကပဲ ဗိုလ္တေထာင္ ေစတီေတာ္အတြင္း သာသနာေတာ္ ထြန္းကားျပန႔္ပြားေစ ဖို႔ အလႉေငြ သိန္း (၂၀) လႉဒါန္းခဲ့ၿပီး အခုတစ္ေခါက္ မွာလည္း ဘက္စုံ မြမ္းမံျပဳျပင္ေရး အတြက္ အလႉေငြ သိန္း (၁၂၅) သိန္း ကို ထပ္မံ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခန႔္စည္သူရဲ့ အလႉ အတြက္ ဝမ္းေျမာက္ ေၾကာင္း သာဓု ေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစ လို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Soe Win’s fb
Bilie – Cele Connections

UNICODE

အကယ်ဒမီ မင်းသားချော ခန့်စည်သူ ကတော့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ ရဲ့ ဂုဏ်ပြု ချီးမြှင့်ဘွဲ့ ရထားတဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် နဲ့ သီရိ သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် ကို လက်ဝယ် ပိုင်ဆိုင်ထား သူတစ်ယောက် ဖြစ်ပါတယ်။ အလှူအတန်း မှာ တွန့်တိုခြင်း အလျင်းမရှိပဲ လက်နဲ့မကွာ အမြဲတမ်း လှူဒါန်း တတ်တဲ့ ခန့်စည်သူ က သမာအာဇီဝကျကျ ရှာဖွေထားတဲ့ ငွေကြေးတွေ ကို ကျေးဇူးရှင် မိဘနှစ်ပါးအတွက် နဲ့ ကုသိုလ် ကောင်းမှုတွေကို ပြုလုပ်ဖို့သာ ခွဲဝေ လှူဒါန်းတတ် သူတစ်ယောက် ဖြစ်ပါတယ်။

အလှူရေစက် ၊ လက်နဲ့မကွာ လှူဒါန်း တတ်တဲ့ ခန့်စည်သူက မနေ့က ဇန်နဝါရီလ (၄) ရက်နေ့၊ လွတ်လပ်ရေး နေ့မှာ လည်း အလှူကြီး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ခန့်စည်သူက ဗိုလ်တထောင် ကျိုက်ဒေး အပ်ဆံတော်ဦး စေတီတော်မြတ်ကြီး ဘက်စုံ မွမ်းမံ ပြုပြင်ရေး အတွက် အလှူတော်ငွေ (၁၂၅) သိန်းကို လှူဒါန်းခဲ့ကြောင်း ပရိသတ်တွေ သာဓု အနု မောဓာနာ ခေါ်ဆိုနိုင်ဖို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

ခန့်စည်သူ ကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် နိုဝင်ဘာလ အတွင်းကပဲ ဗိုလ်တထောင် စေတီတော်အတွင်း သာသနာတော် ထွန်းကားပြန့်ပွားစေ ဖို့ အလှူငွေ သိန်း (၂၀) လှူဒါန်းခဲ့ပြီး အခုတစ်ခေါက် မှာလည်း ဘက်စုံ မွမ်းမံပြုပြင်ရေး အတွက် အလှူငွေ သိန်း (၁၂၅) သိန်း ကို ထပ်မံ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ အလှူ အတွက် ဝမ်းမြောက် ကြောင်း သာဓု ခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Soe Win’s fb
Bilie – Cele Connections