



UNICODE

အိမ့်ချစ် ကတော့ အသံကောင်း သလို သီချင်းဆို လိုက်တိုင်းမှာလည်း နားဆင် သူတွေရဲ့ ရင်ထဲ ထိရောက်အောင် သီဆို နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ အိမ့်ချစ်က နာမည်ကြီး အဆိုတော် ချစ်ကောင်း ရဲ့သမီးလေးဖြစ်ပြီး ဖခင် ဖြစ်သူလိုပဲ ဂီတ လောကမှာ အောင်မြင်မှုများ စွာရအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

သီချင်းကောင်း လေးတွေ ဖန်တီး တတ်ပြီး ပရိသတ်တွေ ရဲ့ အချစ်တော်လေး ဖြစ်နေတဲ့ သူမက လူငယ် ပရိသတ်တွေကြား ရေပန်းစား ကျော်ကြားနေတဲ့ အမျိုးသမီး အဆိုတော် မလေးတစ်ဦးပဲ ဖြစ်ပါတယ်။အိမ့်ချစ် ကတော့ အလွမ်း အဆွေးစတဲ့ ဂီတ အမျိုးအစားများ စွာကို ကိုယ်တိုင် ရေးစပ် သီဆိုလေ့ရှိပြီး အောင်မြင်နေသူ တစ်ယောက် ဖြစ်ပါတယ်။

သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေ ကိုလည်း အမြဲဖော်ပြလေ့ ရှိရာ ပရိသတ်တွေ ကလည်း အမြဲစောင့်ကြည့် အားပေးနေတာပါ။ အခုလည်း နှစ်သစ်အလှူ လေးအဖြစ် ဗုဒ္ဓဂယာ အေးချမ်း အောင်မြင် အုတ်ခွက် ဘုရားအား ရွှေကလစ် လေးလှူဒါန်းခဲ့ကြောင်း ပုံလေးတွေနဲ့အတူ ” ဗုဒ္ဓဂယာမှ အေးချမ်းအောင်မြင် အုတ်ခွက်ဘုရားအား နှစ်သစ်အလှူအဖြစ် ရွှေကလစ် လှူဒါန်းခဲ့ပါသည် ” ဆိုတဲ့စာလေးကို ဖော်ပြထားရာ ပရိသတ်ကြီး လည်း ကြည့်ရှုနိုင် စေရန် မျှဝေပေးလိုက်ပါရစေ။

Source & Photo Credit : Eint Chit Facebook Account