ပရိသတ်ကြီးရေ မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင် လည်းဖြစ် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ သရုပ်ဆောင် မောင် (စိန်ဖြိုးလှိုင်)နဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်မင်းသမီးချောတစ်လက်ဖြစ်တဲ့ ရီရီပွင့်ဖြူ တို့စုံတွဲလေးကတော့ ဘန်ကောက်ကို တစ်လကြာ ခရီးထွက်သွားခဲ့ကြောင်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
စိန်ဖြိုးနဲ့ ရီရီတို့ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း တရာရုံးမှာ လက်မှတ်ထိုးတာ တရားဝင်အကြင်လင်းမယား အဖြစ်သို့ကူးပြောင်းပြီးနောက် မနေ့ကဇူလိုင်လ (၁၃)ရက်နေ့က ဘန်ကောက်ကို ခရီးထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေလည်း “Hello from Bangkok. Honey Moon လို့ပြောရမလား။ ဒူးရင်းသီးရောင်းပြီးလို့ အနားယူတယ်ပြောရမလား။ လုံးသုတ်လေးပေါ့။၁လ ကြာပါမယ်နော်…” ဆိုပြီး ရေးသားမျှဝေထားခဲ့ပါတယ်။
“ဘန်ကောက်က အမျိုးတွေ လမ်းမှာတွေ့ရင်ခေါ်ကြပါဦး” ဆိုပြီတော့လည်း လမ်းမှာသူတို့ကို တွေ့ရင်နှုတ်ဆက်ကြဖို့နဲ့အတူ ဘန်ကောက်မှာ ရိုက်ကူးထားတဲ့ ပုံလေစးတွေကိုလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်တွေထဲက ဘန်ကောက်မှာ ရှိတဲ့ပရိသတ်ကြီးရေ စိန်ဖြိုးနဲ့ရီရီကိုတွေ့ရင် နှုတ်ဆက်လိုက်ကြပါဦးနော်။
Credit – CeleZone
Source – Sein Phyo & Yi
zawgyi
Credit – CeleZone
Source – Sein Phyo & Yi