လက္ရွိအခ်ိန္မွာေတာ့ ျပည္သူေတြက ရဲရင့္တဲ့ စိတ္ဓာတ္ေတြနဲ႔ သူတို႔ရဲ့အသက္ကို ေတာင္ပဓာနမထားဘဲ အေရွ႕ထြက္ၿပီး ရင္တြင္းဆႏၵေတြကို ေဖာ္ထုတ္ေနၾကတာ ျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈပြဲေတြမွာ စိတ္ေရာကိုယ္ပါႏွစ္ ၿပီး ႀကိဳးစားပမ္းစား လုပ္ေဆာင္ေနၾကတဲ့ ျပည္သူေတြ ထဲမွာ လူႀကီးလူငယ္၊ က်ားမမေရြး ပါဝင္ေနတာပဲ ျဖစ္ပါတယ္ ။ အခုလည္း အသက္ (၅၀) အရြယ္ သူရဲေကာင္းႀကီး တစ္ဦးက က်ည္မွန္တဲ့သူကို သြားေရာက္ကယ္ တင္ရင္းနဲ႔ က်ဆုံးသြားခဲ့ရတာ ျဖစ္ပါတယ္ ။

ဦးဖိုးသက္လို႔ေခၚတဲ့ သူရဲေကာင္းႀကီးက သားသမီး (၆) ေယာက္ကို ငါးေစ်းမွာ ကြမ္းယာေရာင္းၿပီး ရိုးရိုးသားသား ရွာေဖြေကၽြးေမြးေနတဲ့ ဖခင္တစ္ဦးပဲ ျဖစ္ပါတယ္။ ဦးဖိုးသက္က “ငါတို႔ကေနခဲ့ၿပီးၿပီ ဘဝကလည္း ေသလူ နဲ႔မျခားဘူး” ဆိုၿပီး ေဘးက ဒိုင္းကာ တစ္ေယာက္ဆီကေန ဒိုင္းကိုဆြဲလုၿပီး ဒဏ္ရာရေနတဲ့သူကို သြားကယ္ခဲ့တာ ျဖစ္ပါတယ္ ။ ဘယ္သူမွသြားမကူညီနိုင္တဲ့အခ်ိန္မွာ ရဲရဲရင့္ရင့္နဲ႔ အေရွ႕ကိုထြက္ရင္း ကယ္ဖို႔ လုပ္ခဲ့တဲ့ ဦးဖိုးသက္ကေတာ့ က်ည္မွန္ၿပီး က်ဆုံးသြားခဲ့ရတာ ျဖစ္ပါတယ္ ။

ျမင့္ျမတ္တဲ့စိတ္ဓာတ္ပိုင္ရွင္ႀကီး ဦးဖိုးသက္က ဆုံးပါးသြားခဲ့ၿပီျဖစ္တာေၾကာင့္ က်န္ရစ္ခဲ့တဲ့ သူ႔ရဲ့သားသမီးေလးေတြက အခုဆိုရင္ အကူအညီလိုအပ္ေနတာ ျဖစ္ပါတယ္ ။ ေစတနာရွင္ျပည္သူတစ္ေယာက္ကလည္း ဦးဖိုးသက္ရဲ့ ကေလးေတြကို သြားေရာက္လႉဒါန္းရင္းနဲ႔ တစ္ျခားသူ ေတြပါ ကူညီနိုင္ေအာင္ စီစဥ္ေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္ ။ သူတစ္ပါးကိုကယ္ဖို႔အတြက္ အသက္စြန႔္သြားခဲ့ရတဲ့ သူရဲေကာင္းႀကီးဦးဖိုးသက္အတြက္ ပရိသတ္ေတြလည္း တတ္နိုင္သေလာက္ ပါဝင္လႉဒါန္းလို႔ ရေအာင္ ေဖာ္ျပေပးလိုက္တာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-May Myat Khin’s FB Acc

unicode

လက်ရှိအချိန်မှာတော့ ပြည်သူတွေက ရဲရင့်တဲ့ စိတ်ဓာတ်တွေနဲ့ သူတို့ရဲ့အသက်ကို တောင်ပဓာနမထားဘဲ အရှေ့ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပွဲတွေမှာ စိတ်ရောကိုယ်ပါနှစ် ပြီး ကြိုးစားပမ်းစား လုပ်ဆောင်နေကြတဲ့ ပြည်သူတွေ ထဲမှာ လူကြီးလူငယ်၊ ကျားမမရွေး ပါဝင်နေတာပဲ ဖြစ်ပါတယ် ။ အခုလည်း အသက် (၅၀) အရွယ် သူရဲကောင်းကြီး တစ်ဦးက ကျည်မှန်တဲ့သူကို သွားရောက်ကယ် တင်ရင်းနဲ့ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

ဦးဖိုးသက်လို့ခေါ်တဲ့ သူရဲကောင်းကြီးက သားသမီး (၆) ယောက်ကို ငါးစျေးမှာ ကွမ်းယာရောင်းပြီး ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေတဲ့ ဖခင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဦးဖိုးသက်က “ငါတို့ကနေခဲ့ပြီးပြီ ဘဝကလည်း သေလူ နဲ့မခြားဘူး” ဆိုပြီး ဘေးက ဒိုင်းကာ တစ်ယောက်ဆီကနေ ဒိုင်းကိုဆွဲလုပြီး ဒဏ်ရာရနေတဲ့သူကို သွားကယ်ခဲ့တာ ဖြစ်ပါတယ် ။ ဘယ်သူမှသွားမကူညီနိုင်တဲ့အချိန်မှာ ရဲရဲရင့်ရင့်နဲ့ အရှေ့ကိုထွက်ရင်း ကယ်ဖို့ လုပ်ခဲ့တဲ့ ဦးဖိုးသက်ကတော့ ကျည်မှန်ပြီး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ရှင်ကြီး ဦးဖိုးသက်က ဆုံးပါးသွားခဲ့ပြီဖြစ်တာကြောင့် ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့သားသမီးလေးတွေက အခုဆိုရင် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ် ။ စေတနာရှင်ပြည်သူတစ်ယောက်ကလည်း ဦးဖိုးသက်ရဲ့ ကလေးတွေကို သွားရောက်လှူဒါန်းရင်းနဲ့ တစ်ခြားသူ တွေပါ ကူညီနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ။ သူတစ်ပါးကိုကယ်ဖို့အတွက် အသက်စွန့်သွားခဲ့ရတဲ့ သူရဲကောင်းကြီးဦးဖိုးသက်အတွက် ပရိသတ်တွေလည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းလို့ ရအောင် ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-May Myat Khin’s FB Acc