


Source: May Oo’s Fb Acc
Credit

UNICODE

ပရိတ်သတ်ကြီးရေ… ပြည်သူ ချစ်မိတကပ် ပညာရှင်တစ်ယောက် ဖြစ်တဲ့ မေဦး ဟာဆိုရင် ထိပ်တန်းကနေ အောင်မြင်နေပြီး ပရိတ်သတ် တွေ ရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက် အခိုင်အမာ ရရှိ ထားတာပဲ ဖြစ်ပါတယ်။ အခုလက်ရှ် ဖြစ်ပေါ် နေတဲ့ အခြေအနေမှာ ဆိုရင်လည်း မေဦး ကပြည်သူလူ ထုနဲ့ တစ်သားတည်းရပ်တည်ပြီး နွေဦး တော်လှန်ရေး တိုက်ပွဲ ကြီးမှာ အစွမ်းကုန် ပါဝင်နေတာပဲ ဖြစ်ပါ တယ်နော်..။မေဦးက ဖေဖော်ဝါရီလ အစပိုင်းက တည်းကနေ စတင်ခဲ့တဲ့အခြေအနေ တွေ မှ ပြည်သူ လူထုနဲ့အတူ လူထု လှုပ်ရှားကို အင်တိုက် အားတိုက် အစွမ်းကုန်ပြုလုပ်နေတဲ့ မေဦးက ၅၀၅-က ဖြင့် အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမှာ မေဦး လည်း ပါဝင်လာ ပါတယ်..။

မေဦး ကတော့ ၅၀၅-က ဖြင့် အရေး ယူခြင်း ခံထား ရပေမယ့် လည်း လက်ရှိ အချိန်တွေ မှာ လုပ်ဆောင် နေတဲ့ အရာတွေ နဲ့ပတ်သက်ပြီး သွေးမ အေးသွားဘဲခိုင်မာ ပြတ်သား တဲ့ သူ့ ရဲ့ ခံယူချက်နဲ့ ယုံကြည်မှု တွေကို ရဲရဲဝင့်ဝင့် ပြောပြလာပါတယ်..။တစ်သက်လုံးမှန် တာပဲပြော vပြီး မဟုတ်တာ မလုပ်ခဲ့တဲ့ အပြင် အမှန်တရားကို မြတ်နိုးသူ ဖြစ်သလို အကြောက်တရားကို ဖယ်ရှားပြီး ဓမ္မ အတွက်ရှေ့ဆက် ရင်ဆိုင်သွားကြ ဖို့ ကိုလည်း မေဦးက တိုက်တွန်း ပြောပြ ထားတာ ဖြစ်ပါတယ်..။

“ကျွန်တော့် တစ်သက်လုံး မှန်တာပဲ ပြောတယ် မဟုတ်တာ လည်း ဘယ်တော့မှ မလုပ်ခဲ့တဲ့ အတွက် ဘယ်အရာကို မှ မကြောက်ဘူး💪🏻ဒါကြောင့် အမှန်တရားကိုမြတ်နိုးသူများ အကြောက် တရားကို ဖယ်ရှားပြီး ဓမ္မအတွက် ဆက်ပြီး တော်လှန်ကြပါ💪🏻❤️အာဏာရှင် စနစ်ကို အမြစ် ပြုတ်ဖို့ အားလုံး ဝိုင်းဝန်းပြီး ပါဝင်ကူညီပေး ကြပါ 🙏🏻💪🏻🔥..” ဆိုပြီး မေဦး က ရေးသား ပြောပြ ထားတာပါ..။အမှန်တရား နဲ့ ယုံကြည်ချက်တွေ အတွက် ရဲရဲ ဝင့်ဝင့် ရပ်တည် ရင်ဆိုင်နေတဲ့ မေဦးရဲ့ ပြတ်သားတဲ့ စိတ်သဘော ထားတွေကို ပရိသတ်တွေ ကလည်း လေးစား ချီးကျူး ရင်း အားပေး စကားတွေ လည်း ပြောထားကြတာ တွေ့ရပါတယ်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ် ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်နော်..။

Source: May Oo’s Fb Acc
Credit