ပရိတ်သတ် ကြီးရေ…ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မြတ်သူသူ ဟာဆိုရင် ဇာတ်လမ်းတွဲ များစွာ ရိုက်ကူးထားပြီး သူမရဲ့ သရုပ်ဆောင် ပီပြင်မှုကြောင့် ပရိတ်သတ်တွေ ရဲ့အသိအမှတ် ပြုခြင်း ကို အပြည့်အဝ ရှိထားတဲ့မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်နော်။စကားပြော ရိုးသား ပွင့်လင်းပြီး စိတ်ထားဖြူစင်လွန်းတဲ့မြတ်သူသူကို အားလုံးကချစ်ခင်နေကြပြီး အနုပညာ လမ်းကြောင်းပေါ်မှာ ယနေ့ထိအောင်မြင်မှု တွေနဲ့ လျှောက်လှမ်း လာခဲ့တာပဲ ဖြစ်ပါတယ်။

မြတ်သူသူဟာ ဆိုရင် ဇာတ်လမ်းတွဲ သ ရုပ်ဆောင်တဲ့ နေရာမှာ ပီပြင် ပိုင်နိုင်လွန်းတဲ့ အတွက် တို့မမ နဲ့တို့ဇာတ်လမ်းတွဲမှာ ဆိုလည်း သန်းသန်းဆွေ ကာရိုက်တာ ကိုပီ ပြင်ခဲ့တဲ့ အတွက် ခုချိန်ထိ ပရိတ်သတ်တွေရဲ့ပါးစပ် ဖျားမှာ ချစ်စနိုး နဲ့ သူမကို သန်းသန်းဆွေ ဆိုပြီး ခေါ်တွင်ခဲ့တဲ့ အထိကိုအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်နော်။မြတ်သူက လက်ရှိ အခြေအနေ တွေကြောင့် နှစ်တွေ အကြာကြီး ကြိုးစားခဲ့သမျှ အကုန်ပျက်စီးသွားလို့ ဝမ်းနည်း စိတ်မကောင်းဖြစ် နေတာပဲဖြစ်ပါတယ်.။

အခု လတ်တလော မှာ အင်တာနက် မသုံးဖြစ်တဲ့ အပြင် ကြိုးစား တည်ဆောက်ခဲ့ သမျှအားလုံး ပျက်စီးသွားခဲ့တဲ့ အတွက် ဘဝအသစ်တစ်ခုကို အစကနေပြန်လည် ကြိုးစား ရတော့မယ့် အကြောင်းကို မြတ်သူက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ စိတ်မကောင်းစွာ နဲ့အခုလိုပဲ ပြောပြလာခဲ့ တာပဲဖြစ်ပါတယ်။မြတ်သူသူ က“လူရော စိတ်ရော အဆင်မပြေလို့ လိုင်းမသုံးဖြစ်ဘူး အင်တာနက်လိုင်းတွေ မရလို့ လည်း လိုင်းမသုံးဖြစ်ဘူး ကိုယ်တွေထက် ထိခိုက်နစ်နာခဲ့ရ သူတွေကို အားနာ လို့လည်း လိုင်းမသုံးဖြစ်ဘူး။ နှစ်တွေအများကြီး ကြိုးစားတည်ဆောက်ခဲ့ သမျှတွေ အကုန်ပျက်စီးသွားတော့ မျှော်လင့်ချက် တွေလည်းမရှိတော့ဘူး ဒီအသက် အရွယ်ရောက်မှ ဘဝသစ် တခုကိုအစက ပြန်ကြိုးစားရပြန်ဦးမယ်။

ကိုယ့်ထက် ပို ဆုံးရှုံးရတဲ့ သူတွေ အနစ်နာခံခဲ့ သူတွေဆို ဘယ်လောက် တောင်များ ထိခိုက် နာကျင်ကြရ မလဲ စိတ်ဓါတ်တွေကျပေမယ့် ပြန်ကြိုးစားမယ် ပြန်အားတင်းမယ် အရာ အားလုံးကောင်းဖို့ ဖြစ်လာတာ ပါလို့ အမြဲတွေးခဲ့ ပေမယ့် အခု တခါတော့မပါဘူး ဘယ်တော့မှ မမေ့ဘူး..” ဆိုပြီး မြတ်သူသူ ကစိတ်မကောင်းစွာ နဲ့ ရင်ဖွင့်လည်းတာပဲ ဖြစ်ပါတယ်နော်..။သူမကိုချစ်တဲ့ ပရိတ်သတ်တွေ ကလည်း အသန်းလေး ကို စိတ်မကောင်း ဖြစ်နေ ကြသလို အားပေးစကားတွေပြောထားတာကို လည်းတွေ့ပါ သေးတယ်နော်…။ဖတ်ရှု ပေးတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်..။

Source : Myat Thu Thu – မြတ်သူသူ Facebook Page
Credit ; Celebrity Plarforms

ZAWGYI




