



unicode

ချစ်ပရိသတ်ကြီးရေ မမြတ်လေ းလို့ အားလုံးက ချစ်စနိုးခေါ် ကြတဲ့ သရုပ်ဆောင် မင်းသမီး ချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြော အဆိုလေးတွေနဲ့ ဟန်ဆောင် မှုကင်းတဲ့ နေထိုင် ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပို ရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင် မှုရှိတဲ့ ပါးချိုင့်လေး ဟာလည်း ပရိသတ်တွေကို ကြွေစေခဲ့တာ အမှန်ပါပဲ။

ကျစ်လစ် သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထား တာကြောင့် မမြတ်လေးက ဘာဝတ်ဝတ် အမြဲထင်ပေါ်လှပနေတာလည်း ဖြစ်ပါတယ်။သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင် ဆုံးသရုပ်ဆောင်နိုင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ ကိုပါ ရိုက်ကူးခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရ ယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပါပဲနော်။

အမြဲလိုလို မာန်မာန ကင်းပြီး အရှိတိုင်းလူတိုင်းအပေါ်ဖော်ဖော် ရွေရွေ ဆက်ဆံတတ်တာကြောင့်လည်း ပရိသတ် တွေအချစ်ပိုနေရတာပါ။အခုလည်း ပကာသနဘာမှမရှိတဲ့ လမ်းဘေးကထမင်းဝိုင်းလေးမှာပဲ Live လွှင့်ကာ ထမင်းတွေ အားပါးတရ စားပြနေတာဖြစ်ပါတယ်။ ဗီဒီယိုလေး ကြည့်ပြီး အရမ်းချစ်မိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးအတွက် အေးမြတ်သူရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါရစေ။

Source & Photo Credit : Aye Myat Thu Facebook Account