ဇွန်လ (၃၀)ရက် နေ့မှာ တော့ မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် တွေကနေ အကျဉ်းသား ( ၂၀၀၀ ) ကျော်ခန့်ကို လွှတ်ပေးမှာ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖမ်းဆီးခံ ထားရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေက ထောင်ပေါက်ဝ အရှေ့မှာ မနက်ကတည်း က သွားစောင့် နေကြတာ ဖြစ်ပါတယ်။ ညနေ ပိုင်းမှာတော့ မြစ်ကြီးနား ၊ ထားဝယ် ၊ လားရှိုး တို့မှာရှိတဲ့ အကျဉ်းထောင် တွေကနေ ဖမ်းဆီးခံ ပြည်သူတစ်ချို့ လွတ်မြောက် လာခဲ့ပြီ ဖြစ်ပါတယ် ။

လွတ်မြောက် လာမယ့် ပြည်သူတွေထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံထား ရတဲ့ အနုပညာရှင်တွေလည်း ပါဝင် လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားလုံးက စောင့်စားနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူမှု ကွန်ယက်စာမျက်နှာ တွေထက်မှာတော့ သရုပ်ဆောင် ပိုင်တံခွန် လွတ်မြောက်လာပြီ ဆိုပြီး သတင်း အမှားတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်း နဲ့ ပတ်သက်ပြီး ပိုင်တံခွန် ရဲ့ မိသားစုဝင်တစ်ဦးက ပြန်ဖြေရှင်းထားတာလ ည်း တွေ့ရပါတယ်။

ပိုင်တံခွန် ရဲ့ မိသားစုဝင်တစ်ဦး က “အပိုင်ကြီးကို ရေးတင် နေကြတာ မျက်စိ နဲ့ တပ်အပ် မြင်ခဲ့ကြလို့လား? မိသားစု ထက်တောင် ပိုသိနေကြတာ နော် စိတ်တိုနေရတဲ့အထဲ..ဘုမသိ ဘမသိနဲ့ အာမချောင်ကြပါနဲ့ တောင်းပန်ပါတယ်” ဆိုပြီး သတင်းအမှားတွေ မဖြန့်ကြဖို့ ပြောထား တာ ဖြစ်ပါတယ် ။အစ်မဖြစ်သူရဲ့ရေးသားပြောပြချက်အရ သရုပ်ဆောင် ပိုင်တံခွန်က အခုချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိ သေးတာကြောင့် မိသား စုဝင်တွေက ဆက်လက်စောင့်မျှော်နေရဆဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ ပရိသတ်တွေကလည်း ပိုင်တံခွန်အမြန်ဆုံး လွတ်မြောက်စေ ဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

Source-May Chit Thway

ZAWGYI

ဇြန္လ (၃၀)ရက္ ေန႔မွာ ေတာ့ ျမန္မာ တစ္နိုင္ငံလုံးရွိ အက်ဥ္းေထာင္ ေတြကေန အက်ဥ္းသား ( ၂၀၀၀ ) ေက်ာ္ခန႔္ကို လႊတ္ေပးမွာ ျဖစ္ေၾကာင္း သတင္းေတြထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဖမ္းဆီးခံ ထားရတဲ့ ျပည္သူေတြရဲ့ မိသားစုဝင္ေတြက ေထာင္ေပါက္ဝ အေရွ႕မွာ မနက္ကတည္း က သြားေစာင့္ ေနၾကတာ ျဖစ္ပါတယ္။ ညေန ပိုင္းမွာေတာ့ ျမစ္ႀကီးနား ၊ ထားဝယ္ ၊ လားရွိုး တို႔မွာရွိတဲ့ အက်ဥ္းေထာင္ ေတြကေန ဖမ္းဆီးခံ ျပည္သူတစ္ခ်ိဳ႕ လြတ္ေျမာက္ လာခဲ့ၿပီ ျဖစ္ပါတယ္ ။

လြတ္ေျမာက္ လာမယ့္ ျပည္သူေတြထဲမွာ ဖမ္းဆီး ထိန္းသိမ္းခံထား ရတဲ့ အႏုပညာရွင္ေတြလည္း ပါဝင္ လာမယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ အားလုံးက ေစာင့္စားေနၾကတာ ျဖစ္ပါတယ္။ ဒါေပမဲ့ လူမႈ ကြန္ယက္စာမ်က္ႏွာ ေတြထက္မွာေတာ့ သ႐ုပ္ေဆာင္ ပိုင္တံခြန္ လြတ္ေျမာက္လာၿပီ ဆိုၿပီး သတင္း အမွားေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ ဒီသတင္း နဲ႔ ပတ္သက္ၿပီး ပိုင္တံခြန္ ရဲ့ မိသားစုဝင္တစ္ဦးက ျပန္ေျဖရွင္းထားတာလ ည္း ေတြ႕ရပါတယ္။

ပိုင္တံခြန္ ရဲ့ မိသားစုဝင္တစ္ဦး က “အပိုင္ႀကီးကို ေရးတင္ ေနၾကတာ မ်က္စိ နဲ႔ တပ္အပ္ ျမင္ခဲ့ၾကလို႔လား? မိသားစု ထက္ေတာင္ ပိုသိေနၾကတာ ေနာ္ စိတ္တိုေနရတဲ့အထဲ..ဘုမသိ ဘမသိနဲ႔ အာမေခ်ာင္ၾကပါနဲ႔ ေတာင္းပန္ပါတယ္” ဆိုၿပီး သတင္းအမွားေတြ မျဖန႔္ၾကဖို႔ ေျပာထား တာ ျဖစ္ပါတယ္ ။အစ္မျဖစ္သူရဲ့ေရးသားေျပာျပခ်က္အရ သ႐ုပ္ေဆာင္ ပိုင္တံခြန္က အခုခ်ိန္အထိ ျပန္လည္ လြတ္ေျမာက္လာျခင္း မရွိ ေသးတာေၾကာင့္ မိသား စုဝင္ေတြက ဆက္လက္ေစာင့္ေမၽွာ္ေနရဆဲ ျဖစ္ပါတယ္။ ျပည္သူေတြနဲ႔ ပရိသတ္ေတြကလည္း ပိုင္တံခြန္အျမန္ဆုံး လြတ္ေျမာက္ေစ ဖို႔အတြက္ ဆုေတာင္းေနၾကတာ ျဖစ္ပါတယ္။

Source-May Chit Thway