


ဆွမ်း ၁၀ ပွဲ

သစ်သီး ၁၀မျိုး ၁၀ ပွဲ

ရေချမ်း ၁၀ ခွက်

ဆီမီး ၁၀ တိုင်



ဂုဏ်တော် ၉ ပါး ၁၀ ခေါက်

ပဌာန်းအကျဉ်း ၁၀ ခေါက်

လာဘ်ခေါ်ဂါထာ ၁၀ ခေါက်


အရဟံ သိဒ္ဓိ ဘဂဝါ ၁၀ ပတ်




UNICODE

အဆိုတော် R ဇာနည် ကတော့ ဆယ်စုနှစ် ကျော်တိုင်အောင် တေးသီချင်း ပေါင်းများစွာကို သီဆိုခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြန်ဆို တေးများ သီဆိုရာမှာလည်း ပရိသတ်တွေ များစွာရဲ့ အားပေး နားဆင်မှုတွေကို ရရှိထား တာလည်း ဖြစ်ပါတယ်။ ဘာသာရေး လည်း ကိုင်းရှိုင်း လွန်းသူဖြစ်တာကြောင့် ကံကောင်းခြင်းတွေ အမြဲရ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့မိသားစု နဲ့အတူ ကြည်နူးပျော်ရွှင်စရာ ကောင်းတဲ့ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

မနေ့က လည်း နတ်တော်လပြည့် နေ့ဖြစ်တာကြောင့် တစ်မိသားစု လုံး ပန်း ၊ ဆီမီး ရေချမ်း ကပ်ကာ ဘုရားရှိခိုး နေကြတာပဲ ဖြစ်ပါတယ်။ R ဇာနည်ရဲ့ဇနီး ဝမ်း ရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာလည်း ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဘုရားရှိခိုးနေတဲ့မေမေ့ ရဲ့ ပေါင်ပေါ်မှာ မလှုပ်မယှက်ငြိမ်ငြိမ်လေးထိုင်နေတဲ့ R ဇာနည်ရဲ့ သမီးငယ်လေး မစ်မစ်တုန် ရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ သူမကလည်း ” နတ်တော်လပြည့် ဓမ္မစာဆိုနေ့ တွင် သစ်တံခါးဆရာတော် ဘုရား မေတ္တာကိုခံယူပြီး

မြတ်စွာဘုရားနှင့်သံဃာတော်များအားရည်မှန်း၍

ဆွမ်း ၁၀ ပွဲ

သစ်သီး ၁ဝမျိုး ၁၀ ပွဲ

ရေချမ်း ၁၀ ခွက်

ဆီမီး ၁၀ တိုင်

အောင်သပြေ ၁၀ ခက် လှူဒါန်းပါ၏။

ရှစ်ပါးသီလခံယူစောင်တည်ပါပြီး

ဂုဏ်တော် ၉ ပါး ၁၀ ခေါက်

ပဌာန်းအကျဉ်း ၁၀ ခေါက်

လာဘ်ခေါ်ဂါထာ ၁၀ ခေါက်

ဆယ်တော်မူ ဂါထာ ၁၀ ခေါက်

အရဟံ သိဒ္ဓိ ဘဂဝါ ၁၀ ပတ်

မေတ္တာပို့ အမျှေဝေ သစ္စာပြု ဆုတောင်း

ဤကောင်းမှုကြောင့် ခုနှစ်ရက်သားသမီးများနှင့်ရာဟုသားသမီးများအားလုံး အေးချမ်းကြပါစေ ပန်းစေတီ၊ ပန်းလမ်း၊ ရေလမ်း၊ ဆီမီးလမ်း လှူဒန်းပူဇော်ပါ၏ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd- Zarni Myo Nyunt’s and MyatThinzar KyawOnee’s Facebook Account