သ႐ုပ္ေဆာင္ မင္းသမီး ေခ်ာေလး သက္မြန္ျမင့္ ကေတာ့ အခုလို ကိုဗစ္ ေရာဂါေတြေၾကာင့္ အႏုပညာ လႈပ္ရွားမႈ အားလပ္ခ်ိန္ ေတြမွာ ဘုရား တရား ကို တစိုက္မတ္မတ္ လုပ္ကိုင္ ေနတာျဖစ္ပါတယ္။ သက္မြန္က သူမရဲ့ သားသမီး ေတြကိုလည္း အခုလို ကေလး ဘဝကတည္းက ဘုရား တရားကိုင္းရွိုင္း ေစတာလည္း ျဖစ္ပါတယ္။ သူမရဲ့ အငယ္ဆုံး သမီးေလး ကလည္း သက္မြန္ နဲ႔ အတူ တရားထိုင္ေလ့ ရွိတာကေတာ့ ပရိသတ္ ေတြကို အခ်စ္ပို မိေစမွာပါ။

သက္မြန္က မၾကာ ေသးတဲ့ နာရီပိုင္း အခ်ိန္ေလာက္က သူမရဲ့ လူမႈ ကြန္ယက္ ေဖ့ဘြတ္ အေကာင့္မွာ သမီးေလး နဲ႔ အတူ တရားထိုင္ ေနတဲ့ ပုံေလး ေတြကို ေဝမၽွလာတာ ျဖစ္ပါတယ္။ ပုံေလးေတြ အျပင္ ” တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလိုေပါ့…၉ ရက္ တရား စခန္း( အိမ္ကေန zoomနဲ႔) ဝင္ေတာ့ သူလိုက္ထိုင္တာ.. သက္မြန္ ကိုယ္တိုင္ လည္း ေမေမက ဘုရား တရား အရမ္း လုပ္ေတာ့ ကိုယ္ပါ စိတ္ႏွစ္ၿပီး လုပ္ျဖစ္တယ္.. ကေလး ဘဝထဲက ေမေမ ပုတီး စိပ္ရင္ စိတ္ဝင္တစား ၾကည့္ၿပီး ေမေမ သင္ေပးတာ လိုက္ လုပ္တာ..အႏုပညာ အလုပ္စ လုပ္ေတာ့လည္း ဘုရားမွ တပါး အားကိုးရာ မရွိခဲ့ ေတာ့ ပိုလုပ္ျဖစ္တယ္..

ခု အလုပ္ မလုပ္ရ ေတာ့ အိမ္မွာ ေနရတဲ့ ခ်ိန္ အိမ္ကေန တရား စခန္းဝင္လို႔ ရတယ္ဆိုေတာ့ ဝင္ျဖစ္တယ္… ဆရာ ေကသာဦး ရဲ့ သဲအင္းဂူ “ေသနည္းသင္”ဆိုေတာ့ ပို စိတ္ဝင္ စားသြားတာ.. ေသမလို ျဖစ္တုန္းက စိတ္ ေတြေယာက္ ယက္ခတ္ခဲ့တာကိုး.. ေဝဒနာ နဲ႔ စိတ္ကို ဘယ္မွာ အာ႐ုံျပဳ ရမလဲဆိုတာ သိခ်င္ေနခဲ့တာ.. ခုေတာ့ သိၿပီ.. ကိုယ္ ဆက္ၿပီး က်င့္ႀကံ သြားဖို႔ပဲ လိုေတာ့တယ္. က်င့္သား မရရင္ ေယာက္ယက္ က ခတ္ဦးမွာပဲ ” ဆိုၿပီး ေရးသား လာတာပါ။ သက္မြန္နဲ႔ ႐ုပ္ဆင္႐ုံသာမကပဲ စိတ္ဓာတ္ေလးပါ တူေနတဲ့ သမီးငယ္ေလး နဲ႔ အတူ ပုံေလး ေတြကို ပရိသတ္ေတြထံ ျပန္လည္ တင္ဆက္ ေပးပါတယ္ေနာ္။

သတင္းအရင္းျမစ္: Source – Thet Mon Myint’s Facebook Page
Credit – Myanmarload

UNICODE

သရုပ်ဆောင် မင်းသမီး ချောလေး သက်မွန်မြင့် ကတော့ အခုလို ကိုဗစ် ရောဂါတွေကြောင့် အနုပညာ လှုပ်ရှားမှု အားလပ်ချိန် တွေမှာ ဘုရား တရား ကို တစိုက်မတ်မတ် လုပ်ကိုင် နေတာဖြစ်ပါတယ်။ သက်မွန်က သူမရဲ့ သားသမီး တွေကိုလည်း အခုလို ကလေး ဘဝကတည်းက ဘုရား တရားကိုင်းရှိုင်း စေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အငယ်ဆုံး သမီးလေး ကလည်း သက်မွန် နဲ့ အတူ တရားထိုင်လေ့ ရှိတာကတော့ ပရိသတ် တွေကို အချစ်ပို မိစေမှာပါ။

သက်မွန်က မကြာ သေးတဲ့ နာရီပိုင်း အချိန်လောက်က သူမရဲ့ လူမှု ကွန်ယက် ဖေ့ဘွတ် အကောင့်မှာ သမီးလေး နဲ့ အတူ တရားထိုင် နေတဲ့ ပုံလေး တွေကို ဝေမျှလာတာ ဖြစ်ပါတယ်။ ပုံလေးတွေ အပြင် ” တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလိုပေါ့…၉ ရက် တရား စခန်း( အိမ်ကနေ zoomနဲ့) ဝင်တော့ သူလိုက်ထိုင်တာ.. သက်မွန် ကိုယ်တိုင် လည်း မေမေက ဘုရား တရား အရမ်း လုပ်တော့ ကိုယ်ပါ စိတ်နှစ်ပြီး လုပ်ဖြစ်တယ်.. ကလေး ဘဝထဲက မေမေ ပုတီး စိပ်ရင် စိတ်ဝင်တစား ကြည့်ပြီး မေမေ သင်ပေးတာ လိုက် လုပ်တာ..အနုပညာ အလုပ်စ လုပ်တော့လည်း ဘုရားမှ တပါး အားကိုးရာ မရှိခဲ့ တော့ ပိုလုပ်ဖြစ်တယ်..

ခု အလုပ် မလုပ်ရ တော့ အိမ်မှာ နေရတဲ့ ချိန် အိမ်ကနေ တရား စခန်းဝင်လို့ ရတယ်ဆိုတော့ ဝင်ဖြစ်တယ်… ဆရာ ကေသာဦး ရဲ့ သဲအင်းဂူ “သေနည်းသင်”ဆိုတော့ ပို စိတ်ဝင် စားသွားတာ.. သေမလို ဖြစ်တုန်းက စိတ် တွေယောက် ယက်ခတ်ခဲ့တာကိုး.. ဝေဒနာ နဲ့ စိတ်ကို ဘယ်မှာ အာရုံပြု ရမလဲဆိုတာ သိချင်နေခဲ့တာ.. ခုတော့ သိပြီ.. ကိုယ် ဆက်ပြီး ကျင့်ကြံ သွားဖို့ပဲ လိုတော့တယ်. ကျင့်သား မရရင် ယောက်ယက် က ခတ်ဦးမှာပဲ ” ဆိုပြီး ရေးသား လာတာပါ။ သက်မွန်နဲ့ ရုပ်ဆင်ရုံသာမကပဲ စိတ်ဓာတ်လေးပါ တူနေတဲ့ သမီးငယ်လေး နဲ့ အတူ ပုံလေး တွေကို ပရိသတ်တွေထံ ပြန်လည် တင်ဆက် ပေးပါတယ်နော်။

သတင်းအရင်းမြစ်: Source – Thet Mon Myint’s Facebook Page
Credit – Myanmarload