



UNICODE

ပရိသတ်ကြီး ရေ သရုပ်ဆောင် ပန်းဖြူကတော့ တစ်ခေတ် တစ်ခါကတည်းက အနုပညာ အလုပ်တွေကို တစိုက် မက်မက်လုပ်ဆောင် လာခဲ့တာဖြစ်ပါတယ်။ပန်းဖြူက တစ်ခေတ် မှာဆိုရင် အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး အနုပညာ လောကမှာ ရေပန်းစားခဲ့တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ပန်းဖြူက တစ်ခေတ် တစ်ချိန်မှာ ဆိုရင် ကြော်ငြာတွေ လည်းရိုက်ကူးပြီး ရုပ်ရှင် ဇာတ်ကားတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ လို့ အကယ်ဒမီဆုတောင် ရရှိခဲ့ပါတယ်နော်။

ပန်းဖြူက အိမ်ထောင် ကျသွားပြီး နောက်ပိုင်းမှာ အနုပညာအလုပ် တွေနဲ့ တဖြည်းဖြည်းအလှမ်းဝေးကွာနေတာ ဖြစ်ပါတယ်။ပန်းဖြူက သူမကို အရမ်းချစ်တဲ့ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားတာကြောင့် စိတ်ချမ်းသာလွန်း လို့ ခန္ဓာကိုယ်လေး ဝဖြိုးပြီးနုပျိုလှပနေတာ ဖြစ်ပါတယ်နော်။ပန်းဖြူ ကတော့ အခုချိန်မှာဆိုရင် သာယာလှပတဲ့ ဘဝလေးမှာ အေးအေး ချမ်းချမ်းနေထိုင်နေပြီး ချစ်ခင်ပွန်း နဲ့ အတူ နှစ်ယောက်တစ်ဘဝကို လျှောက်လှမ်းနေတာဖြစ်ပါတယ်။

ပန်းဖြူ ကတော့ အခုအရွယ် ထိလည်း လှပ နုပျိုနေပြီး အပျို တုန်းကလိုရုပ်ရည်လေးကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ပန်းဖြူ ရဲ့ ချစ်ခင်ပွန်းက”Gym သွားဖို့ဆို ဘယ်လို မှခေါ်မရပေမယ့် ဘူဖေး စားဖို့လည်း ဆိုရော အလှတွေပြင်ပြီး လိုက်ချလာသော ကျွန်တော့မိန်းမ”ဆိုပြီး ချစ်ဇနီးလေးကို စနောက်ထားတာဖြစ်ပါတယ်။ပန်းဖြူ ကလည်း အစားအသောက် အရမ်းကြိုက်နှစ်သက်တဲ့သူ ‌ဖြစ်လို့ ချစ်ခင်ပွန်း နဲ့ အတူ အပြင်မှာအမြဲလိုလို ထွက်စားဖြစ်တာ မှလို့ သူမတို့ရဲ့ပုံရိပ်လေးကို ပြန်လည် မျှဝေပေးလိုက် ပါတယ်နော်။

Source&Photo Credit:Steve Batu&Pan Myat Phyu’s Facebook Account