



unicode

ချစ်ပရိသတ်ကြီးရေ…..တေးသံရှင် အဲလက်စ် ကတော့ တစ်ခေတ် တစ်ခါက အရမ်းကို အောင်မြင် ာ်ကြားခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး အခုလက်ရှိ အချိန်ထိလည်း သူရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ လူကြိုက်များ ရေပန်းစား နေတုန်းပဲ ဖြစ်ပါတယ်။အဲလက်စ် ကတော့ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကာ အမွှာသား တစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး သားသမီး နှစ်ယောက်လုံးကတော့ ဆယ်ကျော်သက် အရွယ်တွေကိုရောက်နေကြတာ ဖြစ်ပါတယ်နော်…….။

သမီးလေး Dora ကလည်း နိုင်ငံရပ်ခြားမှာ ကျောင်းတတ်တာ ဖြစ်ပြီး အဖေရဲ့ အနုပညာသွေးအပြည့် ပါတာကြောင့် သီချင်းတွေကိုလည်း သီဆိုကာ ပရိသတ်တွေ အခိုင်အမာရရှိထားတာ ပဲဖြစ်ပါတယ်။အဲလက်စ်တို့ မိသားစုလေးကတော့ ချစ်စရာ ကောင်းပြီး စည်းစည်းလုံးလုံးနဲ့ ချစ်ခင်ကြတာလည်း တွေ့ရပါတယ်နော်…..။လတ်တလောမှာတော့ အဲလက်စ်က အနုပညာ အလုပ် တွေကို ဆက်လက် လုပ်ဆောင်ကာ သူဝါသနာပါတဲ့ သီချင်းတွေကို သီဆိုကာ မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ပဲဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ Dora က Social Networt ထက်တွင် မိဘတွေ ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေး ဖြစ်တာကြောင့် သားအဖနှစ်ယောက် စနောက်ကာ အခွီလေး လုပ်ပြီး ပျော်ရွှင်နေကြတဲ့ ဗီဒီယိုလေးကို မျှဝေပေးလာတာ ဖြစ်ပါတယ်။အဲလက်စ် တို့မိသားစုရဲ့ ချစ်ပရိသတ်တွေကလည်း ဗီဒီယိုလေးကို ကြည့်ပြီး ချစ်ခင်အားပေး သဘောကျ နှစ်ခြိုက်ကြမှာမို့ ပြန်လည် တင်ဆက်ပေး လိုက်ပါတယ်။အပျော်လေးတွေ ကူးစက်တယ်ဆို တစ်ခုခုပြောခဲ့ပေးဦးနော်………။

Photo Credit -Dora Alex FB Account