မြန်မာ့ နွေဦးတော်လှန်ရေး မှာ အစွမ်းကုန် ကြိုးစား ပါဝင်ခဲ့တဲ့ ဟန်နာယူရီ ကတော့ လက်ရှိ မှာ ကိုရီးယားနိုင်ငံ ကို ရောက် ရှိနေတာ ဖြစ်ပြီး ကိုယ့်နိုင်ငံ အတွက် Speak out တွေအများကြီး လုပ်ပေး နေသူပဲ ဖြစ်ပါတယ်။မြန်မာ့ အရေးနဲ့ ပက်သက် ပြီးတော့လည်း သတင်းအမှန် တွေကို အင်တာဗျူး ဖြေပေး ကာ ကမ္ဘာက သိအောင် ချပြ ပေးနေ တာ ဖြစ်ပါတယ်။သူမ က လူအားရော ၊ ငွေအားပါ တတ်နိုင် သလောက် ပါဝင် ကူညီ အားဖြည့် ပေးနေတာကို လည်း တွေ့ရပါတယ်။သူမကို ဝေဖန် တိုက်ခိုက် တဲ့ သူတွေ ရှိနေ ပေမယ့်လည်း ရှေ့ဆက် ပြီး အမှန် တရားဘက် ကနေ ရပ်တည် ဆောင်ရွက် နေဆဲ ဖြစ်ပါတယ်။

အခု ဆိုရင်တော့ သူမ ကို အလုပ် ကမ်းလှမ်း တဲ့ သူရှိတာ ကြောင့် မင်းတပ် ကိုလှူ ခွင့်ရတော့မှာမို့ ဝမ်းသာပီတီ ဖြစ်နေ တာကို ပြောပြ ပေးလာတာ ဖြစ်ပါတယ်။”ကျွန်မက ကျွန်မအရင်ကအလုပ်တွေ ဆို အရမ်းချီး များပါတယ် ကျွန်မmanagers တွေ ကလည်း အရမ်းစစ် ပေးတာ တော်ရုံ မလုပ်ပါဘူး အဆင် ပြေ မှ လုပ်ဖြစ်တာပါ။ အခုအခြေအနေမှာincome လည်းမရှိဘူး။ အခုဒီmedia ကို မင်းတပ်ကို အရမ်း လှူချင်လို့ ၁၀၀၀၀၀ လည်း 100000 အလိုက် သွား ရိုက်ကူး ရေးသွားလုပ်ပါမယ် wall ပေါ်တစ်ရက် မပျက် speak outလုပ်ခဲ့တာ ရက်100ကျော်ပြီ ဒီထက်ပိုကူညီပေးချင်တယ် မလုပ်ပေးနိုင်တာ ကိုပို အရမ်းစိတ်အား ငယ်ပါတယ်”

ကျွန်မရဲ့SNS တွေမှာ ကိုးရီးယာ လူမျိုး followers တွေထောင်ချီ တက်နေပါတယ် မြန်မာကို ဘယ်လိုထိရောက်အောင် ကူညီမလဲ donations လုပ်ပေးဖို့ တိုက်တွန်းနေပါတယ်။Korea မှာအခြေခံအလုပ်သမား တွေတောင်တစ်လ ဝမ် 2.8 သန်း ရပါတယ်။ကျွန်မ တို့ကို လှူဖို့ ၁ သိန်း /၃သိန်းလောက်က သူတို့အတွက်တစ်ခါအပြင်ထွက် စားလောက်ပါပဲ။ဒါကြောင့်ညိုးငယ်စွာပဲ Korea ပြည်သူတွေမြန်မာကို ပိုက်ဆံနည်းနည်းလှူပေးဖို့ တောင်းနေပါတယ် Media တွေ YouTube channel တွေအများကြီး က ဆက်သွယ်လာပေမဲ့ ကျွန်မကို အခကြေးငွေ မပေးကြပါဘူး။ ဖြေပေးရင် မြန်မာကို ဘယ်လောက် လှူပေးမလဲညှိပေမဲ့ အချို့ကမပေးချင်တဲ့အတွက် ကျွန်မတို့ရဲ့ မတရားမှုတွေကို သာချပြဖို့ အခမဲ့သွားဖြေခဲ့ပါတယ်။

Korea life ကအရမ်း ခက်ခဲပါတယ် အစစ အရာရာ အရမ်းဈေး များပါတယ်။ ကျွန်မကိုယ် ကျွန်မတောင် မနည်းရုန်းနေရတာပါ 🥺 အခုအခက်ခဲတွေကြားထဲကဒီရောက်လာပြီး ပထမဆုံး ပိုက်ဆံရတော့မှာ မင်းတပ် ကို လှူလို့ ရတော့မှာကိုဝမ်းသာလွန်းလို့ပါ ပြောပြတာပါ တစ်နာရီခွဲ လောက်ကြာမယ်တဲ့ပြောပါတယ်🙏အခုချိန်မှာ ဒီလိုဖြစ်တည်မှုတွေနှိမ့်ချပြီး နေနေရပေမဲ့ တော်လှန်ရေး အောင်မြင်ချိန်ကျအလုပ်တွေ အများကြီး ကို အရင်လို ဝံ့ကြွားစွာ ပြန်လုပ်မယ် ပိုအောင်မြင်အောင်ကြိုးစားဖို့ ကိုယ့်ကိုယုံကြည်ပါတယ်။

တော်လှန်ရေးအောင်မြင်တဲ့ထိကျန်းကျန်းမာမာဘေးကင်းပြီး ကျွန်မနဲ့အတူတူရှိပေးပါနော်😀🙏”ဆိုပြီး သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် ရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။သူများနိုင်ငံကနေ အခုလိုကိုယ့်တိုင်းပြည် အကျိုးအတွက် အလုပ်ကနေဘယ် လောက်ပဲရရ လက်ခံပြီး အလှူပြုပေးမှာမို့ ယိင်းကို ပရိသတ်တွေက ကျေးဇူးတင်ပြီး ဆုတောင်းစကားတွေ ပြောပေးနေကြတာကို တွေ့ရပါတယ်။ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေတဲ့ ယိင်းကို အားလုံးကချစ်ခင် လေးစားနေကြတာ ပဲဖြစ်ပါတယ်နော်……။

Crd……..