လူရွှင်တော် တိုင်းကျော် ကတော့ ပြည်သူချစ် သရုပ်ဆောင် တစ်ဦး ဖြစ်သလို ဟားငါးကောင် အဖွဲ့ ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ် ။ တိုင်းကျော် က လူထုလှုပ်ရှားမှု တွေ စတင် ပြုလုပ်တဲ့ အချိန်က တည်းက လမ်းပေါ် ထွက်ပြီး တစ်တပ် တစ်အား ပါဝင် အားဖြည့် ခဲ့သူ ဖြစ်ပါတယ် ။ လက်ရှိမှာ ဆိုရင်လည်း တိုင်းကျော်က ပြည်သူတွေ အတွက် စိတ်ခွန် အားဖြစ် စေမယ့် ဗီဒီယို လေးတွေ ဖန်တီး ရိုက်ကူးပြီး လူမှု ကွန်ယက် စာမျက်နှာက တစ်ဆင့် မျှဝေ ပေးနေတာ ဖြစ်ပါတယ်။

အမှန် တရား ဘက် ကနေ ရဲရဲ ဝင့်ဝင့် ရပ်တည် ခဲ့တဲ့ လူရွှင်တော် တိုင်းကျော် က အခုလည်း သူ့ရဲ့ Facebook Account မှာ ဓာတ်ပုံ တစ်ချို့ ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ တိုင်းကျော်က “အရေးတော်ပုံ အောင်ရမည်” ဆိုပြီး တောထဲ တောင်ထဲ ကို ရောက်ရှိနေတဲ့ ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ် ။ လက်သုံးချောင်းထောင်ပြီး သူ့ရဲ့ ရင်တွင်း ဆန္ဒအမှန် ကို ဖော်ထုတ် ပြသနေတဲ့ တိုင်းကျော် က ရောက်ရာ နေရာ ကနေ တာဝန် ကျေပွန် ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ် ။

ဓာတ်ပုံ ထဲမှာ တော့ တိုင်းကျော်က တောတွင်း တစ်နေရာကို ရောက် ရှိနေတာဖြစ်ပြီး နေထိုင်ဖို့အတွက် အိမ်ဆောက်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ပြည်သူတွေကတော့ ရဲရင့်တဲ့ စိတ်ဓာတ် အပြည့်ရှိတဲ့ လူရွှင်တော် တိုင်းကျော် ကို လေးစား ချီးကျူးနေ ကြပြီး ဘေးကင်း စေဖို့အတွက် လည်း ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တိုင်းကျော်က သူ့အတွက် စိုးရိမ် နေတဲ့ ပရိသတ်တွေ ကို စိတ်မပူဖို့ ပြောပြီး သူ့အနေနဲ့ ဘေးကင်းလုံခြုံကြောင်း ပြောပြခဲ့သေး တာပဲ ဖြစ် ပါတယ် ။

Credit

ZAWGYI

လူရႊင္ေတာ္ တိုင္းေက်ာ္ ကေတာ့ ျပည္သူခ်စ္ သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္သလို ဟားငါးေကာင္ အဖြဲ႕ ရဲ့ အဖြဲ႕ဝင္ တစ္ဦးလည္း ျဖစ္ပါတယ္ ။ တိုင္းေက်ာ္ က လူထုလႈပ္ရွားမႈ ေတြ စတင္ ျပဳလုပ္တဲ့ အခ်ိန္က တည္းက လမ္းေပၚ ထြက္ၿပီး တစ္တပ္ တစ္အား ပါဝင္ အားျဖည့္ ခဲ့သူ ျဖစ္ပါတယ္ ။ လက္ရွိမွာ ဆိုရင္လည္း တိုင္းေက်ာ္က ျပည္သူေတြ အတြက္ စိတ္ခြန္ အားျဖစ္ ေစမယ့္ ဗီဒီယို ေလးေတြ ဖန္တီး ရိုက္ကူးၿပီး လူမႈ ကြန္ယက္ စာမ်က္ႏွာက တစ္ဆင့္ မၽွေဝ ေပးေနတာ ျဖစ္ပါတယ္။

အမွန္ တရား ဘက္ ကေန ရဲရဲ ဝင့္ဝင့္ ရပ္တည္ ခဲ့တဲ့ လူရႊင္ေတာ္ တိုင္းေက်ာ္ က အခုလည္း သူ႔ရဲ့ Facebook Account မွာ ဓာတ္ပုံ တစ္ခ်ိဳ႕ ကို မၽွေဝခဲ့တာ ျဖစ္ပါတယ္ ။ တိုင္းေက်ာ္က “အေရးေတာ္ပုံ ေအာင္ရမည္” ဆိုၿပီး ေတာထဲ ေတာင္ထဲ ကို ေရာက္ရွိေနတဲ့ ပုံရိပ္ေတြကို တင္ထားတာ ျဖစ္ပါတယ္ ။ လက္သုံးေခ်ာင္းေထာင္ၿပီး သူ႔ရဲ့ ရင္တြင္း ဆႏၵအမွန္ ကို ေဖာ္ထုတ္ ျပသေနတဲ့ တိုင္းေက်ာ္ က ေရာက္ရာ ေနရာ ကေန တာဝန္ ေက်ပြန္ ေၾကာင္း ျပသခဲ့တာ ျဖစ္ပါတယ္ ။

ဓာတ္ပုံ ထဲမွာ ေတာ့ တိုင္းေက်ာ္က ေတာတြင္း တစ္ေနရာကို ေရာက္ ရွိေနတာျဖစ္ၿပီး ေနထိုင္ဖို႔အတြက္ အိမ္ေဆာက္ေနတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္ ။ ျပည္သူေတြကေတာ့ ရဲရင့္တဲ့ စိတ္ဓာတ္ အျပည့္ရွိတဲ့ လူရႊင္ေတာ္ တိုင္းေက်ာ္ ကို ေလးစား ခ်ီးက်ဴးေန ၾကၿပီး ေဘးကင္း ေစဖို႔အတြက္ လည္း ဆုေတာင္းေပးေနၾကတာ ျဖစ္ပါတယ္ ။ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း တိုင္းေက်ာ္က သူ႔အတြက္ စိုးရိမ္ ေနတဲ့ ပရိသတ္ေတြ ကို စိတ္မပူဖို႔ ေျပာၿပီး သူ႔အေနနဲ႔ ေဘးကင္းလုံျခဳံေၾကာင္း ေျပာျပခဲ့ေသး တာပဲ ျဖစ္ ပါတယ္ ။

Credit