


Happy – Cele Zone
Photo – Moe Hay Ko

UNICODE

အနုပညာ လမ်းကြောင်းပေါ်မှာ လည်း နေရာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရထားသလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေမှာလည်း အောင်မြင်မှု ရရှိနေတဲ့ မိုးဟာ ဘယ်အချိန်ကြည့်ကြည့် ရင်ခုန် စိတ်လှုပ်ရှားစရာ ဆွဲဆောင်မှုတွေအပြည့်ပါပဲ။ ဒီဇင်ဘာ ရောက်လာပြီဆိုတာ နဲ့ ဆောင်း ရဲ့ အငွေ့အသက်တွေကိုအားလုံးကခံစားမိကြမှာပါ။

မိုး ကလည်း ဆောင်းမင်းသမီးလေး အဖြစ်နဲ့ ဆောင်းရာသီ ဖက်ရှင်ကို ကျကျနန ဆင်မြန်းကာ အားလုံးရဲ့စိတ်အာရုံတွေကို ဖမ်းစား လိုက်နိုင်ပြန်ပါပြီ။ မိဘတွေကို သိတတ်လွန်းတဲ့ သမီး လိမ္မာလေး ဖြစ်တာမို့ သူမကို လည်းပရိသတ်တွေက ချစ်ခင် အားပေးကြ ပါတယ်။ အပင် စိုက်တာ ဝါသနာ ပါသူမို့ ခြံထဲမှာအပင်တွေစိုက်တဲ့အပြင် အိမ်ထဲမှာပါ ( Indoor Plant ) လေးတွေ စိုက်ထားပါသေး တယ်။

ကိုယ်ပိုင် စီးပွားရေးတွေ ကို မိန်းမသားတစ်ယောက်တည်း ရဲ့ ခွန်အား နဲ့ ဦးစီးနိုင်တဲ့အပြင် အရာရာတိုင်း ကို ထောင့်စေ့ အောင် လုပ်ကိုင်နိုင်တဲ့ မိုးရဲ့အရည်အချင်း ကတော့ အံ့မခန်းပါပဲ။ ဆောင်းတွင်း ရဲ့ အအေးဓာတ် နဲ့ လိုက်ဖက်လွန်းတဲ့ မိုး ရဲ့ ဆောင်းတွင်းဖက်ရှင် ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Moe Hay Ko