



unicode

ပရိသတ်ကြီးရေ အကယ်ဒမီ ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့ကတော့ ညီအစ်မအရင် းတွေလိုခင်မင်ရင်းနှီးကြတာဖြစ်ပါတယ်။ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့က ခင်ကြတာနှစ်မကြာသေးပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမ နဲ့ကူညီပေးကြတာဖြစ်ပါတယ်။သဇင်ထူးမြင့် ကလည်း ဖေဖေခင်လှိုင်ဆီက အနုပညာသွေးတွေစီးဆင်းနေတာကြောင့် အနုပညာမှ ာပါရမီပါလာပြီး လတ်တလောမှာဆိုရင် ဇာတ်ကားတွေ၊ကြော်ငြာတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။

ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့နှစ်ယောက်က အနုပညာအလုပ် တွေလည်း အတူတူတွဲလုပ်ကြပြီး အကြံဉာဏ်တွေကို အပြန်အလှန်ဖလှယ်ကြတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင် ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့က အောင်မင်းခန့်၊ စည်သူဝင်းတို့နဲ့အတူ Double Datingအစီအစဉ်လေး မှာ ပါဝင်နေကြတာပဲဖြစ်ပါတယ်။ယွန်းယွန်းတို့လေးယောက်လုံးက တကယ့်မောင်နှမအရင်းတွေလိုမျိုး ချစ်ခင်ကြပြီး အလုပ်ကိုလည်း ကြိုးကြိုးစားစားလုပ်ဆောင်ကြတာဖြစ်ပါတယ်။

ယွန်းယွန်းနဲ့အောင်မင်းခန့်ကတစ်တွဲ၊သဇင်ထူးမြင့် နဲ့စည်သူဝင်းတို့က တစ်တွဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေ ကိုအခိုင်အမာရရှိထားတာဖြစ်ပါတယ်။Double Datingအစီအစဉ်ထဲမှာဆိုရင် ယွန်းယွန်းနဲ့အောင်မင်းခန့်တို့က အရမ်းရိုကြသလို သဇင်ထူးမြင့် နဲ့စည်သူဝင်းတို့ကလည်း ကြည်ကြည်နူးနူးရှိကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ယွန်းယွန်းတို့က ကားပေါ်မှာ သီချင်းဆိုပြီး ပျော်ပျော်ပါးပါးကပြနေတဲ့ အောင်မင်းခန့်ကို အပီအပြင်ခွီနေကြလို့ သူတို့ရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Video Credit:Yoon Yoon’s FB acc myday