




unicode

ပရိသတ်ကြီးရေ……အဆို ဘက်မှာရော သရုပ်ဆောင်ဘက် မှာရော ဆရာတစ်ဆူ လို့တင်စားရလောက်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့တူမလေးဖြစ်တဲ့ အဆိုတော် Gဟာလည်း The Voice Myanmar ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့ပြီး တမူထူးခြားတဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့တာလည်း ဖြစ်ပါတယ်……။Gဟာ ပရဟိတအလုပ်တွေမှာဆိုရင်လည်း လက်ဖျား‌ခါရလောက်အောင်ကို အားတက်သရောကူညီလုပ်ဆောင်နေတာလည်းဖြစ်ပြီး သူဌေးသမီးတစ်ယောက်လိုမဟုတ်ပဲ ပွင့်လင်းစွာနေထိုင်တတ်တဲ့သူလေးပါနော်။


Gဟာ အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ မျိုးဆက်လေးဖြစ်ပေမယ့်လည်း လတ်တလော ကြုံတွေ့နေရတဲ့ Covid-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တတ်နိုင်သရွေ့ကိုယ်တိုင်ပါဝင်လုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။ Gဟာ ပရဟိတအလုပ်တွေလုပ်ကိုင် နေသလို တစ်ဖက် မှာလည်း အနုပညာအလုပ်တွေနဲ့ Live salesရောင်းချ‌မှုတွေပြုလုပ်နေတာဖြစ်တဲ့အပြင် အခုဆိုရင်လည်းကြော်ငြာရိုက်ကူးမှုလေးပြုလုပ်နေတာဖြစ်ပါတယ်။

မကြာသေးမီက Gဟာ သူမရဲ့ Facebook စာမျက်နှာလေးမှာ “ကြော်ငြာရိုက်ကူးမှုအတွက် ပုံရိပ်လေးတွေကို ညီမရဲ့ ပထမဆုံး TVC လေးထွက်ရင် အားပေးကြမလား?ကိုယ်တိုင်ဖန်တီး ထားတဲ့ DIY Cake လှလှလေးနဲ့ Valentine’s Day မှာချစ်ရသူကို Suprise လုပ်ပေးချင်တဲ့SP Bakery Bakery ကနေ မှာလို့ရတယ်နော်….” ဆိုပြီးရေးသားကာ မင်းသွေးခန့်နဲ့အတူ ရိုဆန်ဆန် ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: G Vocals’s Facebook page