

unicode

ကျွန်မသည် စစ်တပ်မိသားစု background မှ ကြီးပြင်းလာသူ ဖြစ်ပါသည်။သို့ရာတွင် ယခုပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုသည့် နိုင်ငံတော်ပုန်ကန်မှု တွင် ပါဝင်ပတ်သတ် ထောက်ခံမှုပြုသော မည်သူတဦးတယောက်ကိုမဆို ပြောချင်ပါသည်။ကျွန်မ သည်နိုင်ငံသားတစ်ဦး၏ရပိုင်ခွင့်ဖြင့်မဲပေးထားသော ၂၀၂၀ ရွေးကောက်ပွဲတွင် မျှမျှတတ ဖြင့်အနိုင်ရရှိခဲ့သောမိမိတို့ ခေါင်းဆောင်နှင့်အစိုးရအဖွဲ့ကိုသာ လက်ခံပါမည်။

-ကျွန်မသည် အစိုးရဝန်ထမ်းတဦးမဟုတ်သော်လည်း Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့ဝန်ထမ်း အင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်များ၊ ပြည်သူ့ဝန်ထမ်း ဆရာ/ဆရာမများ နှင့် အနယ်နယ် အရပ်ရပ်မှ အခြား‌သောဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်။