တစ်ချိန်ကရုပ်ရှင် နဲ့ဗွီဒီယိုလောကမှာ လျှမ်းလျှမ်းတောက်အောင် မြင်ကျော်ကြားမှူတွေ ရရှိခဲ့တဲ့ဝါရင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေထက် ပရဟိတ အလုပ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိပါတယ်။ယခုအချိန်ကာလမှာ စီးပွားရေးကြပ်တည်းပြီး အဆင်မပြေသူတွေကို မမိကိုယ်တိုင်တတ်နိုင်သ၍ လှူဒါန်းသလို အလှူရှင်များနဲ့လည်း ချိတ်ဆက်ကာ ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ယခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူများကိုလည်း အခြေခံစားသောက်ကုန်တွေကို သွားရောက် ကူညီလှူဒါန်းပေးခဲ့တာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီလို အရာရာ ခက်ခဲနေတဲ့ ကာလတွေမှာတောင် အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို ခေါ်ယူမွေးစားခဲ့ပါတယ် ။ပြီးခဲ့တဲ့ရက်က ရုတ်တရက် မိခင်ဖြစ်သူ ဆုံးပါးခဲ့၍ ကျန်ရစ်သူ ၆လအရွယ်ကလေးကို ခေါ်ယူမွေးစားခဲ့ပါတယ်။

ကျန်ရစ်သူ ၆ လအရွယ်ကလေးရဲ့ သနားစရာ အပြည့်နဲ့ ဘဝအကြောင်းလေးကို ယခုလို ပြောပြာလာခဲ့ပါတယ်”ကောင်းရာမွန်ရာကို သွားပါတော့ ရှင်..အမှု ရုံးချိန်းလဲ ပီးပြတ်ပြီး သမီးလေးက်ိုလဲ ကျမတို့ ဂေဟာ ရဲ့ မိသားစုဝင် အဖြစ် သတ်မှတ်လို့ အပီး ခေါ်သွားပါပီနော်..နောက်ဘဝ မှာ ကျန်းမာ သန်စွမ်းလို့ အနိုင်ကျင့် စော်ကား ခံရမှုမှ ကင်းဝေးပြီး ဘဝ အဆက်ဆက် စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပါစေ..သမီးလေးကို စိတ်ချ လက်ချ ထားပြီး ကျွတ်ရာ လွတ်ရာ သွားပါတော့ ရှင်..အမျှ..အမျှ..အမျှ……(ကွမ်းခြံကုန်း မြို့နယ် မှ မတရား ကျင့်ခံရ၍ ကိုယ်ဝန်ဆောင်ခဲ့ရသော မသန်စွမ်း အမျိုးသမီး တစ်ဦး တရားခွင်မှ အပြန် နှလုံးရပ်ပြီး သေဆုံးသွား၍ ကျန်ရစ်ခဲ့သော (၆)လ အရွယ် သမီးလေးကို ကျမတို့ “ခိုင်” မိသားစု မှ ခေါ်ယူမွေးစားခဲ့ပါတယ်ရှင်)”

Credit – YaungChi

Source – Khine Hnin Wai’s Facebook

ZAW GYI

တစ္ခ်ိန္က႐ုပ္ရွင္ နဲ႔ဗြီဒီယိုေလာကမွာ လၽွမ္းလၽွမ္းေတာက္ေအာင္ ျမင္ေက်ာ္ၾကားမႉေတြ ရရွိခဲ့တဲ့ဝါရင့္ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္တဲ့ ခိုင္ႏွင္းေဝကေတာ့ အႏုပညာအလုပ္ေတြထက္ ပရဟိတ အလုပ္ေတြကိုပဲ တစိုက္မတ္မတ္လုပ္ေဆာင္လ်က္ရွိပါတယ္။ယခုအခ်ိန္ကာလမွာ စီးပြားေရးၾကပ္တည္းၿပီး အဆင္မေျပသူေတြကို မမိကိုယ္တိုင္တတ္နိုင္သ၍ လႉဒါန္းသလို အလႉရွင္မ်ားနဲ႔လည္း ခ်ိတ္ဆက္ကာ ကူညီလႉဒါန္းမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။

ယခု ျဖစ္ေပၚေနတဲ့ နိုင္ငံေရး အေျခအေနေတြေၾကာင့္ စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနသူမ်ားကိုလည္း အေျခခံစားေသာက္ကုန္ေတြကို သြားေရာက္ ကူညီလႉဒါန္းေပးခဲ့တာလည္း ေတြ႕ရပါတယ္။ ဒါ့အျပင္ ဒီလို အရာရာ ခက္ခဲေနတဲ့ ကာလေတြမွာေတာင္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္ခံရတဲ့ ကေလးငယ္ေတြကို ေခၚယူေမြးစားခဲ့ပါတယ္ ။ၿပီးခဲ့တဲ့ရက္က ႐ုတ္တရက္ မိခင္ျဖစ္သူ ဆုံးပါးခဲ့၍ က်န္ရစ္သူ ၆လအရြယ္ကေလးကို ေခၚယူေမြးစားခဲ့ပါတယ္။

က်န္ရစ္သူ ၆ လအရြယ္ကေလးရဲ့ သနားစရာ အျပည့္နဲ႔ ဘဝအေၾကာင္းေလးကို ယခုလို ေျပာျပာလာခဲ့ပါတယ္”ေကာင္းရာမြန္ရာကို သြားပါေတာ့ ရွင္..အမႈ ႐ုံးခ်ိန္းလဲ ပီးျပတ္ၿပီး သမီးေလးက္ိုလဲ က်မတို႔ ေဂဟာ ရဲ့ မိသားစုဝင္ အျဖစ္ သတ္မွတ္လို႔ အပီး ေခၚသြားပါပီေနာ္..ေနာက္ဘဝ မွာ က်န္းမာ သန္စြမ္းလို႔ အနိုင္က်င့္ ေစာ္ကား ခံရမႈမွ ကင္းေဝးၿပီး ဘဝ အဆက္ဆက္ စိတ္ေရာ ကိုယ္ပါ က်န္းမာ ခ်မ္းသာပါေစ..သမီးေလးကို စိတ္ခ် လက္ခ် ထားၿပီး ကၽြတ္ရာ လြတ္ရာ သြားပါေတာ့ ရွင္..အမၽွ..အမၽွ..အမၽွ……(ကြမ္းၿခံကုန္း ၿမိဳ႕နယ္ မွ မတရား က်င့္ခံရ၍ ကိုယ္ဝန္ေဆာင္ခဲ့ရေသာ မသန္စြမ္း အမ်ိဳးသမီး တစ္ဦး တရားခြင္မွ အျပန္ ႏွလုံးရပ္ၿပီး ေသဆုံးသြား၍ က်န္ရစ္ခဲ့ေသာ (၆)လ အရြယ္ သမီးေလးကို က်မတို႔ “ခိုင္” မိသားစု မွ ေခၚယူေမြးစားခဲ့ပါတယ္ရွင္)”

Credit – YaungChi

Source – Khine Hnin Wai’s Facebook