စကားဝဲဝဲေလး နဲ႔ ခ်စ္စရာ ေကာင္းတဲ့ မင္းသမီးေခ်ာ မိုးယုစံ ကေတာ့ သ႐ုပ္ေဆာင္ ေလာကမွာ သာမက ေမာ္ဒယ္ ေလာကမွာပါ ေတာက္ပခဲ့သူတစ္ေယာက္ျဖစ္ၿပီး အလွမယ္ ၿပိဳင္ပြဲေတြမွာ လည္း သရဖူ ဆုႀကီးေတြမ်ားစြာ ရရွိ ပိုင္ဆိုင္ခဲ့သူပဲ ျဖစ္ပါတယ္။ မိုးယုစံ က ၿပီးခဲ့တဲ့ (၂၀၁၇) ခုႏွစ္မွာပဲ အိမ္ေထာင္က်ၿပီး အခုဆိုရင္ သားေလး ေကာင္းသိဂၤမိုးသူ နဲ႔ ဒုတိယေျမာက္ ကိုယ္ဝန္ကို လြယ္ထားတဲ့ မိခင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ မိုးယုစံ ကေတာ့ သူမရဲ့ ကိုယ္ဝန္ကိုလြယ္ေဆာင္ထားခ်ိန္နဲ႔ ကိုဗစ္ ကာလၾကားမွာ အႏုပညာ အလုပ္ေတြမလုပ္ကိုင္ပဲ ေနအိမ္မွာပဲ ဂ႐ုတစိုက္ေနထိုင္ေနလ်က္ရွိပါတယ္။

သ႐ုပ္ေဆာင္ ပညာအျပင္ ျမန္မာ အကပညာကိုပါ တစ္ဖတ္ ကမ္းခတ္တတ္ေျမာက္ထားတဲ့ မိုးယုစံ က ဒီကေန႔မွာေတာ့ ပရိသတ္ေတြ သိပ္မသိၾကတဲ့ သူမရဲ့ တတိယေျမာက္ အႏုပညာ အရည္အခ်င္းကို ခ်ျပလာပါတယ္။ မိုးယုစံ က “မိုးယုဆြဲထားတဲ့ ပန္းခ်ီကားေတြပါ စုစုေပါင္း ၂၅ခ်ပ္ရွိေနၿပီ “။ ဟိုအရင္က တစ္ခါတင္ဖူးပါတယ္။ ခုေလာက္မမ်ားေသးဘူးေပါ့။ တစ္ပုံက Covid အလႉတြက္ေရာင္းလိုက္ပါတယ္။ အမွတ္တရအေန နဲ႔ေရာ မိုးယု ကိုခ်စ္ခင္ သူမ်ားလည္းၾကည့္ရေအာင္တင္ေပးလိုက္ပါတယ္။ ဘယ္ပုံ အႀကိဳက္ဆုံးလဲ ဆိုတာ ေျပာခဲ့ၾကဦးေနာ္ 🖼🖼🖼” ဆိုၿပီး သူမဆြဲထားသမၽွ ပန္းခ်ီလက္ရာေတြကို ခ်ျပလာခဲ့ပါတယ္။

မိုးယုစံ ကေတာ့ သ႐ုပ္ေဆာင္ ပညာနဲ႔ ျမန္မာ အကပညာအျပင္ ပရိသတ္ေတြ အံ့ၾသသြား ေစေလာက္တဲ့ ပန္းခ်ီ ပညာကိုလည္း တတ္ေျမာက္ထားတာ ျဖစ္ပါတယ္။ မိုးယုစံ ကေတာ့ ပန္းခ်ီဆရာ တစ္ေယာက္ မဟုတ္ေပမယ့္ ဝါသနာရွင္ အဆင့္ထက္ အမ်ားႀကီးသာတဲ့ ပန္းခ်ီ စြမ္းရည္ကို ပိုင္ဆိုင္ ထားတဲ့ မင္းသမီးတစ္ေယာက္ပါပဲ။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Moe Yu San’s fb
Bilie – Cele Connections

UNICODE

စကားဝဲဝဲလေး နဲ့ ချစ်စရာ ကောင်းတဲ့ မင်းသမီးချော မိုးယုစံ ကတော့ သရုပ်ဆောင် လောကမှာ သာမက မော်ဒယ် လောကမှာပါ တောက်ပခဲ့သူတစ်ယောက်ဖြစ်ပြီး အလှမယ် ပြိုင်ပွဲတွေမှာ လည်း သရဖူ ဆုကြီးတွေများစွာ ရရှိ ပိုင်ဆိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ မိုးယုစံ က ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာပဲ အိမ်ထောင်ကျပြီး အခုဆိုရင် သားလေး ကောင်းသိင်္ဂမိုးသူ နဲ့ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးယုစံ ကတော့ သူမရဲ့ ကိုယ်ဝန်ကိုလွယ်ဆောင်ထားချိန်နဲ့ ကိုဗစ် ကာလကြားမှာ အနုပညာ အလုပ်တွေမလုပ်ကိုင်ပဲ နေအိမ်မှာပဲ ဂရုတစိုက်နေထိုင်နေလျက်ရှိပါတယ်။

သရုပ်ဆောင် ပညာအပြင် မြန်မာ အကပညာကိုပါ တစ်ဖတ် ကမ်းခတ်တတ်မြောက်ထားတဲ့ မိုးယုစံ က ဒီကနေ့မှာတော့ ပရိသတ်တွေ သိပ်မသိကြတဲ့ သူမရဲ့ တတိယမြောက် အနုပညာ အရည်အချင်းကို ချပြလာပါတယ်။ မိုးယုစံ က “မိုးယုဆွဲထားတဲ့ ပန်းချီကားတွေပါ စုစုပေါင်း ၂၅ချပ်ရှိနေပြီ “။ ဟိုအရင်က တစ်ခါတင်ဖူးပါတယ်။ ခုလောက်မများသေးဘူးပေါ့။ တစ်ပုံက Covid အလှူတွက်ရောင်းလိုက်ပါတယ်။ အမှတ်တရအနေ နဲ့ရော မိုးယု ကိုချစ်ခင် သူများလည်းကြည့်ရအောင်တင်ပေးလိုက်ပါတယ်။ ဘယ်ပုံ အကြိုက်ဆုံးလဲ ဆိုတာ ပြောခဲ့ကြဦးနော် 🖼🖼🖼” ဆိုပြီး သူမဆွဲထားသမျှ ပန်းချီလက်ရာတွေကို ချပြလာခဲ့ပါတယ်။

မိုးယုစံ ကတော့ သရုပ်ဆောင် ပညာနဲ့ မြန်မာ အကပညာအပြင် ပရိသတ်တွေ အံ့သြသွား စေလောက်တဲ့ ပန်းချီ ပညာကိုလည်း တတ်မြောက်ထားတာ ဖြစ်ပါတယ်။ မိုးယုစံ ကတော့ ပန်းချီဆရာ တစ်ယောက် မဟုတ်ပေမယ့် ဝါသနာရှင် အဆင့်ထက် အများကြီးသာတဲ့ ပန်းချီ စွမ်းရည်ကို ပိုင်ဆိုင် ထားတဲ့ မင်းသမီးတစ်ယောက်ပါပဲ။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Yu San’s fb
Bilie – Cele Connections