ယနေ့ မှာ တော့ rock သီချင်းတွေ ကို အမိုက်စား သီဆို တတ်တဲ့ Idiots အဖွဲ့ဝင် ရေမွန် တစ်ယောက် ရုတ်တရက် ကွယ်လွန် ခဲ့တာ ဖြစ်ပါတယ် ။ အရည်အချင်းရှိပြီး ငယ်ရွယ်သူ လေးမို့ အားလုံး က နှမြော တသ စိတ်မကောင်း ဖြစ်နေကြတာ လည်းတွေ့ရ ပါတယ် ။ တစ်ချို့က လည်း သူ ရဲ့ နာမည်ကြီး ခဲ့တဲ့ သီချင်းစာသားလေး တွေကို အမှတ်တရ ရေးရင်း ဝမ်းနည်း ကြောင်းတွေ ဖော်ပြခဲ့ ကြတာ တွေ့ရပါတယ် ။

ဒါ့အပြင် အနုပညာ ရှင်များစွာ ကလည်း စိတ်မကောင်း ဖြစ်မိကြောင်း ကို အမဲရောင် ပရိုဖိုင် များ ချိန်းကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ ကြတာ တွေ့ရပါတယ် ။ လူ့လောကထဲ ကနေ ရေမွန် တစ်ယောက် ပျောက်ကွယ် သွားပေမယ့် လည်း သူရဲ့ ခံစားချက် အပြည့် နဲ့ သီဆို ခဲ့တဲ့ သီချင်းတွေ ကတော့ ပရိသတ်တွေ ရဲ့ ရင်ထဲမှာ အချိန်တိုင်း ရှိနေမယ် ဆိုတာ ယုံကြည် မိတာ အမှန်ပါပဲ ။

အခုလည်း အုပ်စိုးခန့် က သူရဲ့ လူမှုကွန်ရက် စာမျက်နှာလေး ထက်မှာ ရေမွန် နဲ့ အတူ ဆုံတွေ့ ခဲ့တဲ့ အမှတ်တရ လေးတွေကို ပြန်လည် ဖော်ပြ လာပါတယ် ။ ပုံရိပ်လေး တွေ အပြင် Show ပွဲနောက် က သီဆို မဖျော် ဖြေခင် အမှတ်တရ ရိုက်ထား တဲ့ ဗီဒီယိုလေး တွေနဲ့အတူ ” အကိုရေ…. မစော လွန်းဘူး လားဗျာ….ညီကိုအမြဲတမ်းအရင်လို မဆုံတော့ ဘူးလားဗျာ…ညီတို့ အတူတူ အမြဲပျော်ပီး စနောက်တာတွေ မရတော့ဘူး လားဗျာ အကိုရေ!!! အကို.! Rest In Peace ပါချစ်ဆုံးကိုကြီးရာ …. ” ရေးသား ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Oak Soe Khant

ZAWGYI

ယေန႔ မွာ ေတာ့ rock သီခ်င္းေတြ ကို အမိုက္စား သီဆို တတ္တဲ့ Idiots အဖြဲ႕ဝင္ ေရမြန္ တစ္ေယာက္ ႐ုတ္တရက္ ကြယ္လြန္ ခဲ့တာ ျဖစ္ပါတယ္ ။ အရည္အခ်င္းရွိၿပီး ငယ္ရြယ္သူ ေလးမို႔ အားလုံး က ႏွေျမာ တသ စိတ္မေကာင္း ျဖစ္ေနၾကတာ လည္းေတြ႕ရ ပါတယ္ ။ တစ္ခ်ိဳ႕က လည္း သူ ရဲ့ နာမည္ႀကီး ခဲ့တဲ့ သီခ်င္းစာသားေလး ေတြကို အမွတ္တရ ေရးရင္း ဝမ္းနည္း ေၾကာင္းေတြ ေဖာ္ျပခဲ့ ၾကတာ ေတြ႕ရပါတယ္ ။

ဒါ့အျပင္ အႏုပညာ ရွင္မ်ားစြာ ကလည္း စိတ္မေကာင္း ျဖစ္မိေၾကာင္း ကို အမဲေရာင္ ပရိုဖိုင္ မ်ား ခ်ိန္းကာ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ ၾကတာ ေတြ႕ရပါတယ္ ။ လူ႔ေလာကထဲ ကေန ေရမြန္ တစ္ေယာက္ ေပ်ာက္ကြယ္ သြားေပမယ့္ လည္း သူရဲ့ ခံစားခ်က္ အျပည့္ နဲ႔ သီဆို ခဲ့တဲ့ သီခ်င္းေတြ ကေတာ့ ပရိသတ္ေတြ ရဲ့ ရင္ထဲမွာ အခ်ိန္တိုင္း ရွိေနမယ္ ဆိုတာ ယုံၾကည္ မိတာ အမွန္ပါပဲ ။

အခုလည္း အုပ္စိုးခန႔္ က သူရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာေလး ထက္မွာ ေရမြန္ နဲ႔ အတူ ဆုံေတြ႕ ခဲ့တဲ့ အမွတ္တရ ေလးေတြကို ျပန္လည္ ေဖာ္ၿပ လာပါတယ္ ။ ပုံရိပ္ေလး ေတြ အျပင္ Show ပြဲေနာက္ က သီဆို မေဖ်ာ္ ေျဖခင္ အမွတ္တရ ရိုက္ထား တဲ့ ဗီဒီယိုေလး ေတြနဲ႔အတူ ” အကိုေရ…. မေစာ လြန္းဘူး လားဗ်ာ….ညီကိုအျမဲတမ္းအရင္လို မဆုံေတာ့ ဘူးလားဗ်ာ…ညီတို႔ အတူတူ အျမဲေပ်ာ္ပီး စေနာက္တာေတြ မရေတာ့ဘူး လားဗ်ာ အကိုေရ!!! အကို.! Rest In
Peace ပါခ်စ္ဆုံးကိုႀကီးရာ …. ” ေရးသား ေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ ေဖာ္ၿပ ေပးလိုက္ပါတယ္ ။

Yuan – Cele Zone
Photo – Oak Soe Khant