လှပတဲ့ မျက်ခုံး၊ မျက်လုံးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင် ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိပိုင်ဆိုင် ထားသူတစ်ယောက် ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို အဆိုတော်လည်းတော်တဲ့ စိုးပြည့်သဇင်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအဖြစ် အနည်းအကျဉ်းသာရှိပြီး အွန်လိုင်း Live Sale တွေကိုပဲ ရောင်းချပေးနေလျက်ရှိတာကို တွေ့ရပါတယ်။
ဒီကနေ့မှာဆိုရင်တော့ စိုးပြည့်သဇင်က Facebook error တစ်ခုကြောင့် အမှားအယွင်းဖြစ်သွားခဲ့တာနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေအချစ်ပိုအောင်ခုလိုတောင်းပန်စကားဆိုလာခဲ့တာပဲ ဖြစ်ပါတယ်နော်။စိုးပြည့်က “ဒီနေ့live လေးက…fb error ကြောင့်မန့်တွေမမြင်ရလို့…ရက်ရွှေ့သွားပါတယ်ရှင်။ပထမတော့ ခလေးလေးတစ်ဦးထဲဖြစ်တာထင်တာ😬ခလေးလေးလန့်သွားတာပေါ့နော်။ ဘာဖြစ်တာလဲဆိုပြီးမေးမှ live saleအားလုံးတိုင်းမန့် တွေကဖတ်မရကြဘူးဖြစ်သွားကြလို့ပါ။ fb ရဲ့errorလေးပါ။ တနဂ်နွေနေ့မှပြန်ဆုံကြမယ်နော်။ အားလုံးဘဲgood nightပါ..😘😘ခလေးလေးကအားလုံးကိုချစ်ပါတယ်နော်။ ပုံ/ခလေးလေး😌” ဆိုပြီး ချစ်စဖွယ်လေး တောင်းပန်လာပါတယ်။
မထင်မှတ်ပဲဖြစ်သွားတဲ့ အမှားအယွင်းလေးတစ်ခု အပေါ် ပရိတ်သတ်တွေစိတ်ကျေနပ်အောင် တောင်းပန်စကားဆိုခဲ့တဲ့ စိုးပြည့်ရဲ့စိတ်ဓာတ်လေးကတကယ်ကိုချစ်စရာလေးပါနော်။အပြောအဆိုအမြဲတမ်းညက်ညောလှတာ လေးကလည်း စိုးပြည့်နဲ့သူများနဲ့မတူတဲ့အားသာ ချက်တစ်ခုလိုဆိုရမှာပဲဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ စိုးပြည့်ရဲ့အပြောအဆိုလေး ကြည့်ပြီး စိတ်ဆိုးချင်စိတ်တွေတောင်ရှိတော့မယ်မထင်ပါဘူးနော်။
Source: Soe Pyae Thazin ‘s fb
Credit
zawgyi
Credit