မိုင္ေလးလို႔ ပရိသတ္ေတြက ခ်စ္စနိုး နဲ႔ေခၚၾကတဲ့ အဆိုေတာ္ ရတနာမိုင္ကေတာ့ သီခ်င္းဆို ေကာင္း႐ုံသာမကပဲ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကိုပါ ပိုင္ဆိုင္ထားတာ ျဖစ္ ပါတယ္။ ရတနာမိုင္က အခုဆိုရင္ အသက္ (၃၀) ေက်ာ္အရြယ္ကို ေရာက္ရွိ ေနၿပီဆိုေပမယ့္ အခုခ်ိန္ထိ အိမ္ေထာင္မျပဳ ေသးပဲ တစ္ကိုယ္တည္း အပ်ိဳႀကီးအျဖစ္ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ ေနဆဲ ျဖစ္ပါတယ္။ အပူအပင္မရွိတဲ့ ရတနာမိုင္က ပရိသတ္ေတြ အတြက္ ပိုၿပီးအခ်ိန္ေပးျဖစ္သလို သီခ်င္းသစ္ေတြကိုလည္း မၾကာခဏဆိုသလို ခ်ျပတင္ဆက္ေပးေနတာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လပိုင္းကမွ “မမအထာ”ဆိုတဲ့ သီခ်င္းေလးကို ထြက္ရွိထားတဲ့ ရတနာမိုင္က ပရိသတ္ေတြရဲ့ အားေပးမႈကို အမ်ားအျပားရရွိပိုင္ဆိုင္ ထားတာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ရတနာမိုင္က သူမရဲ့ “မမအထာ” သီခ်င္းေလးနဲ႔ ခ်စ္စရာ ေကာင္းစြာ Tik Tok ေဆာ့ထားတဲ့ နိုင္ငံျခားသူေလးရဲ့ ဗီဒီယိုကို မၽွေဝေပးရင္း “ကိုယ္ဆိုထားတဲ့ မမအထာသီခ်င္းေလးနဲ႔ ကထားတာ ခ်စ္လိုက္တာ သူ႔ကို I love the way you dance to my song !” ဆိုၿပီး ပရိသတ္ေတြၾကည့္ရႈနိုင္ဖို႔ မၽွေဝေပးလာခဲ့ပါတယ္။

ရတနာမိုင္ခ်စ္မယ္ဆိုလည္း ခ်စ္ခ်င္ ေလာက္ေအာင္ နိုင္ငံျခားသူေလးကေတာ့ အရမ္းကို သီခ်င္းရဲ့ အဓိပၸာယ္ကို နားမလည္ နိုင္ေပမယ့္ ဗီဒီယိုေလးမွာ ခ်စ္စရာေကာင္းစြာ သ႐ုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ရတနာမိုင္ရဲ့ သီခ်င္းေလးနဲ႔ ကျပထားတဲ့ နိုင္ငံျခားသူေလးရဲ့ ဗီဒီယိုေလးကိုၾကည့္ၿပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Myanmar cele cafe ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္ တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Yadanar My’s fb

unicode
မိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုး နဲ့ခေါ်ကြတဲ့ အဆိုတော် ရတနာမိုင်ကတော့ သီချင်းဆို ကောင်းရုံသာမကပဲ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ် ပါတယ်။ ရတနာမိုင်က အခုဆိုရင် အသက် (၃၀) ကျော်အရွယ်ကို ရောက်ရှိ နေပြီဆိုပေမယ့် အခုချိန်ထိ အိမ်ထောင်မပြု သေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင် နေဆဲ ဖြစ်ပါတယ်။ အပူအပင်မရှိတဲ့ ရတနာမိုင်က ပရိသတ်တွေ အတွက် ပိုပြီးအချိန်ပေးဖြစ်သလို သီချင်းသစ်တွေကိုလည်း မကြာခဏဆိုသလို ချပြတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကမှ “မမအထာ”ဆိုတဲ့ သီချင်းလေးကို ထွက်ရှိထားတဲ့ ရတနာမိုင်က ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ရတနာမိုင်က သူမရဲ့ “မမအထာ” သီချင်းလေးနဲ့ ချစ်စရာ ကောင်းစွာ Tik Tok ဆော့ထားတဲ့ နိုင်ငံခြားသူလေးရဲ့ ဗီဒီယိုကို မျှဝေပေးရင်း “ကိုယ်ဆိုထားတဲ့ မမအထာသီချင်းလေးနဲ့ ကထားတာ ချစ်လိုက်တာ သူ့ကို I love the way you dance to my song !” ဆိုပြီး ပရိသတ်တွေကြည့်ရှုနိုင်ဖို့ မျှဝေပေးလာခဲ့ပါတယ်။

ရတနာမိုင်ချစ်မယ်ဆိုလည်း ချစ်ချင် လောက်အောင် နိုင်ငံခြားသူလေးကတော့ အရမ်းကို သီချင်းရဲ့ အဓိပ္ပာယ်ကို နားမလည် နိုင်ပေမယ့် ဗီဒီယိုလေးမှာ ချစ်စရာကောင်းစွာ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရတနာမိုင်ရဲ့ သီချင်းလေးနဲ့ ကပြထားတဲ့ နိုင်ငံခြားသူလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Myanmar cele cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင် တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yadanar My’s fb