


Yuan – Cele Zone
Photo – Zay Ye Htet

UNICODE

အနုပညာ လောကမှာ အားလုံး ရဲ့ အသိအမှတ်ပြု ချစ်ခင် အားပေးခြင်းခံ နေရတဲ့ နှုတ်ခမ်းနီ မလေးတွေ ရဲ အသည်းကျော် ဇေရဲထက်ကို ပရိသတ်ကြီး လည်းသိပြီးသားပါနော်။ သူဟာ အချစ် အမုန်း အလွမ်း ဘယ်လို ဇာတ်ရုပ်ပဲ လာလာ ပီပြင်အောင် သရုပ်ဆောင်နိုင် တဲ့ လူငယ် အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

ရုပ်ရှင် ဇာတ်ကားကြီး တွေနဲ့ ဗီဒီယို ဇာတ်ကား အများအပြား ကို ရိုက်ကူး အောင်မြင်ခဲ့တဲ့ မင်းသား တစ်ယောက်လည်း ဖြစ်ပြီးတော့ လက်ရှိမှာ လည်း ကြော်ငြာတွေ ဖျော်ဖြေရေး တွေနဲ့ မအား မလပ်ရအောင် ရိုက်ကူး နေရတာလည်း ဖြစ်ပါတယ်။ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး တော့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ် နဲ့ တည်ကြည်တဲ့ မျက်နှာပိုင်ရှင် လည်းဖြစ်တဲ့အတွက် မိန်းကလေး ပရိသတ်တွေ ရဲ့ အသည်းကျော်လေး ဆိုလည်း မမှား ပါဘူးနော်။

သူရဲ့လှုပ်ရှားမှု အရာလေးတွေကို လည်း အမြဲဖော်ပြလေ့ ရှိသူ တစ်ယောက်ဖြစ်ပါတယ်။ အခုမှာတော့ သူအား ထောက်ပံ့စာ ယူတယ်လို့ ပြောဆို စွတ်စွဲသူတွေရှိနေတာကြောင့် ခုလိုပြတ်ပြတ် သားသားပြောကာ သူရဲ့ ဖေ့ဘွတ်စာမျက်နှာလေးမှာ ပြန်လည်ဖြေရှင်းခဲ့တာ တွေ့ ရပါတယ်။ “ကျနော် ဇေရဲထက် ထောက်ပံ့စာ ယူခဲ့ဖူးသူရှိသူများ တတ်လာ ခဲ့ပါခင်မျာ အခုအရွယ်ထိ တစိမ်း မပြောနဲ့ မိဘဆီကတောင် ထောက်ပံ့စာ မယူဘူး ” ဆိုတဲ့စာလေးကို ရေးသား ဖြေရှင်းခဲ့ ရာ ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။

Yuan – Cele Zone
Photo – Zay Ye Htet