လူရွှင်တော် မိုးစက်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုး ကြောင့် စားဝတ်နေရေး အတွက် အခက်အခဲ ဖြစ်နေတဲ့ အနုပညာ သမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီ လှူဒါန်းမှုတွေ ပြုလုပ် ပေးနေတာကြောင့် ပရိသတ်အားပေး ချစ်ခင်နေကြတဲ့ အနုပညာရှင် လေးဖြစ်ပါတယ်။

မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေ စုပေါင်းပြီး လှူဒါန်းသလို (၇) ရက်သားသမီး အလှူရှင်များနဲ့ အတူ စုပေါင်းအလှူတွေမှာလည်း လုပ်အားဒါန တွေကူညီလေ့ရှိသူပါ ။ ဒါကြောင့်လည်း ပရိသတ်တွေ အားလုံးက သူ့ရဲ့ စိတ်ဓာတ်လေး ကို လေးစား အားကျနေကြတာပါ ။

သူရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲ ဖော်ပြလေ့ရှိရာ သားသမီးတိုင်း တန်ဖိုးထားရ တဲ့ မိခင် အတွက် သူကိုယ်တိုင် သီဆိုထားတဲ့ ” ကလေးနှစ်ခါ ဖြစ်တဲ့ အမေ ” ဆိုတဲ့ သီချင်း ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ သီချင်းလေး က ခံစားချက်တွေ အပြည့်ပါဝင်ပြီး နားထောင်ကောင်းလွန်းတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Moe Sat

ZAWGYI




Yuan – Cele Zone
Photo – Moe Sat