ပရိသတ်ကြီးရေ သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့ သမီးချောလေး စစ်လွန်းဝတီထက် ကတော့မိခင်နဲ့ ဝေးရာမှာ နေထိုင်နေပြီးဖခင်ဖြစ်သူရဲ့ဆိုဆုံးမမှုအောက်မှာ နေထိုင်နေရတာလည်း ဖြစ်ပါတယ်။ စစ်လွန်းလေးဟာ ပညာရေးမှာ ထူးချွန်ထက်မြက်တဲ့အပြင်လိမ္မာရေးခြားလည်းရှိလွန်းသူဖြစ်တာကြောင့် ပရိသတ်တွေအားလုံးကချစ်နေရတာဖြစ်ပါတယ်။ ဒီတစ်ခါမှာဆိုရင်လည်း သူမတို့မိသားစု အတွင်းရေးကိုမသိကြတဲ့ ပရိသတ်တွေကတော့ စစ်လွန်းလေးကို မေမေ့ကို ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့ပေမယ့် စစ်လွန်းလေးက သူမတို့ မိသားစုအခြေအနေကို အမှန်အတိုင်းဖွင့်ဟလာခဲ့ပါတယ်
စစ်လွန်းဝတီထက်က မေမေ့ကိုစိတ်မဆိုးပဲ ပြန်ခေါ်ဖို့ပြောတဲ့ ပရိသတ်ကို “သမီးတို့က ခုချိန်မှမဟုတ်ဘူး မေမေ့ကို ပါပါးနဲ့သမီး သွားခေါ်တုန်းက မေမေမောင်းထုတ်ခဲ့ကတည်းက နားလည်လို့ မေမေစိတ်ချမ်းသာရင် သမီးကုသိုလ်ရတယ်လို့ ပါပါးကလည်းပြောလို့ မေမေဘာလုပ်လုပ် သိသိနဲ့ ဘယ်သူ့မှ ဘာမှမပြောတာပါရှင်။ သမီးမေမေ့ကို ညတိုင်းရှိခိုးကျန်မာစေဖို့ မေတ္တာပို့ပြီးမှ အိပ်ခဲ့တာ မေမေ ပစ်သွားကတည်းကပါ ရှင် 🙏🙏🙏 ဟုတ်ကဲ့ရှင့်သမီးလည်းအားလုံးကိုချစ်ပါတယ်ရှင်အခုသမီးကိုင်တဲ့ဖုန်း အခုသမီးနေတဲ့အိမ် သမီးတက်နေတဲ့ကျောင်းမေမေအကုန်သိပါတယ်ရှင်။”
“ခုလူတွေတခြားနေရာတွေမှာရေးနေကြသလို ဘယ်သူကမှလည်းမတွေ့ရအောင်တားထားတာမျိုးမရှိသလို သမီးတို့ဖိုးဖိုးဖွားဖွား ပါပါးနဲ့ဦးလေးတွေက မိဘကျေးဇူးကိုအလေးနက်ဦးထိပ်ထားကြတဲ့မိသားစုပါရှင်။ ပစ်သွားတယ် မဟုတ်ရင်တောင်ထားခဲ့တာသေချာပါတယ်။ သမီးလိုက်ရှာဆက်သွယ်ခဲ့ပေမဲ့ ရှောင်နေခဲ့ပြီး ခုထိလည်းမေမေ ဘယ်လိုမှမဆက်သွယ်လာတာ ဒါပေမဲ့ မေမေမွေးကျေးဇူးကိုအမြဲတန်ဖိုးထားရှိခိုးကန်တော့တိုင်း ကျန်မာဖို့မေတ္တာပို့ဆုတောင်းပေးနေပါတယ် ကြာလာတော့ဘာမှ မခံစားရတော့ပါဘူးရှင် သမီးတို့ရဲ့အတိတ်ကကံကြောင့်ပါပဲရှင် 🙏🙏🙏သမီးခံစားချက်အမှန် တွေဒီလိုပြောပြမှလည်းရေးခွင့်ရတာပါ အမှန်တရားကို သိပြီးနားလည်ပေးရင်ပဲကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏” ဆိုပြီး ဖွင့်ဟလာခဲ့ပါတယ်။
Source: Sis Loon Wati Htet’s fb
Credit
zawgyi
Credit