ပရိတ်သတ် တွေ အတွက် သီချင်းကောင်းများ စွာ သီဆိုခဲ့ပြီး အားလုံးက ချစ်ကြတဲ့ Idiots ဂီတ အဖွဲ့က ပင်တိုင်အဆိုတော် တစ်ဦး ဖြစ်တဲ့ ကိုရေမွန် ဟာ မမျှော်လင့်ပဲ ရုတ်တရက် ဇွန် ၂၃ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦး ၏ လူမှု့ ကွန်ရက် မှာ ရေးသား ထားတာ ကို တွေ့ရပါတယ်။အစပိုင်းမှာ တော့ ဦးနှောက်ထဲ သို့ ဌက်ဖျား ပိုးဝင်တယ်လို့ သတင်းတွေ ထွက်နေခဲ့ ပေမယ့် လည်း နိုဗန်ထူး ကတော့ သေချာ တဲ့ သတင်း အတိအကျ ကို ပြောပြလာတာ ပါ နော်။

သူဟာ အစာ အိမ်သွေးကြော ပေါက်သွား တာ ကြောင့် ကွယ်လွန် သွားတာ ဖြစ်တယ်လို့ သူငယ်ချင်း ဖြစ်သူ နိုဗန်ထူးက တင်ထား ပါတယ် နော်။ဒီသတင်းဟာ သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက် အရမ်းကို ဝမ်းနည်း ပူဆွေးစရာ ပါပဲနော်။ အားလုံး နဲ့ အဆင်ပြေ အောင် နေတတ် ထိုင်တတ်ပြီး သူချစ် တဲ့ ပရိသတ် တွေအပေါ် လည်း တာဝန် ကျေပွန် လွန်းတဲ့ ရေမွန်ကို ဆုံးရှုံး လိုက်ရတာ အရမ်းကို နာကျင်စရာ ကောင်းလွန်း ပါတယ်နော်။ဒီကနေ့မှာ ဆိုရင်လည်း ရေမွန် ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန် က သားဖြစ်သူ ရေမွန် အတွက်ရင်ကွဲမတက် ခံစားရင်း စာလေးတစ်စောင် ရေးသားလာခဲ့ တာပဲဖြစ်ပါတယ်နော်။

“၈၈ ဆောင်းဦး မှာ မွေးဖွား၂၁ နွေဦးမှာ ကြွေလွင့် အဖေက သားကို ၁ နှစ်မှာ စွန့်ပစ် သားက အမေကို ၃၃ မှာ ထားသွား မေကြီး..mommy ခေါ်သံ ဘယ်တော့မှမကြားရ တော့ လောကကြီးမှာ အနှစ်သက်ဆုံး အမေချက်တဲ့ ဟင်းတွေ စားခွင့် မရတော့ ဆုံပြီးလို့ လမ်းခွဲတဲ့ အခါတိုင်း ရ နေပေးနေကျ အနမ်း တွေ ဘယ်တော့မှ မရတော့ သူ့အသံ အောတွေ မကြားရတော့ သူ့မျက်နှာ မတွေ့ရ တော့ သူ့ကိုယ်လုံးကို ထိတွေ့ ကိုင်တွယ် ခွင့်မရတာ့..အို..ကြမာ ဆိုးရယ် အငြှိုးကြီးပြီး ရက်စက်လိုက်တာ တစ်နှစ်သား မှာfatherless ဖြစ်ရတာ တင် ဒဏ်ခတ်လို့ မဝသေးဘဲ ဒီကလေးက သိပ်ချစ်တဲ့ ဒီကလေးကို သိပ်ချစ်တဲ့ အမေ နဲ့ သေကွဲတောင် ခွဲ ရသလား ? မကျေနပ်ရင် ငါ့ကို‌ ခေါ်သွားပါ ပြုံးပြံး‌လေး လိုက်ခဲ့ ပါ့မယ်ခုတော့ ….(ခင်မြတ်မွန်)” ဆိုပြီး ရေးသား လာခဲ့တာပဲ ဖြစ်ပါတယ်နော်။

credit…….

ZAWGYI




credit…….