



unicode

အနုပညာလောကမှာ မကြီးစိုးလို့ အားလုံးက ချစ်စနိုး ခေါ်ကြပြီး စီနီယာတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမျာ းရှင် စိုးမြတ်သူဇာကတော့ ပရိသတ်တွေရဲ့ အချစ်ကို တစ်ခဲနက်ရရှိထားသူပါ။ စိုးမြတ်သူဇာက ဗီဒီယိုခေတ်မှ စလို့ ယနေ့ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် ပါဝင်ရိုက်ကူးနေရတာဖြစ်ပြီး ကာရိုက်တာပေါင်းစုံကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူဖြစ်လို့ အောင်မြင်မှုတွေကိုလည်း များစွာရရှိထားတာဖြစ်ပါတယ်။

မကြီးစိုးက ချောမော ခန့်ညားတဲ့ ရုပ်ရည်နဲ့ တောင့်တင်းတဲ့ ကိုယ်ခန် ဓာကို ပိုင်ဆိုင်ထားတာဖြစ်လို့ ဘယ်လိုဖက်ရှင် တွေပဲ ဝတ်ဝတ်လိုက်ဖက်ညီပြီး လှပတာ ပရိသတ်တွေအသိပဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာက လက်ရှိမှာ အနုပညာလှုပ် ားမှု အနေနဲ့ ငပလီကို ရောက်ရှိနေတာဖြစ်ပြီး သူငယ်ချင်းဟိုတယ်အတွက် Photo shooting တွေ ရိုက်ကူးရေးပြုလုပ်နေခဲ့တာပါ။ Shooting ကို သူမရဲ့ မိခင်ကိုလည်း ခေါ်သွားခဲ့ပါသေးတယ်။

မိခင်ကလည်း သမီးကြီးရိုက်ကူးရေးလုပ်နေတဲ့ ပုံလေးကို တင်ပေးလာရင်း လူမှုကွန် ယက်ထက်မှာ အခုလိုရေးသားလာခဲ့ပါတယ်။ ဒါကတော့ ” ကိုယ်တို့အိမ်ထောင်ကျတာနဲ့ ချက်ချင်း မေမေတို့ဆီရောက်လာတဲ့ သမီးကြီး လာခြင်းကောင်းသောသမီးကြီး သမီးသူငယ်ချင်းမလေး၏ငပလီဟိုတယ် တစ်ခုအတွက် ဓါတ်ပုံရိုက်ပေးနေစဉ် မိုက်တယ်နော် ” ဆိုပြီး ရေးသား လာတာပါ။ လာခြင်းကောင်းတဲ့ သမီးကြီးအတွက် ဂုဏ်ယူရင်း ရေးသားထားတဲ့ စာသားလေးနဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source – Soe Kyi Phyu’s Fb Account