ပရိသတ်ကြီးရေ ပြေပြစ်တဲ့ မျက်နှာအသွင်အပြင် နဲ့ အနောက်တိုင်းဆန် တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဟိန်းမင်းသူ ကို မိန်းကလေး ပရိသတ်တိုင်း ကြိုက် နှစ်သက်အားပေးပြီး သား ဖြစ်ပါတယ်။ ဟိန်းမင်းသူ ကတော့ သရုပ်ဆောင် တစ်ယောက်အပြင် ဂီတလောကမှာ လည်း နေရာတစ်နေရာ ရရှိတဲ့အထိ ကြိုးစားနေသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေ နဲ့ မကြာခဏ ဆိုသလို အဆက်အသွယ် ပြတ်တောက်နေ တဲ့ ဟိန်းမင်းသူ က ဒီတစ်ခေါက်မှာ တော့ ခရစ်ယာန်ဘာသာကို သက်ဝင် ယုံကြည်စွာ ကူးပြောင်းသွားခဲ့တဲ့ အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ဘုရားသခင် လွန်စွာ ကောင်းမြတ်လို့သာ ဖြစ်ပါတယ်။ ဘုရားသခင် ရဲ့ရွေးကောက်ခြင်းခံရတဲ့ အတွက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။ ယေရှုဘုရားသခင်ရဲ့ ကျေးဇူးတော် ကို အထူး ချီးမွမ်းပါတယ် Amen 🙏🏻” ဆိုပြီး နိုင်ငံကျော် တေးရေး တေးဆို ဆရာစံပီးတို့ အသင်းတော်သာသနာ အားဖြင့် ယေရှုခရစ်တော်ကို မိမိအသက်သခင် ကယ်တင်ရှင် အဖြစ် ယုံကြည်လက်ခံပြီး ရေနှစ်ခြင်း မင်္ဂလာခံယူခဲ့ကြောင်းကို ပြောလာပါတယ်။

ဟိန်းမင်းသူ ကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာကနေ ယေရှု ခရစ်တော်ကို မိမိအသက်သခင် ကယ်တင်ရှင် အဖြစ် ယုံကြည်လက်ခံပြီး ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့တယ်လို့ဆိုပါတယ်။

Source: Hein Min Thu’s fb

ZAWGYI




Source: Hein Min Thu’s fb