ပရိတ်သတ်ကြီးရေ…မိတ်ကပ် လောကမှာ အောင်မြင်မှုတွေကို အပြည့်အဝရရှိထားတဲ့အပြင် စကားပြောပွင့်လင်းရိုးသားတာကြောင့် ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ မိတ်ကပ်ပညာရှင် မေဦးဟာ ဆိုရင် တော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်..။အရေးတော်ပုံအောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာ ကနေတတ်နိုင်သလောက်အစွမ်းကုန်ပါဝင်နေတဲ့ မေဦးကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသလို လက်ရှိမှာလည်း Gen Z Burma အဖွဲ့ဝင်အဖြစ် နယ်စပ် တစ်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။

ဒီကနေ့မှာဆိုရင်လည်း မေဦးက မိတ်ကပ်လောကမှာသူ့ရဲ့ဆရာတစ်ဆူလိုရော အမေလိုပါချစ်ရခင်ရတဲ့ မိတ်ကပ်မေဦးမောင်ဖမ်းဆီးခံလိုက်ရတဲ့အကြောင်းကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။မိတ်ကပ်မေဦးမောင် ဟာဆိုရင်လည်း နွေဦးတော် လှန်ရေးစတင်ကတည်းကပြည်သူလူထုနဲ့အတူတက်ကြွစာပါဝင်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။မေဦးမောင်က စကစမှကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ကိုသွားရောက်ခဲ့တဲ့ပုံတွေတက်လာခဲ့တဲ့အတွက် ပြည်သူတွေရဲ့အထင်လွဲမှားမှုခံခဲ့ရတာပဲဖြစ်ပါတယ်နော်။အခုလက်ရှိမှာတော့ မေဦးမောင်ကမသမာ သူလူတစ်စုကြောင့်ထောင်ထဲရောက်သွားခဲ့ရတာပဲဖြစ်ပါတယ်..။

မေဦးမောင်ဖမ်းဆီးခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေဦးကအခုလိုပဲစိတ်မကောင်းစွာနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်..။မေဦးက “အရမ်းသတိရတယ်အမေ💔မေဦးမောင်ဆိုတာ နိုင်ငံရေးတည်ငြိမ်သလို အခြေအနေ ကတည်းကအမှန်တရားဘက်ကအမြဲရပ်တည်ခဲ့သူပါနိုင်ငံကြီးတခုလုံး ဒုက္ခတွင်းထဲကြရောက်သွားတဲ့ အချိန်အခါမှာလည်း နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကျေပွန် ကာလမ်းမတွေပေါ်မှာ တစ်ရက်မှမနား ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင်ပြည်သူတွေအားလုံးနဲ့တစ်သားတည်းရှိခဲ့တာ မေဦးသက်သေပါ

အခုတော့မသမာ လူတစ်စုကြောင့် ထောင်ထဲရောက် သွားခဲ့ရတဲ့အပြင် ပြည်သူတွေအားလုံးရဲ့ အထင်လွဲမှားပြီးအထင်သေးခြင်းကိုပါခံခဲ့ရတယ် အမေ့အတွက် အရမ်းဝမ်းနည်းရသလိုမခံမရပ်နိုင်ဖြစ်မိတယ်အမေ💔အားလုံးရဲ့အထင်လွဲမှားမှုကိုလည်းနောင်တချိန်မှာ အမေ့အရှေ့ကနေပြီးမားမားမတ်မတ် ရပ်တည်ကာဖြေရှင်းပေးဖို့အဆင်သင့်ရှိနေတယ်အမေအမေ နေကောင်းကျန်းမာရှိပါစေလို့ဆုတောင်းပေးပါတယ်🙏🏻🙏🏻🙏🏻❤️” ဆိုပြီး မေဦးမောင် အတွက် အရမ်းစိတ်မကေင်းဖြစ်ရကြောင်းကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်..။မေဦးမောင်တစ်ယောက် အန္တရယ်ကင်းစွာ နဲ့အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက်ချင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; May Oo Facebook Acc

Credit ; Celebrity Platforms

ZAW GYI





