ပရိသတ်ကြီးရေ မိတ်ကပ်ဖန်တီးရှင် ခိုင်ခိုင်ဟာ မနေ့က မနက်က အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။အခုလို ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် အားလုံးက စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ ခိုင်ခိုင် နဲ့ အရင်းနှီးဆုံးသူတစ်ယောက်ဖြစ်တဲ့ အဆိုတော် အားတီ ကလည်း မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့Instagram story တွင် အဆုံး စီရင်သွားတဲ့ မိတ်ကပ်ခိုင်ခိုင် နဲ့ ပတ်သက်တဲ့ ရင်တွင်းခံစားချက်တွေကို ဖွင့်ဟပြောပြရင်း အမှတ်တရ ဗီဒီယိုဖိုင်ကိုပါ ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။

ခိုင်ခိုင်ဟာ သူ့ရဲ့ ညီမလေး တစ်ယောက်လို ချစ်ခင်ရသူတစ်ဦး ဖြစ်ပြီး ဘေးမှာ အမြဲရှိနေပေးတဲ့ best friend တစ်ဦးဆိုရင်လည်း မမှားနိုင်ကြောင်း ရေးသားထားပါတယ်။ သူ့ရဲ့အကြောင်းတွေကို မိသားစုတွေ ထက်တောင် ပိုသိလွန်းတဲ့ သွေးမတော်သားမစပ် ချစ်ခင်ရတဲ့ ညီမတစ်ဦးဖြစ်ပေမယ့်လည်း အခုလို ရုတ်တရက် ခွဲခွာသွားတာကို ဝမ်းနည်းကြေကွဲနေတာ ဖြစ်ပါတယ်။ အနားမှာ ရှိနေစဉ် အချိန်အတွင်းမှာလည်း မျက်နှာမငယ် စေအောင် ထားခဲ့ပြီးဘယ်သူမှ နှိမ်ပြီးဆက်ဆံလို့မရအောင် ဂရုတစိုက်အမြဲရှိခဲ့တဲ့ အကြောင်းနဲ့ မိန်းကလေး အရမ်းဖြစ်ချင်တဲ့ ခိုင်ခိုင်ကို လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ခဲ့တာကိုလည်း ပြောပြထားပါသေးတယ်။

ခိုင်ခိုင်ဟာ သူ့ဘဝအတွက် အရမ်းကို အရေးပါလွန်း သူတစ်ယောက်ဖြစ်ပြီး နောက်ဆုံးအချိန်ထိ အကောင်းဆုံး ကြိုးစားပေးနိုင်ခဲ့တဲ့အကြောင်းကိုလည်း ရင်ဖွင့်ရေးသားထားပါတယ်။ ခိုင်ခိုင် တစ်ယောက် ကောင်းရာဘုံဘဝမှာ ပျော်ရွှင်စွာ နေနိုင်စေဖို့ကိုလည်း ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ကွယ်လွန်သူ ခိုင်ခိုင်အတွက် ရည်စူး၍ ခိုင်နှင်းဝေ ပရဟိတအဖွဲ့သို့အလှူငွေကျပ် (၃) သိန်းကို အားတီမှ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ချစ်ခင်ရသူတွေ ပြုလုပ်ပေးတဲ့ ကုသိုလ်ကောင်းမှုမှန်သမျှကို ခိုင်ခိုင်တစ်ယောက် ရောက်ရာဘုံဘဝနေ သာဓုခေါ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက် ပေးလိုက် ရပါတယ်။

CRD – Myanmarload

ZAWGYI

ပရိသတ္ႀကီးေရ မိတ္ကပ္ဖန္တီးရွင္ ခိုင္ခိုင္ဟာ မေန႔က မနက္က အဆုံးစီရင္ၿပီး ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ၿပီ ျဖစ္ပါတယ္။အခုလို ႐ုတ္တရက္ ကြယ္လြန္သြားတဲ့အတြက္ အားလုံးက စိတ္မေကာင္း ျဖစ္ေနၾကတာ ျဖစ္ပါတယ္။ ခိုင္ခိုင္ နဲ႔ အရင္းႏွီးဆုံးသူတစ္ေယာက္ျဖစ္တဲ့ အဆိုေတာ္ အားတီ ကလည္း မၾကာေသးခင္ နာရီပိုင္းေလာက္က သူ႔ရဲ့Instagram story တြင္ အဆုံး စီရင္သြားတဲ့ မိတ္ကပ္ခိုင္ခိုင္ နဲ႔ ပတ္သက္တဲ့ ရင္တြင္းခံစားခ်က္ေတြကို ဖြင့္ဟေျပာျပရင္း အမွတ္တရ ဗီဒီယိုဖိုင္ကိုပါ ေဝမၽွေပးလာခဲ့တာ ျဖစ္ပါတယ္။

ခိုင္ခိုင္ဟာ သူ႔ရဲ့ ညီမေလး တစ္ေယာက္လို ခ်စ္ခင္ရသူတစ္ဦး ျဖစ္ၿပီး ေဘးမွာ အျမဲရွိေနေပးတဲ့ best friend တစ္ဦးဆိုရင္လည္း မမွားနိုင္ေၾကာင္း ေရးသားထားပါတယ္။ သူ႔ရဲ့အေၾကာင္းေတြကို မိသားစုေတြ ထက္ေတာင္ ပိုသိလြန္းတဲ့ ေသြးမေတာ္သားမစပ္ ခ်စ္ခင္ရတဲ့ ညီမတစ္ဦးျဖစ္ေပမယ့္လည္း အခုလို ႐ုတ္တရက္ ခြဲခြာသြားတာကို ဝမ္းနည္းေၾကကြဲေနတာ ျဖစ္ပါတယ္။ အနားမွာ ရွိေနစဥ္ အခ်ိန္အတြင္းမွာလည္း မ်က္ႏွာမငယ္ ေစေအာင္ ထားခဲ့ၿပီးဘယ္သူမွ ႏွိမ္ၿပီးဆက္ဆံလို႔မရေအာင္ ဂ႐ုတစိုက္အျမဲရွိခဲ့တဲ့ အေၾကာင္းနဲ႔ မိန္းကေလး အရမ္းျဖစ္ခ်င္တဲ့ ခိုင္ခိုင္ကို လိုခ်င္တာမွန္သမၽွ ျဖည့္ဆည္းေပးနိုင္ခဲ့တာကိုလည္း ေျပာျပထားပါေသးတယ္။

ခိုင္ခိုင္ဟာ သူ႔ဘဝအတြက္ အရမ္းကို အေရးပါလြန္း သူတစ္ေယာက္ျဖစ္ၿပီး ေနာက္ဆုံးအခ်ိန္ထိ အေကာင္းဆုံး ႀကိဳးစားေပးနိုင္ခဲ့တဲ့အေၾကာင္းကိုလည္း ရင္ဖြင့္ေရးသားထားပါတယ္။ ခိုင္ခိုင္ တစ္ေယာက္ ေကာင္းရာဘုံဘဝမွာ ေပ်ာ္ရႊင္စြာ ေနနိုင္ေစဖို႔ကိုလည္း ဆုေတာင္းေပးထားတာ ျဖစ္ပါတယ္။ ကြယ္လြန္သူ ခိုင္ခိုင္အတြက္ ရည္စူး၍ ခိုင္ႏွင္းေဝ ပရဟိတအဖြဲ႕သို႔အလႉေငြက်ပ္ (၃) သိန္းကို အားတီမွ လႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ ခ်စ္ခင္ရသူေတြ ျပဳလုပ္ေပးတဲ့ ကုသိုလ္ေကာင္းမႈမွန္သမၽွကို ခိုင္ခိုင္တစ္ေယာက္ ေရာက္ရာဘုံဘဝေန သာဓုေခၚနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ ေပးလိုက္ ရပါတယ္။

CRD – Myanmarload