ပရိသတ်ကြီးရေ ပရိသတ်တွေ ရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးမေကဗျာကတော့ အခုရက်ပိုင်းမှာ စားဝတ်နေရေး အဆင်မပြေတဲ့ အနုပညာလောကသားတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းပေးနေခဲ့ တာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာ ပါနော်။ ဒီနေ့မှာတော့ မေကဗျာက မိတ်ကပ်ပညာရှင်တွေအတွက် လှူဒါန်းပေးခဲ့ ပါတယ်။

မေကဗျာကတော့ သူတို့ကို လှလှလေးဖြစ်အောင် စေတနာထား ပြင်ဆင်ခြယ်သပေးတဲ့ မိတ်ကပ်ပညာရှင်တွေ အားလုံးကို ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီဆိုတဲ့ စိတ်လေးနဲ့ အခုလို ကာလမှာ စားဝတ်နေရေးကျပ်တည်းနေတဲ့ မိတ်ကပ်ဆရာတွေကို စားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တာပါတဲ့။ သူတတ်နိုင်သလောက် ဆန်၊ဆီ၊ ကြက်ဥ ၊ ခေါက်ဆွဲခြောက်ထုပ်စတဲ့ စားသောက်ကုန်တွေကို လှူဒါန်းပေးခဲ့တာပါ။

ဒီနေ့လှူဒါန်းမှုမှာ သူတတ်နိုင်သလောက်လှူဒါန်းရတာမို့ နည်းနည်းပဲလှူဒါန်းနိုင်ခဲ့တဲ့အတွက် မေကဗျာက နောက်ထပ်လည်း အများကြီးလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းထားပါသေးတယ်။ပရိသတ်ကြီးရေ မေကဗျာရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – May Kabyar

ZAWGYI

ပရိသတ္ႀကီးေရ ပရိသတ္ေတြ ရဲ့အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလးေမကဗ်ာကေတာ့ အခုရက္ပိုင္းမွာ စားဝတ္ေနေရး အဆင္မေျပတဲ့ အႏုပညာေလာကသားေတြအတြက္ စားေသာက္ကုန္ေတြ လႉဒါန္းေပးေနခဲ့ တာပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာ ပါေနာ္။ ဒီေန႔မွာေတာ့ ေမကဗ်ာက မိတ္ကပ္ပညာရွင္ေတြအတြက္ လႉဒါန္းေပးခဲ့ ပါတယ္။

ေမကဗ်ာကေတာ့ သူတို႔ကို လွလွေလးျဖစ္ေအာင္ ေစတနာထား ျပင္ဆင္ျခယ္သေပးတဲ့ မိတ္ကပ္ပညာရွင္ေတြ အားလုံးကို ကိုင္းကၽြန္းမွီ ကၽြန္းကိုင္မွီဆိုတဲ့ စိတ္ေလးနဲ႔ အခုလို ကာလမွာ စားဝတ္ေနေရးက်ပ္တည္းေနတဲ့ မိတ္ကပ္ဆရာေတြကို စားေသာက္ကုန္ေတြ လႉဒါန္းေပးခဲ့တာပါတဲ့။ သူတတ္နိုင္သေလာက္ ဆန္၊ဆီ၊ ၾကက္ဥ ၊ ေခါက္ဆြဲေျခာက္ထုပ္စတဲ့ စားေသာက္ကုန္ေတြကို လႉဒါန္းေပးခဲ့တာပါ။

ဒီေန႔လႉဒါန္းမႈမွာ သူတတ္နိုင္သေလာက္လႉဒါန္းရတာမို႔ နည္းနည္းပဲလႉဒါန္းနိုင္ခဲ့တဲ့အတြက္ ေမကဗ်ာက ေနာက္ထပ္လည္း အမ်ားႀကီးလႉဒါန္းနိုင္ပါေစလို႔ ဆုေတာင္းထားပါေသးတယ္။ပရိသတ္ႀကီးေရ ေမကဗ်ာရဲ့ မြန္ျမတ္လွတဲ့ အလႉေလးကို ပရိသတ္ေတြက သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – May Kabyar