ျပည္သူခ်စ္ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ေက်ာ္ေက်ာ္ ကေတာ့ ဟာသ ၊ ဒရမ္မာ ၊ အခ်စ္ စတဲ့ ဇာတ္႐ုပ္ မ်ိဳးစုံမွာ ကာရိုက္တာ မ်ိဳးစုံကို စိတ္ေရာကိုယ္ပါေျပာင္းလဲ သ႐ုပ္ေဆာင္နိုင္သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ ကေတာ့ လက္ရွိမွာေတာ့ သူဝါသနာ ပါရာ အႏုပညာ အလုပ္ေတြကို လုပ္ကိုင္ရင္း တစ္ကိုယ္တည္း လူပ်ိဳႀကီး အျဖစ္ ရပ္တည္ ေနတာပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ မရွိတဲ့ လူပ်ိဳ လူလြတ္ တစ္ေယာက္ပီပီ အပူအပင္ မရွိတဲ့ ေက်ာ္ေက်ာ္ က ေပ်ာ္ေပ်ာ္ေနတတ္ၿပီး လြတ္လပ္စြာ ေနတတ္တာမို႔ ပရိသတ္ေတြက ပိုလို႔ ေတာင္ ခ်စ္ခင္ အားေပးေနရတာပဲ ျဖစ္ပါတယ္။

အႏုပညာ လႈပ္ရွားမႈေတြ အျပင္ သူငယ္ခ်င္း ျဖစ္တဲ့ ဆုျမတ္နိုးဦး ၊ ညီထြဋ္ေခါင္ တို႔နဲ႔လည္း N-H-K = ဗရမ္းဗတာ ဘီအက္ဖ္အက္ဖ္ မ်ားဆိုၿပီး ဟာသဗီဒီယိုေလးေတြ တင္ဆက္ ေပးေနတဲ့ ေက်ာ္ေက်ာ္ က ဒီက ေန႔မွာေတာ့ သူ႔ရဲ့ ရိုက္ကြင္း ေပၚက အမွတ္တရ ေလးကို ခ်ျပလာခဲ့ပါတယ္။ ထို ဗီဒီယိုထဲ မွာ ေက်ာ္ေက်ာ္က မိန္းမလ်ာ ကာရိုက္တာ မွာ သ႐ုပ္ေဆာင္ ဖို႔ မိတ္ကပ္လိမ္း တဲ့ အခ်ိန္မွာေတာင္ Mood အျပည့္ နဲ႔ ေတြ႕ရၿပီး အရမ္းခ်စ္စရာ ေကာင္းတာကို အခုလိုပဲ ေတြ႕ရပါတယ္။

ေက်ာ္ေက်ာ္ ကေတာ့ ေပ်ာ္ေပ်ာ္ ေနတတ္ၿပီး ဟန္ေဆာင္ မႈ မရွိပြင့္လင္း တာေၾကာင့္ ပရိသတ္ေတြက ခ်စ္ၿပီး ရင္းခ်စ္ေနရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေက်ာ္ေက်ာ္ ရဲ့ ရိုက္ကြင္းေပၚက အမွတ္တရေလး ကိုၾကည့္ရလို႔ သေဘာက်ေက် နပ္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစ လို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: N-H-K = ဗရမ္းဗတာ ဘီအက္ဖ္အက္ဖ္မ်ား’s fb
Bilie – Cele Connections

UNICODE

ပြည်သူချစ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ကျော်ကျော် ကတော့ ဟာသ ၊ ဒရမ်မာ ၊ အချစ် စတဲ့ ဇာတ်ရုပ် မျိုးစုံမှာ ကာရိုက်တာ မျိုးစုံကို စိတ်ရောကိုယ်ပါပြောင်းလဲ သရုပ်ဆောင်နိုင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်ကျော် ကတော့ လက်ရှိမှာတော့ သူဝါသနာ ပါရာ အနုပညာ အလုပ်တွေကို လုပ်ကိုင်ရင်း တစ်ကိုယ်တည်း လူပျိုကြီး အဖြစ် ရပ်တည် နေတာပဲ ဖြစ်ပါတယ်။ အိမ်ထောင် မရှိတဲ့ လူပျို လူလွတ် တစ်ယောက်ပီပီ အပူအပင် မရှိတဲ့ ကျော်ကျော် က ပျော်ပျော်နေတတ်ပြီး လွတ်လပ်စွာ နေတတ်တာမို့ ပရိသတ်တွေက ပိုလို့ တောင် ချစ်ခင် အားပေးနေရတာပဲ ဖြစ်ပါတယ်။

အနုပညာ လှုပ်ရှားမှုတွေ အပြင် သူငယ်ချင်း ဖြစ်တဲ့ ဆုမြတ်နိုးဦး ၊ ညီထွဋ်ခေါင် တို့နဲ့လည်း N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ် များဆိုပြီး ဟာသဗီဒီယိုလေးတွေ တင်ဆက် ပေးနေတဲ့ ကျော်ကျော် က ဒီက နေ့မှာတော့ သူ့ရဲ့ ရိုက်ကွင်း ပေါ်က အမှတ်တရ လေးကို ချပြလာခဲ့ပါတယ်။ ထို ဗီဒီယိုထဲ မှာ ကျော်ကျော်က မိန်းမလျာ ကာရိုက်တာ မှာ သရုပ်ဆောင် ဖို့ မိတ်ကပ်လိမ်း တဲ့ အချိန်မှာတောင် Mood အပြည့် နဲ့ တွေ့ရပြီး အရမ်းချစ်စရာ ကောင်းတာကို အခုလိုပဲ တွေ့ရပါတယ်။

ကျော်ကျော် ကတော့ ပျော်ပျော် နေတတ်ပြီး ဟန်ဆောင် မှု မရှိပွင့်လင်း တာကြောင့် ပရိသတ်တွေက ချစ်ပြီး ရင်းချစ်နေရတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော် ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရလေး ကိုကြည့်ရလို့ သဘောကျကျေ နပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source: N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ’s fb
Bilie – Cele Connections