သ႐ုပ္ေဆာင္ မယ္လိုဒီ ကေတာ့ ႐ုပ္ရည္ ေခ်ာေမာ႐ုံ သာမက အသားအရည္ လည္း ၾကည္လင္ လွပတာေၾကာင့္ အဘက္ဘက္ က ၿပီးျပည့္စုံသူေလး အျဖစ္ ပရိသတ္ေတြ ၾကားမွာ ေရပန္းစား ေအာင္ျမင္သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ မယ္လိုဒီက ၿပီးခဲ့တဲ့ ႏွစ္အတြင္းမွာ ေတာ့ သူမ ရဲ့ ခင္ပြန္း နဲ႔ တရားဝင္ ကြာရွင္းျပတ္ဆဲၿပီးၿပီ ျဖစ္ၿပီး သားေလး သဒၶိစစ္ ကို ခင္ပြန္းေဟာင္း နဲ႔ တစ္ေယာက္ တစ္လွည့္စီ ေစာင့္ေရွာက္ ေနတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာ အႏုပညာ အလုပ္ေတြကို ရပ္နားထားတဲ့ မယ္လိုဒီက အားတဲ့ အခ်ိန္ေလးေတြ မွာ ဘာသာေရးနဲ႔ အိမ္အလုပ္ေတြ ကိုသာ ဦးစီး လုပ္ကိုင္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

အိမ္ေထာင္ နဲ႔ ကြာရွင္းၿပီးတဲ့ ေနာက္ ကိုယ့္ေျခေထာက္ ေပၚ ကိုယ္ရပ္တည္ခဲ့တဲ့ မယ္လိုဒီ ကေတာ့ အားကိုး မလိုတဲ့ တစ္ကိုယ္တည္း မိန္းမသားေတြပီပီ အလုပ္ၾကမ္း ေတြကိုလည္း ကိုယ္တိုင္ ကိုယ္က်လုပ္ ေနတာကို ေတြ႕ရပါတယ္။ မယ္လိုဒီက “ပုံမွန္ စေနေန႔တိုင္း ေန႔ဆြမ္း ကပ္လႉျဖစ္ပါတယ္။ ဆရာေတာ္ေက်ာင္းက ျပန္ေတာ့ ၿခံရွင္း အပင္ေတြပုံေဖာ္ ၊ အပင္ခုတ္၊ အပင္ေရေလာင္း။ မ ကို ရဲရဲႀကီး အားကိုးလို႔ ရပါတယ္။ Video clip ေလးက မင္း အတြက္ မ ရဲ့အမွတ္တရ” ဆိုၿပီး သူမရဲ့ ဗီဒီယိုေလးကို အခုလိုပဲ မၽွေဝ ေပးလာပါတယ္။

မယ္လိုဒီ ကေတာ့ မင္းသမီး ဆိုေပမယ့္ ႏု ႏု ရြ ရြေလးေနတတ္သလို ေယာက်ာ္းသားအလုပ္ေတြ ကိုလည္း လုပ္ကိုင္ နိုင္တာ တကယ္ကို ေလးစားစရာပါပဲ။ ပရိသတ္ႀကီးလည္း မယ္လို ဒီ ကိုၾကည့္ၿပီး အံ့ၾသေန ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္ေနာ္။

Source: Melody Myo’s fb
Bilie – Cele Connections

UNICODE

သရုပ်ဆောင် မယ်လိုဒီ ကတော့ ရုပ်ရည် ချောမောရုံ သာမက အသားအရည် လည်း ကြည်လင် လှပတာကြောင့် အဘက်ဘက် က ပြီးပြည့်စုံသူလေး အဖြစ် ပရိသတ်တွေ ကြားမှာ ရေပန်းစား အောင်မြင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မယ်လိုဒီက ပြီးခဲ့တဲ့ နှစ်အတွင်းမှာ တော့ သူမ ရဲ့ ခင်ပွန်း နဲ့ တရားဝင် ကွာရှင်းပြတ်ဆဲပြီးပြီ ဖြစ်ပြီး သားလေး သဒ္ဓိစစ် ကို ခင်ပွန်းဟောင်း နဲ့ တစ်ယောက် တစ်လှည့်စီ စောင့်ရှောက် နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာ အလုပ်တွေကို ရပ်နားထားတဲ့ မယ်လိုဒီက အားတဲ့ အချိန်လေးတွေ မှာ ဘာသာရေးနဲ့ အိမ်အလုပ်တွေ ကိုသာ ဦးစီး လုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

အိမ်ထောင် နဲ့ ကွာရှင်းပြီးတဲ့ နောက် ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့ မယ်လိုဒီ ကတော့ အားကိုး မလိုတဲ့ တစ်ကိုယ်တည်း မိန်းမသားတွေပီပီ အလုပ်ကြမ်း တွေကိုလည်း ကိုယ်တိုင် ကိုယ်ကျလုပ် နေတာကို တွေ့ရပါတယ်။ မယ်လိုဒီက “ပုံမှန် စနေနေ့တိုင်း နေ့ဆွမ်း ကပ်လှူဖြစ်ပါတယ်။ ဆရာတော်ကျောင်းက ပြန်တော့ ခြံရှင်း အပင်တွေပုံဖော် ၊ အပင်ခုတ်၊ အပင်ရေလောင်း။ မ ကို ရဲရဲကြီး အားကိုးလို့ ရပါတယ်။ Video clip လေးက မင်း အတွက် မ ရဲ့အမှတ်တရ” ဆိုပြီး သူမရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေ ပေးလာပါတယ်။

မယ်လိုဒီ ကတော့ မင်းသမီး ဆိုပေမယ့် နု နု ရွ ရွလေးနေတတ်သလို ယောကျာ်းသားအလုပ်တွေ ကိုလည်း လုပ်ကိုင် နိုင်တာ တကယ်ကို လေးစားစရာပါပဲ။ ပရိသတ်ကြီးလည်း မယ်လို ဒီ ကိုကြည့်ပြီး အံ့သြနေ ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။

Source: Melody Myo’s fb
Bilie – Cele Connections