


Credit ; celethatin

unicode

အဆိုတော် ဟဲလေ းကတော့ တေးရေး၊ တေးဆိုအဖြစ် ဂီတလော ကမှာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အောင်မြင်မှုတွေနဲ့ ရပ်တည်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အဆိုဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်တွေကိုလည်းမြေတောင် မြှောက်ပေးနေပြီး လက်ရှိ အောင်မြင်နေတဲ့ အဆိုတော်တစ်ချို့ရဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။ ဟဲလေးရဲ့ သီချင်းဟောင်းလေး တွေကလည်း အခုချိန်ထိ ပရိသတ်​တွေရဲ့ အားပေးနားဆင်ခြင် းတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

ဟဲလေးဟာ လတ်တလောမှာလည်း ဂီတလှုပ်ရှားမှု တွေများစွာ လုပ်ကိုင်နေပြီး မကြာသေးခင် ရက်ပိုင်း လောက်ကလည်း နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ Project K အဖွဲ့နဲ့ ” စော်နဲ့ပြတ်သွားတယ် ” ဆိုတဲ့ Music Video လေးထွက်ရှိ ထားတာပဲ ဖြစ်ပါတယ်။မကြာခင်မှာလည်း သူရေးပေးထားတဲ့ ” ဘဲနဲ့ပြတ်သွားတယ် ” သီချင်းအသစ် တစ်ပုဒ်ကိုလည်း ရွှေအိမ်စည်က သီဆိုထားပြီး ပရိသတ်တွေ နားဆင်ရ တော့မှာ ဖြစ်တဲ့အကြောင်းလေးကိုလည်း သတင်းပေး ထားပါသေးတယ်နော်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်း လောက်ကလည်း ဟဲလေးရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မိန်းမနဲ့စိတ်ကောက်ပြီး လမ်းမှာကြိုက်တာ ဝယ်စားဖို့ပိုက်ဆံတွေ အထုပ်လိုက်သယ်ချလာပြီးအိမ်က နေထွက်လာတဲ့ ဟဲလေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေး လိုက် ရပါတယ်နော်။

Credit ; celethatin