လက္ရွိ ျဖစ္ေပၚေနတဲ့ အေရး ကိစၥေတြမွာ ဆိုရင္ တိုင္းရင္းသား ေပါင္းစုံ၊လူမ်ိဳး အသီးသီး က တတ္နိုင္တဲ့ အင္အား နဲ႔ ပါဝင္ လႈပ္ရွားေနၾကတာ ျဖစ္ပါတယ္။အခုလိုမ်ိဳး ေသြးခ်င္း ညီေနာင္ ဖြားေတြကပါ စည္းစည္း လုံးလုံး ရွိၾကလို႔ အရမ္းအား တက္စရာ ေကာင္းတဲ့ အေျခအေနပဲ ျဖစ္ပါတယ္။ခ်င္း တိုင္းရင္းသားတစ္ေယာက္ဆိုရင္ မိမိ ရဲ့ အသက္ အႏၲရာယ္ ကို ပဓာန မထားဘဲ လူထု လႈပ္ရွားမႈ ေတြမွာ ရဲစြမ္း သတၱိအျပည့္ နဲ႔ ပါဝင္ အားျဖည့္ ေပးခဲ့တာ ျဖစ္ပါတယ္။အဲ့ဒီခ်င္းလူငယ္ ေလးကေတာ့ ေျမာက္ဥကၠလာပ က လူထု လႈပ္ရွား မႈမွာ ပါဝင္ရင္း ေပါင္ကို က်ည္ဆံ ထိမွန္သြားခဲ့တာ ျဖစ္ပါတယ္။

ေပါင္ကို က်ည္ဆံ ထိမွန္ၿပီးေနာက္ မွာ ခ်င္းလူငယ္ေလး ကို ဖမ္းဆီသြားၾကၿပီး အိမ္ျပန္ မလႊတ္ခဲ့တာေၾကာင့္ မိသားစု ကလည္း ရဲစခန္း နဲ႔ ျပည္သူ႔ေဆး႐ုံေတြမွာ လိုက္ရွာခဲ့ ၾကတာ ျဖစ္ပါတယ္။မိသားစု ကေတာ့ ရက္အေတာ္ ၾကာရွာၿပီးတဲ့ ေနာက္မွာ က်ဆုံးသြားၿပီလို႔ သတင္းၾကားခဲ့ တာေၾကာင့္ မတ္လ(၇)ရက္ေန႔မွာပဲ ခရစ္ယာန္ ထုံးတမ္း အစဥ္အလာ နဲ႔ အညီ ဆုေတာင္း သၿဂႋဳလ္ခဲ့တာ ျဖစ္ပါတယ္။မိသားစုေတြ ကလည္း သားေလး က်ဆုံးသြားၿပီ ဆိုၿပီး ဝမ္းနည္း ပူေဆြးကာ ရင္က်ိဳးေန ရတာပဲျဖစ္ပါတယ္။

မတ္လ (၂၄) ရက္ ဒီေန႔ မနက္ (၁၁) နာရီ ဝန္းက်င္ မွာ ေတာ့ ခ်င္းလူငယ္ ေလးက က်န္းက်န္း မာမာ နဲ႔ပဲ မိဘေတြဆီ ကို ျပန္လည္ ေရာက္ရွိ လာခဲ့တာ ျဖစ္ပါတယ္။ရက္အေတာ္ ၾကာမွ အသက္ ရွင္ရက္ ျပန္လာခဲ့တဲ့ သားေလး ကို ေတြ႕လို႔ မိဘေတြအေန နဲ႔ လည္း အရမ္းဝမ္းသာခဲ့ ၾကတာ ျဖစ္ပါတယ္။ဒီေန႔မွာ ဆိုရင္ ခ်င္း လူငယ္ေလး အပါအဝင္ ျပည္သူ ရာေက်ာ္ ေလာက္ကို အင္းစိန္ ေထာင္မွ လႊတ္ေပးခဲ့ တယ္လို႔ သိရပါတယ္။ေသကံ မေရာက္ သက္မ ေပ်ာက္ဘဲ က်န္းက်န္းမာမာ နဲ႔ မိဘေတြ ဆီျပန္ေရာက္ ခဲ့တဲ့ ခ်င္းလူငယ္ေလး ရဲ့ ပုံရိပ္ေတြ ကို ျပန္လည္ မၽွေဝ ေပးလိုက္ ပါတယ္။

Source&Photo Credit: Original Uploder

UNICODE

လက်ရှိ ဖြစ်ပေါ်နေတဲ့ အရေး ကိစ္စတွေမှာ ဆိုရင် တိုင်းရင်းသား ပေါင်းစုံ၊လူမျိုး အသီးသီး က တတ်နိုင်တဲ့ အင်အား နဲ့ ပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။အခုလိုမျိုး သွေးချင်း ညီနောင် ဖွားတွေကပါ စည်းစည်း လုံးလုံး ရှိကြလို့ အရမ်းအား တက်စရာ ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ချင်း တိုင်းရင်းသားတစ်ယောက်ဆိုရင် မိမိ ရဲ့ အသက် အန္တရာယ် ကို ပဓာန မထားဘဲ လူထု လှုပ်ရှားမှု တွေမှာ ရဲစွမ်း သတ္တိအပြည့် နဲ့ ပါဝင် အားဖြည့် ပေးခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီချင်းလူငယ် လေးကတော့ မြောက်ဥက္ကလာပ က လူထု လှုပ်ရှား မှုမှာ ပါဝင်ရင်း ပေါင်ကို ကျည်ဆံ ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

ပေါင်ကို ကျည်ဆံ ထိမှန်ပြီးနောက် မှာ ချင်းလူငယ်လေး ကို ဖမ်းဆီသွားကြပြီး အိမ်ပြန် မလွှတ်ခဲ့တာကြောင့် မိသားစု ကလည်း ရဲစခန်း နဲ့ ပြည်သူ့ဆေးရုံတွေမှာ လိုက်ရှာခဲ့ ကြတာ ဖြစ်ပါတယ်။မိသားစု ကတော့ ရက်အတော် ကြာရှာပြီးတဲ့ နောက်မှာ ကျဆုံးသွားပြီလို့ သတင်းကြားခဲ့ တာကြောင့် မတ်လ(၇)ရက်နေ့မှာပဲ ခရစ်ယာန် ထုံးတမ်း အစဉ်အလာ နဲ့ အညီ ဆုတောင်း သင်္ဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။မိသားစုတွေ ကလည်း သားလေး ကျဆုံးသွားပြီ ဆိုပြီး ဝမ်းနည်း ပူဆွေးကာ ရင်ကျိုးနေ ရတာပဲဖြစ်ပါတယ်။

မတ်လ (၂၄) ရက် ဒီနေ့ မနက် (၁၁) နာရီ ဝန်းကျင် မှာ တော့ ချင်းလူငယ် လေးက ကျန်းကျန်း မာမာ နဲ့ပဲ မိဘတွေဆီ ကို ပြန်လည် ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။ရက်အတော် ကြာမှ အသက် ရှင်ရက် ပြန်လာခဲ့တဲ့ သားလေး ကို တွေ့လို့ မိဘတွေအနေ နဲ့ လည်း အရမ်းဝမ်းသာခဲ့ ကြတာ ဖြစ်ပါတယ်။ဒီနေ့မှာ ဆိုရင် ချင်း လူငယ်လေး အပါအဝင် ပြည်သူ ရာကျော် လောက်ကို အင်းစိန် ထောင်မှ လွှတ်ပေးခဲ့ တယ်လို့ သိရပါတယ်။သေကံ မရောက် သက်မ ပျောက်ဘဲ ကျန်းကျန်းမာမာ နဲ့ မိဘတွေ ဆီပြန်ရောက် ခဲ့တဲ့ ချင်းလူငယ်လေး ရဲ့ ပုံရိပ်တွေ ကို ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source&Photo Credit: Original Uploder