သ႐ုပ္ေဆာင္ ပိုင္တံခြန္ ကေတာ့ ျမန္မာနိုင္ငံ တြင္ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွား မႈေတြမွာ ျပည္သူေတြ နဲ႔ အတူ တစ္သား တည္း ပါဝင္ ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါ တယ္။ လူငယ္ ပီပီ ကိုယ္တတ္နိုင္တဲ့ ဘက္ကေန ပူးေပါင္း ပါဝင္ခဲ့တဲ့ ပိုင္တံခြန္ ရဲ့ စိတ္ထား ကို ေတာ့ ပရိသတ္ေတြက ေလးစား ဂုဏ္ယူ ေနၾကတာ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ပုဒ္မ ၅၀၅ (က) ျဖင့္တရားစြဲ ဆိုၿပီး ေနာက္ရက္မွာဘဲ ေနအိမ္ တြင္ ဖမ္းဆီး ထိန္းသိမ္းခံ ခဲ့ရတာ ျဖစ္ပါတယ္။

ပရိသတ္ ေတြ နဲ႔ အႏုပညာ ရွင္ ညီအစ္ကို ေမာင္ႏွမ မ်ားက ပိုင္တံခြန္ အျမန္ဆုံး လြတ္ေျမာက္ ရန္ သူတို႔ရဲ့ လူမႈကြန္ယက္ မ်ားတြင္ Speak Out လုပ္ေပးေနၾကတာ ျဖစ္ပါတယ္။ သူ႔ရဲ့ မိခင္ကလည္း သားျဖစ္သူရဲ့ က်န္းမာေရး အတြက္ စိုးရိမ္ ပူ ပန္ေနတာပါ။ မၾကာေသးခင္ နာရီပိုင္းေလာက္ ကလည္း ပိုင္တံခြန္ ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ အရင္လို ေမာင္ႏွမစုံစုံ လင္လင္နဲ႔ မိဘႏွစ္ပါးကို မကန္ေတာ့ရတဲ့ အတြက္ ဝမ္းနည္း မိေၾကာင္း ရင္ဖြင့္ ေျပာၿပ လာတာ ျဖစ္ပါတယ္။

သူမကလည္း ” မေန႔က အေမ့အိမ္ကို သြားေတာ့ ပိန္သြားတဲ့ အေမ့ကို ၾကည့္ၿပီး စိတ္မေကာင္း ျဖစ္ရတယ္။ အရင္လို ေမာင္ႏွမ စုံစုံလင္လင္ နဲ႔ အေမ နဲ႔ အေဖ့ကို မကန္ေတာ့ ရ ေတာ့ ဝမ္းနည္းခ်က္က ေျပာမၿပ တတ္ဘူး။ပိုင္…နင့္ကို အရမ္း သတိရတာပဲ။ အဆင္ေရာ ေျပရဲ့လား? နင္ရွိရင္ ေပ်ာ္ရမွာ။ အိမ္ကလည္း ဆူညံေနမွာ။ အခုေတာ့ တိတ္ ဆိတ္ၿပီး ပူပင္ေသာက မ်က္ႏွာေတြ နဲ႔။ တို႔အေမလည္း ေနမေကာင္း ဘူးဟ။ကိုယ့္ေမာင္ ကို စိတ္ပူတာ က တစ္မ်ိဳး၊ အေမ့ကို စိတ္ပူရတာက တစ္မ်ိဳး နဲ႔ အိပ္မရတဲ့ ရက္ေတြလည္း မ်ားခဲ့ၿပီ။ စိတ္ရႈပ္စရာ ေတြ မ်ားလြန္းလို႔ ကိုယ္ပါ မလဲ က်သြားဖို႔ အားတင္း ထားရတယ္။ ဒီကာလဆိုး ကေန အျမန္ဆုံးလြတ္ေျမာက္ပါရေစေတာ့ဗ်ာ😔” ဆိုၿပီး ဝမ္းနည္းစြာ နဲ႔ ေရး သား ထားတာပါ။

Source and Photo Crd-May Chit Thway’s Facebook Account

UNICODE

သရုပ်ဆောင် ပိုင်တံခွန် ကတော့ မြန်မာနိုင်ငံ တွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှား မှုတွေမှာ ပြည်သူတွေ နဲ့ အတူ တစ်သား တည်း ပါဝင် ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါ တယ်။ လူငယ် ပီပီ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပူးပေါင်း ပါဝင်ခဲ့တဲ့ ပိုင်တံခွန် ရဲ့ စိတ်ထား ကို တော့ ပရိသတ်တွေက လေးစား ဂုဏ်ယူ နေကြတာ ဖြစ်ပါတယ်။ သူ့ကိုတော့ ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲ ဆိုပြီး နောက်ရက်မှာဘဲ နေအိမ် တွင် ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ် တွေ နဲ့ အနုပညာ ရှင် ညီအစ်ကို မောင်နှမ များက ပိုင်တံခွန် အမြန်ဆုံး လွတ်မြောက် ရန် သူတို့ရဲ့ လူမှုကွန်ယက် များတွင် Speak Out လုပ်ပေးနေကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ မိခင်ကလည်း သားဖြစ်သူရဲ့ ကျန်းမာရေး အတွက် စိုးရိမ် ပူ ပန်နေတာပါ။ မကြာသေးခင် နာရီပိုင်းလောက် ကလည်း ပိုင်တံခွန် ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အရင်လို မောင်နှမစုံစုံ လင်လင်နဲ့ မိဘနှစ်ပါးကို မကန်တော့ရတဲ့ အတွက် ဝမ်းနည်း မိကြောင်း ရင်ဖွင့် ပြောပြ လာတာ ဖြစ်ပါတယ်။

သူမကလည်း ” မနေ့က အမေ့အိမ်ကို သွားတော့ ပိန်သွားတဲ့ အမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ အရင်လို မောင်နှမ စုံစုံလင်လင် နဲ့ အမေ နဲ့ အဖေ့ကို မကန်တော့ ရ တော့ ဝမ်းနည်းချက်က ပြောမပြ တတ်ဘူး။ပိုင်…နင့်ကို အရမ်း သတိရတာပဲ။ အဆင်ရော ပြေရဲ့လား? နင်ရှိရင် ပျော်ရမှာ။ အိမ်ကလည်း ဆူညံနေမှာ။ အခုတော့ တိတ် ဆိတ်ပြီး ပူပင်သောက မျက်နှာတွေ နဲ့။ တို့အမေလည်း နေမကောင်း ဘူးဟ။ကိုယ့်မောင် ကို စိတ်ပူတာ က တစ်မျိုး၊ အမေ့ကို စိတ်ပူရတာက တစ်မျိုး နဲ့ အိပ်မရတဲ့ ရက်တွေလည်း များခဲ့ပြီ။ စိတ်ရှုပ်စရာ တွေ များလွန်းလို့ ကိုယ်ပါ မလဲ ကျသွားဖို့ အားတင်း ထားရတယ်။ ဒီကာလဆိုး ကနေ အမြန်ဆုံးလွတ်မြောက်ပါရစေတော့ဗျာ😔” ဆိုပြီး ဝမ်းနည်းစွာ နဲ့ ရေး သား ထားတာပါ။

Source and Photo Crd-May Chit Thway’s Facebook Account