အနာဂတ္မွာ ေတာက္ပ ေနတဲ့ ၾကယ္ပြင့္ ေလးေတြက လူထု လႈပ္ရွားမႈေတြ မွာ ရဲရင့္စြာ ပါဝင္ၾကရင္း အေစာဆုံး ေႂကြလြင့္သြားခဲ့ရၿပီ ျဖစ္ပါတယ္။လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ မွာဆိုရင္ ကေလးအစ ၊လူႀကီး အဆုံး တစ္ေထာင့္ တစ္ေနရာ ကေနပါဝင္အား ျဖည့္ေနၾကတာ ျဖစ္ၿပီး စည္းစည္း လုံးလုံး လည္း ရွိၾကတာျဖစ္ပါတယ္။အသက္ ငယ္ငယ္ ေလးေတြနဲ႔ က်ဆုံး သြားရတဲ့ သူရဲေကာင္း ေလးေတြအတြက္ လည္း ျပည္သူ လူ ထုက ဝမ္းနည္းခံ စားရၿပီး သူတို႔ေတြ အသက္ေပးရတာ နဲ႔ တန္ေအာင္ အခု ခ်ိန္ထိ အားႀကိဳး မာန္တက္ ဆက္လက္ လႈပ္ရွား ေနၾကဆဲ ျဖစ္ပါတယ္။

က်ဆုံး သြားတဲ့ သူေတြထဲမွာ ပညာတတ္ ေလးေတြ လည္းပါဝင္သလို မိသားစု ကိိုေစာင့္ေရွာက္ေပးေနရ တဲ့လူငယ္ေလးေတြ လည္းပါဝင္ပါတယ္။(၁၄.၃.၂၀၂၁) ရက္ေန႔က ဆိုရင္ အထက္တန္း ေက်ာင္းသားအရြယ္ သာရွိေသးတဲ့ ေမာင္ၾကယ္စင္ဟိန္း က လူထု လႈပ္ရွား မႈမွာ ပါဝင္ရင္း အသက္ေပး သြားခဲ့ရတာ ျဖစ္ပါတယ္။ေမာင္ၾကယ္စင္ဟိန္း ကမိသားစု အေပၚမွာလည္း သိတတ္တဲ့ သူျဖစ္လို႔ (၁၀) တန္းၿပီးသြားရင္ ဖခင္ကို အလုပ္နားခိုင္းၿပီး အိမ္စီးပြားေရးအတြက္ တဖက္ တလမ္းက ဝိုင္းကူ ေပးမယ္ လို႔လည္း သိရ ပါတယ္။ဒါေပမယ့္ ေမာင္ၾကယ္စင္ဟိန္း ကေတာ့ (၁၀) တ န္းမတက္ရ ေသးခင္မွာပဲ မိသားစုကို ခြဲခြါသြားခဲ့ ၿပီျဖစ္ပါတယ္။

က်ဆုံးသြားၿပီး ေနာက္မွာ ေမာင္ၾကယ္စင္ဟိန္း ရဲ့အေလာင္းကို ျပန္မရတာေၾကာင့္ မိသားစုက ေတာ့ ေျမဆြမ္းသပိတ္ သာသြပ္ေပးခဲ့ရတာျဖစ္ပါတယ္။ေမာင္ၾကယ္စင္ဟိန္းရဲ့ နာေရး မွာ မ႑ပ္ထိုးဖို႔ အတြက္ေတာင္ ကူညီေပးမယ့္ သူမရွိဘဲ နာေရးအိမ္က မစည္ကားဘဲ ေျခာက္ကပ္ ေနတာျဖစ္ပါတယ္။အသုဘဖိတ္စာစာရြက္ေတာင္ မလုပ္ရတဲ့ အျပင္သခၤ်ိဳင္းေျမခ်စရာ အေလာင္းလည္း မရွိလို႔ မိသားစုက ေတာ့ အရမ္းရင္ကြဲ ေနရတာျဖစ္ပါတယ္။မိဘအေပၚမွာ လည္းအရမ္းသိတတ္လိမၼာတဲ့ ေမာင္ၾကယ္စင္ဟိန္း ရဲ့ က်န္ရစ္သူ မိသားစုဝင္ေတြကို တတ္နိုင္ သေလာက္ ကူညီေဖးမ ေပးဖို႔အတြက္ တိုက္တြန္း ႏွိုးေဆာ္ရင္း ျပန္လည္မၽွေဝေပးလိုက္ ပါတယ္။

Source&Photo Credit: Original Uploder

UNICODE

အနာဂတ်မှာ တောက်ပ နေတဲ့ ကြယ်ပွင့် လေးတွေက လူထု လှုပ်ရှားမှုတွေ မှာ ရဲရင့်စွာ ပါဝင်ကြရင်း အစောဆုံး ကြွေလွင့်သွားခဲ့ရပြီ ဖြစ်ပါတယ်။လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာဆိုရင် ကလေးအစ ၊လူကြီး အဆုံး တစ်ထောင့် တစ်နေရာ ကနေပါဝင်အား ဖြည့်နေကြတာ ဖြစ်ပြီး စည်းစည်း လုံးလုံး လည်း ရှိကြတာဖြစ်ပါတယ်။အသက် ငယ်ငယ် လေးတွေနဲ့ ကျဆုံး သွားရတဲ့ သူရဲကောင်း လေးတွေအတွက် လည်း ပြည်သူ လူ ထုက ဝမ်းနည်းခံ စားရပြီး သူတို့တွေ အသက်ပေးရတာ နဲ့ တန်အောင် အခု ချိန်ထိ အားကြိုး မာန်တက် ဆက်လက် လှုပ်ရှား နေကြဆဲ ဖြစ်ပါတယ်။

ကျဆုံး သွားတဲ့ သူတွေထဲမှာ ပညာတတ် လေးတွေ လည်းပါဝင်သလို မိသားစု ကိိုစောင့်ရှောက်ပေးနေရ တဲ့လူငယ်လေးတွေ လည်းပါဝင်ပါတယ်။(၁၄.၃.၂၀၂၁) ရက်နေ့က ဆိုရင် အထက်တန်း ကျောင်းသားအရွယ် သာရှိသေးတဲ့ မောင်ကြယ်စင်ဟိန်း က လူထု လှုပ်ရှား မှုမှာ ပါဝင်ရင်း အသက်ပေး သွားခဲ့ရတာ ဖြစ်ပါတယ်။မောင်ကြယ်စင်ဟိန်း ကမိသားစု အပေါ်မှာလည်း သိတတ်တဲ့ သူဖြစ်လို့ (၁၀) တန်းပြီးသွားရင် ဖခင်ကို အလုပ်နားခိုင်းပြီး အိမ်စီးပွားရေးအတွက် တဖက် တလမ်းက ဝိုင်းကူ ပေးမယ် လို့လည်း သိရ ပါတယ်။ဒါပေမယ့် မောင်ကြယ်စင်ဟိန်း ကတော့ (၁၀) တ န်းမတက်ရ သေးခင်မှာပဲ မိသားစုကို ခွဲခွါသွားခဲ့ ပြီဖြစ်ပါတယ်။

ကျဆုံးသွားပြီး နောက်မှာ မောင်ကြယ်စင်ဟိန်း ရဲ့အလောင်းကို ပြန်မရတာကြောင့် မိသားစုက တော့ မြေဆွမ်းသပိတ် သာသွပ်ပေးခဲ့ရတာဖြစ်ပါတယ်။မောင်ကြယ်စင်ဟိန်းရဲ့ နာရေး မှာ မဏ္ဍပ်ထိုးဖို့ အတွက်တောင် ကူညီပေးမယ့် သူမရှိဘဲ နာရေးအိမ်က မစည်ကားဘဲ ခြောက်ကပ် နေတာဖြစ်ပါတယ်။အသုဘဖိတ်စာစာရွက်တောင် မလုပ်ရတဲ့ အပြင်သင်္ချိုင်းမြေချစရာ အလောင်းလည်း မရှိလို့ မိသားစုက တော့ အရမ်းရင်ကွဲ နေရတာဖြစ်ပါတယ်။မိဘအပေါ်မှာ လည်းအရမ်းသိတတ်လိမ္မာတဲ့ မောင်ကြယ်စင်ဟိန်း ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို တတ်နိုင် သလောက် ကူညီဖေးမ ပေးဖို့အတွက် တိုက်တွန်း နှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက် ပါတယ်။

Source&Photo Credit: Original Uploder