Miss Universe Myanmar အဖြစ် နဲ့ တိုင်းတပါးမှာ သွားရောက် ယှဉ်ပြိုင်ပြီး အမိ မြန်မာပြည် ကို ပြန်လာဖို့ မလွယ်တော့ တဲ့ သူဇာဝင့်လွင် ဟာ လတ်တလောမှာတော့ အမေရိမှာ နေထိုင်ပြီး မော်ဒယ် အေဂျင်စီ တစ်ခု မှာ ဝင်ရောက် လုပ်ကိုင် နေခဲ့ ပါပြီ။ ဒီနေ့ မှာလည်း ကန်ဒီက လော့အိန်ဂျလိစ် နိုင်ငံက Beverly Hills မြို့မှာ ရိုက်ကူးထားတဲ့ ပုံရိပ်လေး ကို လူမှု့ ကွန်ရက်မှာ ဝေမျှခဲ့ပြီး နောက် အမဖြစ် သူမေဟာ ” ငါရောက် ဖူးချင်တဲ့ နေရာလေး.. ပျော်နေတာ မြင်တော့ ဝမ်းသာပါတယ်. တို့ဝရမ်းပြေး ဘဝက လွတ်တဲ့ တ နေ့မှ ပြန်ဆုံ ကြစို့ တို့ ဖန်မလီ ” ဆိုပြီး ဝင်ရောက် မှတ်ချက် ပေးခဲ့ပါတယ်။ ဒီမှတ်ချက်လေး ကို မြင်ကြတဲ့ ပရိသတ်တွေဟာ စိတ်မကောင်း ဖြစ်ပြီး အားတင်း ထားဖို့နဲ့ ဘေးကင်းစေ ကြောင်း ဆုတောင်း ပေးခဲ့ ကြပါတယ်။

အမဖြစ် သူ ရဲ့ မှတ်ချက်ကို ” Miss you ဒီမှာ လည်း passport ဖျက်ခံရ တယ်ဆိုလား” ဆိုပြီး ကန်ဒီက ပြန်လည် မှတ် ချက်ပေးခဲ့ပါတယ်။ အမဖြစ်သူ မေဟာလည်း ပြည်သူ တွေနဲ့ တစ်သားတည်း ရပ်တည်ခဲ့ တာကြောင့် (၅၀၅) (က) နဲ့ အမှုဖွင့်ခံရပြီး ဘေးလွတ်ရာ ကို တိမ်းရှောင် နေရသလို ညီမ ဖြစ်သူ ကန်ဒီဟာ လည်း တ ကမ္ဘာလုံးက ကြည့်နေတဲ့ Miss Universe စင်မြင့် ထက်မှာ မြန်မာ့ အရေးကို ရဲရဲဝံ့ဝံ့ ထုတ် ဖော်ခဲ့တာ ကြောင့် မြန်မာပြည် ကို ပြန်လာဖို့ အဆင်မပြေနိုင်သေး ပါဘူး။ ဒီလို အခက်အခဲ တွေကိုယ်စီနဲ့ ရင်ဆိုင်နေ ရတဲ့ ညီအမ နှစ်ယော က် ကို ပရိသတ်တွေက အားပေး စကားပြောခဲ့ ကြပါတယ်။

မြန်မာပြည် အတွက် ရောင်နီလာမယ့် နေ့ရက် တွေရောက်ရင် ပြည်သူတွေ ရဲ့ ဆန္ဒနဲ့ထပ်တူ ကျပြီး ပြည်သူတွေ ဖက် ကရပ်တည် ပေးခဲ့တဲ့ အနုပညာ ရှင် တိုင်းကို ပြည်သူတွေ က လက်ကမ်းကြိုပြီး အကောင်းဆုံးတွေ ပြန်ပေးဖို့ အဆင်သင့် ပါပဲ။ ရဲရင့်ပြီး ဆုံးဖြတ် ချက်ပြတ်သားတဲ့ မေ နဲ့ ကန်ဒီလို သမီးလေးတွေကို ပိုင်ဆိုင် ထားတဲ့ မိဘအတွက်တော့ တကယ့် ကိုဂုဏ်ယူစ ရာဖြစ်နေမှာ ပါ။ ပရိသတ် တွေရဲ့ချစ်ခြင်း မေတ္တာ ကြောင့် ညီအမနှစ်ယောက်လုံး ဘေးကင်းပြီး ပိုမိုအောင်မြင်ပျော်ရွှင်တဲ့ ဘဝတွေကို ကိုယ်စီ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်။ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

သတင်းအရင်းမြစ်: Thu Zar Wint Lwin’s FB Acc

ZAWGYI

Miss Universe Myanmar အျဖစ္ နဲ႔ တိုင္းတပါးမွာ သြားေရာက္ ယွဥ္ၿပိဳင္ၿပီး အမိ ျမန္မာျပည္ ကို ျပန္လာဖို႔ မလြယ္ေတာ့ တဲ့ သူဇာဝင့္လြင္ ဟာ လတ္တေလာမွာေတာ့ အေမရိမွာ ေနထိုင္ၿပီး ေမာ္ဒယ္ ေအဂ်င္စီ တစ္ခု မွာ ဝင္ေရာက္ လုပ္ကိုင္ ေနခဲ့ ပါၿပီ။ ဒီေန႔ မွာလည္း ကန္ဒီက ေလာ့အိန္ဂ်လိစ္ နိုင္ငံက Beverly Hills ၿမိဳ႕မွာ ရိုက္ကူးထားတဲ့ ပုံရိပ္ေလး ကို လူမႈ႔ ကြန္ရက္မွာ ေဝမၽွခဲ့ၿပီး ေနာက္ အမျဖစ္ သူေမဟာ ” ငါေရာက္ ဖူးခ်င္တဲ့ ေနရာေလး.. ေပ်ာ္ေနတာ ျမင္ေတာ့ ဝမ္းသာပါတယ္. တို႔ဝရမ္းေျပး ဘဝက လြတ္တဲ့ တ ေန႔မွ ျပန္ဆုံ ၾကစို႔ တို႔ ဖန္မလီ ” ဆိုၿပီး ဝင္ေရာက္ မွတ္ခ်က္ ေပးခဲ့ပါတယ္။ ဒီမွတ္ခ်က္ေလး ကို ျမင္ၾကတဲ့ ပရိသတ္ေတြဟာ စိတ္မေကာင္း ျဖစ္ၿပီး အားတင္း ထားဖို႔နဲ႔ ေဘးကင္းေစ ေၾကာင္း ဆုေတာင္း ေပးခဲ့ ၾကပါတယ္။

အမျဖစ္ သူ ရဲ့ မွတ္ခ်က္ကို ” Miss you ဒီမွာ လည္း passport ဖ်က္ခံရ တယ္ဆိုလား” ဆိုၿပီး ကန္ဒီက ျပန္လည္ မွတ္ ခ်က္ေပးခဲ့ပါတယ္။ အမျဖစ္သူ ေမဟာလည္း ျပည္သူ ေတြနဲ႔ တစ္သားတည္း ရပ္တည္ခဲ့ တာေၾကာင့္ (၅၀၅) (က) နဲ႔ အမႈဖြင့္ခံရၿပီး ေဘးလြတ္ရာ ကို တိမ္းေရွာင္ ေနရသလို ညီမ ျဖစ္သူ ကန္ဒီဟာ လည္း တ ကမၻာလုံးက ၾကည့္ေနတဲ့ Miss Universe စင္ျမင့္ ထက္မွာ ျမန္မာ့ အေရးကို ရဲရဲဝံ့ဝံ့ ထုတ္ ေဖာ္ခဲ့တာ ေၾကာင့္ ျမန္မာျပည္ ကို ျပန္လာဖို႔ အဆင္မေျပနိုင္ေသး ပါဘူး။ ဒီလို အခက္အခဲ ေတြကိုယ္စီနဲ႔ ရင္ဆိုင္ေန ရတဲ့ ညီအမ ႏွစ္ေယာ က္ ကို ပရိသတ္ေတြက အားေပး စကားေျပာခဲ့ ၾကပါတယ္။

ျမန္မာျပည္ အတြက္ ေရာင္နီလာမယ့္ ေန႔ရက္ ေတြေရာက္ရင္ ျပည္သူေတြ ရဲ့ ဆႏၵနဲ႔ထပ္တူ က်ၿပီး ျပည္သူေတြ ဖက္ ကရပ္တည္ ေပးခဲ့တဲ့ အႏုပညာ ရွင္ တိုင္းကို ျပည္သူေတြ က လက္ကမ္းႀကိဳၿပီး အေကာင္းဆုံးေတြ ျပန္ေပးဖို႔ အဆင္သင့္ ပါပဲ။ ရဲရင့္ၿပီး ဆုံးျဖတ္ ခ်က္ျပတ္သားတဲ့ ေမ နဲ႔ ကန္ဒီလို သမီးေလးေတြကို ပိုင္ဆိုင္ ထားတဲ့ မိဘအတြက္ေတာ့ တကယ့္ ကိုဂုဏ္ယူစ ရာျဖစ္ေနမွာ ပါ။ ပရိသတ္ ေတြရဲ့ခ်စ္ျခင္း ေမတၱာ ေၾကာင့္ ညီအမႏွစ္ေယာက္လုံး ေဘးကင္းၿပီး ပိုမိုေအာင္ျမင္ေပ်ာ္ရႊင္တဲ့ ဘဝေတြကို ကိုယ္စီ ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္း ေပးပါတယ္။ဖတ္ရႈ႔ေပးသူ တစ္ေယာက္ခ်င္းစီတိုင္းကိုလည္း ေက်းဇူးအထူးတင္ရွိပါတယ္။

သတင္းအရင္းျမစ္: Thu Zar Wint Lwin’s FB Acc