တချိန်က အငြိမ့်ပွဲ တော်တော်များများမှာ ပရိတ်သတ်တွေ ကို ရယ်မော ပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော်ကြီးတဦး ဖြစ်တဲ့ ဦးချစ်စရာ က သူ့ဘဝအကြောင်းနဲ့ပတ်သက်ပြီး နောင်တရ အားငယ်ချက် တချို့ကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။ သူ့ဘဝမှာ သူများတွေလိုပဲ မိသားစု စုံစုံလင်လင် နဲ့ နေချင်တဲ့အကြောင်းနဲ့ သူများတွေ မိသားစုနဲ့ ပျော်ပါးစုံလင်နေတာ မြင်ရင် အားကျမိ တာကြောင့်လို့ ဆိုပါတယ်။

ဒါပေမယ့် ဇနီးဖြစ်သူရဲ့ နှလုံးရောဂါကြောင့် သားသမီး မယူခဲ့ဖြစ်လို့ သားထောက်သမီးခံ တယောက်မှ မရှိတဲ့ သူ့ဘဝကို အားငယ်နေ ကြောင်းအခုလိုရင်ဖွင့်ပြောပြလာတာပါ။ “သူများ မိသားစုတွေ ပျော်ပါးနေတာ မြင်ရင် အားကျတယ်။ မိသားစု ပျော်ပျော် ပါးပါးလေး သားသမီးတွေ၊ ဇနီးမယား စုံစုံလင်လင် နဲ့ သိပ်နေချင်တယ်။ဦး ရဲ့ အမျိုးသမီး နှလုံးရောဂါကြောင့် ကလေး ယူရင် အန္တရာယ် ဖြစ်မှာ စိုးလို့ သားသမီး မယူဖြစ်ခဲ့ဘူး။

အခု အမျိုးသမီး ဆုံးသွားတာ (၃) နှစ် ကျော်ပြီ။ကျောထောက် နောက်ခံ သားသမီး မရှိဘဲ တစ် ယောက်တည်းမို့ အားငယ်တယ်” လို့ ပြောလာတဲ့ သရုပ်ဆောင် လူရွှင်တော် ဦးချစ်စရာကို တခုခု အားပေးစကားလေး ပြောသွားပေးပါဦးနော် ။ဦးချစ်စရာ က အခုဆိုရင် အသက် (၇၀) ကျော်ထဲ ကို ရောက်ရှိနေပြီ ဖြစ်ပြီး ကျန်းကျန်းမာမာပဲရှိနေတုန်းဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်နော်။

Credit……

ZAWGYI




Credit……