ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင် တစ်ဦးဖြစ်တဲ့ ဗီဗာဟိန်း ဟာဆိုရင် မြူးမြူး ကြွကြွသီချင်းတွေကို သီဆိုရင်းပရိတ်သတ် အားပေး ချစ်ခင်ရတဲ့အောင်မြင်နေတဲ့ ဂီတအနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်နော်။ဗီဗာဟိန်း ကတော့ အနုပညာရှင်တွေ ဖြစ်ကြတဲ့ အဆိုတော် ဗိုလ်ဟိန်း နဲ့ အဆိုတော်ဗိုလ်မဆိုတဲ့တေးသံရှင်တွေရဲ့ မျိုးဆက်သစ်အဆိုတော်တစ်ဦးပဲဖြစ်ပြီး rap အဆိုတော်ရှိုင်းလင်းအောင် ရဲ့ ညီမလေးလည်းဖြစ်ပါတယ်နော်။

မြန်မာနိုင်ငံအနှံ့အပြားလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးအောက်ဆီဂျင် မလုံလောက်မှုကြောင့် အသက်ပေါင်း များစွဆုံးရှုံးနေရ ပါတယ်။ ကိုဗစ်ကြောင့်အသက်ဆုံးရှုံး ရတဲ့ သူတွေထဲမှာအဆိုတော် ဗီဗာဟိန်း ရဲ့ မိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူတို့အပါအဝင်ပဲ ဖြစ်ပါတယ်နော်။ဖခင်ဖြစ်သူကြီးကွယ်လွန်သွားပြီ ရက်ပိုင်းအကြာမှာ မိခင်ကိုထပ်မံဆုံးရှုံး ရတာဖြစ်ပြီး နောက်ထပ်မကြာခင် ရက်ပိုင်းမှာ ထပ်မံပြီး အစ်ကိုဖြစ်သူကွယ်လွန်သွားတာပဲ ဖြစ်ပါတယ်နော်။မိသားစု လေးယောက်မှာ သုံးယောက်က တစ်ပတ်အတွင်း ရှေ့ဆင့် နောက်ဆင့် ထွက်ခွါသွားခဲ့တဲ့ ဗီဗာဟိန်း ရဲ့ အဖြစ်ကတော့ တကယ်ကိုဆိုးလွန်းပါတယ်နော်။

ဒီလိုမိသားစုတွေ ရှေ့ဆင့်နောက်ဆင့်ဆုံးရှုံးသွားလို့ ရင်ကွဲမတတ်ခံစားခဲ့ရတဲ့ သူမရဲ့ခံစားချက်တွေကို အင်တာဗျူးတစ်ခုက နေတစ်ဆင့် ရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ဗီဗာဟိန်း က အဖေသေတော့ မငိုရဲခဲ့ဘူး အမေသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ ကိုယ်ဟာကိုစိတ်ထဲမှာပဲကြိတ်ပြီး ခံစားနေခဲ့ရတယ်။အနားမှာဘယ်သူမှမရှိပဲတစ်ယောက်ထဲ ရင်ကွဲယုံကြီးထဲမှာ မိဘနှစ်ပါး နဲ့ အစ်ကိုကြီးရဲ့အလောင်းကိုကြည့်ပြီး ရင်ကွဲမတတ်ခံစားနေခဲ့ရတာတွေကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။မိသားစုတွေဆုံးရှုံးရတာနဲ့ပတ်သက်ပြီး သူမခံစားနေရတာကိုရင်ဖွင့်ပြောပြလာတဲ့ ဗီဗာဟိန်း ရဲ့ အင်တာဗျူးဗီဒီယိုလေးကိုအခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်.။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Source and Video Credit ; Myanmar Celebrity TV
crd Celebrity Platforms

ZAWGYI



