



unicode

မင်းသားချောစည်ဖြိုးကတော့ ဗီဒီယိုဇာတ်ကားတွေ အများအပြားကိုရိုက်ကူးခဲ့ပြီး အမြို့မြို့၊အနယ်နယ်မှာရှိတဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။စည်ဖြိုးက ယနေ့အချိန်မှတော့ အနုပညာအလုပ် တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်း မိသားစုရဲ့စီးပွားရေးကိုလည်း ဝိုင်းကူပေးနေတာဖြစ်ပါတယ်။စည်ဖြိုးက မိဘနှစ်ပါးကိုလည်းစောင့်ရှောက်သလို ပူပူနွေးနွေးလက်ထပ်ထားတဲ့ ချစ်ဇနီးလေး ကိုလည်း အမြဲဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။

စည်ဖြိုးရဲ့မိဘနှစ်ပါးကလည်း ခေတ်နဲ့လျော်ညီစွာ ပြုမူနေထိုင်တတ်ပြီး စိတ်သဘောထားပြည့်ဝ ကြတဲ့သူတွေဖြစ်ပါတယ်။စည်ဖြိုးရဲ့မေမေ အန်တီသီကလည်း အခုအရွယ်ထိတိုင်နုပျိုလှပပြီး အရမ်းချောလို့ ကြော်ငြာတွေတောင် ရိုက်နေရတာဖြစ်ပါတယ်။အန်တီသီက သားတွေကိုလည်းအရမ်းချစ်သလို ချွေးမလေးဖြစ်တဲ့ ခင်လွှမ်းကိုလည်း မိခင်အရင်းလိုမျိုးဂရုစိုက်ကြင်နာပေးတာဖြစ်ပါတယ်နော်။စည်ဖြိုးတို့မိသားစုလေ က သိုက်သိုက်ဝန်းဝန်းနဲ့ အပြန်အလှန်ချစ်ခင် ကြင်နာကြတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

စည်ဖြိုးရဲ့ မေမေကလည်း အလှူအတန်းဆိုအရမ်းရက်ရော တာကြောင့် ဒီ‌နေ့အချိန်ထိ အလှူရေစက်လက် နဲ့မကွာဘဲ အိမ်မှာအလုပ်လုပ် ပေးကြတဲ့သူတွေကိုလည်း ကြည့်ရှု့ပေးတာဖြစ်ပါတယ်။အခုဆိုရင် အန်တီသီက အားနည်းပြီး ဆေးသွင်းနေရ တာဖြစ်လို့ စည်ဖြိုးကတော့”မိသားစုအကျိုး အများအကျိုး…ဘာသာသာသနာအကျိုး သယ်ပိုးရင်း…တစ်ခါတစ်ခါတော့လည်း ပင်ပန်းရတာပေါ့ … ပြုသမျှကုသိုလ်အား နဲ့ အားလုံးရဲ့မေတ္တာရယ်ကြောင့် ..အမြန်နေကောင်းမှာပါ သူတော်ကောင်းမိခင်ကျေးဇူးရှင်…”ဆိုပြီး ချစ်မေမေ မြန်မြန်ပြန် ကောင်းဖို့အတွက် ဆုတောင်းပေးနေတာဖြစ်ပါတယ်နော်။

Source&Photo Credit:Si Phyo’s Facebook Account