



UNICODE

ပရိသတ်ကြီးရေ အဆိုတော် ၊ သရုပ်ဆောင် ၊ ဒါရိုက်တာ တစ်‌ယောက် ဖြစ်တဲ့ ယုန်‌လေး ကတော့ အနုပညာ လောကမှာ နေရာ တစ်ခုကနေ ရပ်တည် နေတဲ့သူတစ်ယောက်ဖြစ် ပါတယ် နော်။ယုန်လေး က မြင့်မြတ် ၊ ကေညီ ၊ ထူးခြား စတဲ့အနုပညာရှင် တွေနဲ့လည်း အရမ်းခင်မင် လို့ ဘယ်အရာ မဆို ညီအစ်ကို တွေလိုမျိုး တိုင်ပင်ကြတာ ဖြစ်ပါတယ်။ယုန်လေး ကို အားပေး ချစ်ခင်ကြတဲ့ ပရိသတ်တွေ ကတော့ သူ့ရဲ့အနုပညာ လှုပ်ရှားမှုတိုင်း ဝန်းရံကြပြီး Live Sales လေးတွေလုပ်ရင်လည်း မှာယူအားပေး ကြပါတယ်နော်။

ယုန်လေး က စိတ်သဘောထားပြည့် ဝတာကြောင့် အလှူအတန်း လည်း ရက်ရောပြီး လိုအပ်သူတွေကို တတ်နိုင်သလောက် ကူညီနေတာ ဖြစ် ပါတယ်။ယုန်လေးကူညီပြီး ကြ ည့်ရှု့ စောင့်ရှောက် ထားလို့ အဆင်ပြေတဲ့ ဘဝလေးတစ်ခု ကို ပိုင်ဆို င်သွားကြတဲ့ လူတွေ ကလည်း ကျေးဇူးရှင် ယုန်လေးကို အမြဲသတိတရနဲ့ လာကန်တော့ ကြတာဖြစ်ပါတယ်နော်။ယုန်လေး ကတော့ လူတိုင်း အပေါ်မှာ ဖော်ရွေစွာ ဆက်ဆံတတ်ပြီး အောက်ခြေ လူတန်းစားတွေနဲ့ လည်း ခင်ခင်မင်မင်နေတတ်တာဖြစ်ပါတယ်။

အခုဆိုရင် တော့ ယုန်လေး က မီးပွိုင့်မှာ ပန်းရောင်း နေကြတဲ့ ကလေးငယ်လေးတွေကို ပိုက်ဆံတစ်သောင်းတန် ၊ ငါးထောင်တန်တွေ နဲ့ ပျော်ရွှင်အောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ယုန်‌လေး က”လွတ်လပ်ရေးနေ့ မဆော့လိုက် ရတဲ့ အနေနဲ့ ဒီနေ့ ကျွန်တော်ရဲ့ ဆရာကြီးတွေ နဲ့ မီးပွိုင့်မှာ Rockerဘူးလေးတွေ နဲ့ ဆော့ခဲ့တယ် .သူတို့ ပျော်နေတာ ကြည့်ပြီး ကိုယ်လည်း အပျော်တွေ ကူးပါတယ် . အားလုံး အရာရာ အဆင်ပြေ ပါစေ”ဆိုပြီး သူ့ရဲ့ပီတိလေး ကို ရေးသားထားတာ ဖြစ်ပါတယ်။ယုန်လေး ကိုယ်တိုင်လည်း လမ်းဘေးမှာ ထိုင်ပြီး အရမ်းပျော်ရွှင် နေလို့ သူ့ရဲ့ဗီဒီယို ဖိုင်လေးကို ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Video Credit:Yone Lay’s Facebook page