ပရိသတ္ႀကီးေရ.. ပုရိသ ပရိသတ္ ေတြ ရဲ့အားေပး ခ်စ္ခင္မႈေတြ ကို အမ်ားဆုံး ရရွိထားတဲ့ သ႐ုပ္ေဆာင္ မင္းသမီး ေခ်ာ ေအးဝတ္ရည္ေသာင္းကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈ ေတြ အခိုင္အမာ နဲ႔ ေလၽွာက္လွမ္း ေနသူပဲ ျဖစ္ပါတယ္..။မေအးေသာင္း လို႔ အမ်ားက ခ်စ္စနိုး ေခၚၾကတဲ့ သူမ ကေတာ့ ေတာ္လွန္ေရးတိုက္ပြဲ ႀကီးမွာ ရဲရဲ ရင့္ရင့္ ပါဝင္ၿပီး လူထုလႈပ္ရွားမႈေတြမွာကိုယ္တိုင္ပါဝင္သလို လႉဒါန္းမႈေတြျပဳလုပ္ၿပီးေတာ့လည္း ျပည္သူေတြနဲ႔ရပ္တည္ေနသူလည္း ျဖစ္ပါတယ္..။

ေအးဝတ္ရည္ေသာင္း ကေတာ့ မတ္လ(၂၇) ရက္ေန႔ က မႏၲေလးၿမိဳ႕ ၁၁၆ လမ္း ၅၆ / ၅၇ ၾကားမွာ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး အိမ္ေထာင္စု (၇၀) ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္သြား ခဲ့ရ တဲ့ မီးေဘး သင့္ခဲ့တဲ့ ျပည္သူေတြ အတြက္ ဒီက ေန႔မွာပဲ လႉဒါန္းမႈ ေတြ ျပဳလုပ္ခဲ့ပါတယ္..။အခက္အခဲ ေတြနဲ႔ ရင္ဆိုင္ ၾကဳံေတြ႕ေန ၾကရတဲ့ မီးေဘးသင့္ ျပည္သူေတြ အတြက္ အလႉရွင္ ေတြ နဲ႔ အတူ စားေသာက္ ကုန္ေတြအျပင္၊ အိမ္အသုံး အေဆာင္ ပစၥည္းေတြ နဲ႔ အလႉေငြ ေတြလည္း ေပးအပ္လႉဒါန္းခဲ့ၿပီး ကိုယ္တိုင္ ကိုယ္က် အားေပး စကားေလး ေတြေျပာကာ ေဖးမ ကူညီခဲ့တာ ျဖစ္ပါတယ္..။

“၂၇ ရက္ေန႔ မေန႔ညက မႏၲေလး ၁၁၆ လမ္း ၅၆ / ၅၇ ၾကား မီးေလာင္မႈ ျဖစ္ပြားသြားရာတြင္ အိမ္ေျခအိမ္ေထာင္စု ၇၀ေက်ာ္ ၈၀ နီးပါး အိုးမဲ့ အိမ္မဲ့ ျဖစ္သြားတယ္လို႔ သိရ ပါတယ္ရွင္။ဒီေန႔ အိမ္ေထာင္စု မ်ားအတြက္ က်မ ႏွင့္ online မွအလႉရွင္မ်ား လိုအပ္တဲ့ အိုးခြက္ ဒယ္အိုး ပန္ကန္ ဇြန္း ေရခြက္ အစရွိ သည္တို႔ ႏွင့္အတူ တစ္အိမ္ေထာင္စု လၽွင္အလႉေငြ ၂၀၀၀၀ က်ပ္ လႉဒါန္းခဲ့ ပါသည္ရွင့္။ပါဝင္ေပးတဲ့ အလႉရွင္မ်ား နဲ႔ မိတ္ေဆြမ်ား သာဓု သာဓု သာဓုပါရွင္။ 🙏🙏🙏အစစ အရာရာ စီစဥ္ေပးတဲ့ ကိုမ်ိဳးႀကီး( ပန္းပ်ိဳးသူ) ပရဟိတ အဖြဲ႕ကိုလည္းေက်းဇူး အထူးတင္ပါတယ္ရွင့္🙏🙏🙏ဒီေန႔ ေန႔လည္ ၁ နာရီမွာ လည္းမီးေဘးသင့္ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမွ မိန္းကေလး တစ္ဦးလည္း ဖြားျမင္ခဲ့ ပါတယ္ရွင့္။..” ဆိုၿပီး အလႉပုံရိပ္ေတြကို မၽွေဝ ထားတာ ျဖစ္ပါတယ္..။မီးေဘးသင့္ျပည္သူေတြအတြက္ လိုအပ္တာေတြလႉဒါန္းရင္း ကိုယ္တိုင္ ကိုယ္က် ေဖးမ ကူညီခဲ့တဲ့ ေအးဝတ္ရည္ေသာင္း ရဲ့ စိတ္ထားေလး နဲ႔ အလႉပုံရိပ္ေလး ေတြကိုလည္း ပရိသတ္ေတြက ခ်ီးက်ဴးကာ အားေပးစကားေလး ေတြ ေျပာထား ၾကတာလည္း ေတြ႕ရပါတယ္..။

သတင္းအရင္းျမစ္: Aye Thaung’s Fb Acc

UNICODE

ပရိသတ်ကြီးရေ.. ပုရိသ ပရိသတ် တွေ ရဲ့အားပေး ချစ်ခင်မှုတွေ ကို အများဆုံး ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး ချော အေးဝတ်ရည်သောင်းကတော့ အနုပညာလောကမှာ အောင်မြင်မှု တွေ အခိုင်အမာ နဲ့ လျှောက်လှမ်း နေသူပဲ ဖြစ်ပါတယ်..။မအေးသောင်း လို့ အများက ချစ်စနိုး ခေါ်ကြတဲ့ သူမ ကတော့ တော်လှန်ရေးတိုက်ပွဲ ကြီးမှာ ရဲရဲ ရင့်ရင့် ပါဝင်ပြီး လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်သလို လှူဒါန်းမှုတွေပြုလုပ်ပြီးတော့လည်း ပြည်သူတွေနဲ့ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

အေးဝတ်ရည်သောင်း ကတော့ မတ်လ(၂၇) ရက်နေ့ က မန္တလေးမြို့ ၁၁၆ လမ်း ၅၆ / ၅၇ ကြားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၇၀) ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွား ခဲ့ရ တဲ့ မီးဘေး သင့်ခဲ့တဲ့ ပြည်သူတွေ အတွက် ဒီက နေ့မှာပဲ လှူဒါန်းမှု တွေ ပြုလုပ်ခဲ့ပါတယ်..။အခက်အခဲ တွေနဲ့ ရင်ဆိုင် ကြုံတွေ့နေ ကြရတဲ့ မီးဘေးသင့် ပြည်သူတွေ အတွက် အလှူရှင် တွေ နဲ့ အတူ စားသောက် ကုန်တွေအပြင်၊ အိမ်အသုံး အဆောင် ပစ္စည်းတွေ နဲ့ အလှူငွေ
တွေလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ကိုယ်တိုင် ကိုယ်ကျ အားပေး စကားလေး တွေပြောကာ ဖေးမ ကူညီခဲ့တာ ဖြစ်ပါတယ်..။

“၂၇ ရက်နေ့ မနေ့ညက မန္တလေး ၁၁၆ လမ်း ၅၆ / ၅၇ ကြား မီးလောင်မှု ဖြစ်ပွားသွားရာတွင် အိမ်ခြေအိမ်ထောင်စု ရဝကျော် ၈၀ နီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတယ်လို့ သိရ ပါတယ်ရှင်။ဒီနေ့ အိမ်ထောင်စု များအတွက် ကျမ နှင့် online မှအလှူရှင်များ လိုအပ်တဲ့ အိုးခွက် ဒယ်အိုး ပန်ကန် ဇွန်း ရေခွက် အစရှိ သည်တို့ နှင့်အတူ တစ်အိမ်ထောင်စု လျှင်အလှူငွေ ၂၀၀၀၀ ကျပ် လှူဒါန်းခဲ့ ပါသည်ရှင့်။ပါဝင်ပေးတဲ့ အလှူရှင်များ နဲ့ မိတ်ဆွေများ သာဓု သာဓု သာဓုပါရှင်။ 🙏🙏🙏အစစ အရာရာ စီစဉ်ပေးတဲ့ ကိုမျိုးကြီး( ပန်းပျိုးသူ) ပရဟိတ အဖွဲ့ကိုလည်းကျေးဇူး အထူးတင်ပါတယ်ရှင့်🙏🙏🙏ဒီနေ့ နေ့လည် ၁ နာရီမှာ လည်းမီးဘေးသင့်ကိုယ်ဝန်ဆောင် အမျိုးသမီးမှ မိန်းကလေး တစ်ဦးလည်း ဖွားမြင်ခဲ့ ပါတယ်ရှင့်။..” ဆိုပြီး အလှူပုံရိပ်တွေကို မျှဝေ ထားတာ ဖြစ်ပါတယ်..။မီးဘေးသင့်ပြည်သူတွေအတွက် လိုအပ်တာတွေလှူဒါန်းရင်း ကိုယ်တိုင် ကိုယ်ကျ ဖေးမ ကူညီခဲ့တဲ့ အေးဝတ်ရည်သောင်း ရဲ့ စိတ်ထားလေး နဲ့ အလှူပုံရိပ်လေး တွေကိုလည်း ပရိသတ်တွေက ချီးကျူးကာ အားပေးစကားလေး တွေ ပြောထား ကြတာလည်း တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Aye Thaung’s Fb Acc