မနေ့ည က ဂျပန် နိုင်ငံတွင် ကျင်းပ ပြုလုပ်တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွင် မြန်မာအသင်း မှ ဂျပန် အသင်းကို ဆယ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့ တာ ဖြစ်ပါတယ်။ အခုလိုအခြေအနေ တွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဘောလုံးအသင်းကို ပရိသတ်များမှ ဝေဖန် အပြစ်တင် နေကြတာလည်း ဖြစ်ပါတယ်။သို့သော်လ ည်း မနေ့ကပွဲ အတွင်း မြင်တွေ့ လိုက်ရတဲ့ ကစားသမားတွေ ရဲ့ မျက်နှာအမူ အရာ တွေကြောင့် အားလုံးက စိတ်မကောင်း ဖြစ်နေကြရ ပြန်ပါတယ်။သူတို့အားလုံး နိုင်ငံတော် သီချင်းကိုတောင် လုံးဝမဆိုကြဘဲ သက်ပြင်းတွေ အကြိမ်ကြိမ် ချနေကြတာကို အားလုံးလည်း မြင်တွေ့ခဲ့ ကြရမှာပါ။

သူတို့အားလုံး ဘယ်လိုမှ မတတ် သာတဲ့ အခြေအနေ တွေကြောင့် သွားရောက် ယှဉ်ပြိုင်ခဲ့ကြတယ် လို့ ပရိသတ်တ စ်ချို့မှ ကောက်ချက်ချ နေကြတာလည်း ဖြစ်ပါတယ်။ မနေ့ညက အဆိုတော် ရန်ရန်ချန်း ရဲ့ လူမှုကွန်ယက်တွင် လည်း မတတ်သာတဲ့ အခြေအနေတွေ ကြောင့် သွားရောက် ယှဉ်ပြိုင်ခဲ့ ကြသော မြန်မာအသင်းကို အပြစ်မမြင်ကြဖို့ တောင်းဆို ထားတာ ဖြစ်ပါတယ်။

” မြန်မာ ဘောလုံးအသင်းကို အရမ်းမပြောကြပါနဲ့ ကွာ သူတို့မှာလည်း မလွန်ဆန်နိုင် တာတွေရှိနေလောက် မယ်ထင်ပါတယ် သူတို့ အခုချိန်ဘယ်လောက်တောင်စိတ်ဖိစီးနေကြမလည်း….. သူတို့လည်း ပြည်သူတွေပါပဲ အချင်းချင်း အားပေးကြရအောင် လေနော် 🤜🤛 🇲🇲 ⚽” ဆိုပြီး ရေးသထားားတာ ဖြစ်ပါတယ်။မနေ့က ပြိုင်ပွဲတွင် မြန်မာအသင်း မှ အရန် ကစားသမားတစ်ဦးက နိုင်ငံတော် သီချင်း ဆိုချိန်တွင် လက်သုံးချောင်း ထောင်ပြီး ဆန္ဒထုတ် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ထိုကစားသမား ရဲ့ ရဲရင့်သတ္တိရှိ မှုတွေကို ပြည်သူတွေက လေးစားဂုဏ်ယူ နေကြပြီး သူ့ရဲ့ဘေးကင်း လုံခြုံမှုအတွက် တော့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

crd-original

ZAWGYI

မေန႔ည က ဂ်ပန္ နိုင္ငံတြင္ က်င္းပ ျပဳလုပ္တဲ့ ကမၻာ့ဖလား ေျခစစ္ပြဲ တြင္ ျမန္မာအသင္း မွ ဂ်ပန္ အသင္းကို ဆယ္ဂိုး ဂိုးမရွိျဖင့္ ရႈံးနိမ့္ ခဲ့ တာ ျဖစ္ပါတယ္။ အခုလိုအေျခအေန ေတြမွာ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ ျမန္မာေဘာလုံးအသင္းကို ပရိသတ္မ်ားမွ ေဝဖန္ အျပစ္တင္ ေနၾကတာလည္း ျဖစ္ပါတယ္။သို႔ေသာ္လ ည္း မေန႔ကပြဲ အတြင္း ျမင္ေတြ႕ လိုက္ရတဲ့ ကစားသမားေတြ ရဲ့ မ်က္ႏွာအမူ အရာ ေတြေၾကာင့္ အားလုံးက စိတ္မေကာင္း ျဖစ္ေနၾကရ ျပန္ပါတယ္။သူတို႔အားလုံး နိုင္ငံေတာ္ သီခ်င္းကိုေတာင္ လုံးဝမဆိုၾကဘဲ သက္ျပင္းေတြ အႀကိမ္ႀကိမ္ ခ်ေနၾကတာကို အားလုံးလည္း ျမင္ေတြ႕ခဲ့ ၾကရမွာပါ။

သူတို႔အားလုံး ဘယ္လိုမွ မတတ္ သာတဲ့ အေျခအေန ေတြေၾကာင့္ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကတယ္ လို႔ ပရိသတ္တ စ္ခ်ိဳ႕မွ ေကာက္ခ်က္ခ် ေနၾကတာလည္း ျဖစ္ပါတယ္။ မေန႔ညက အဆိုေတာ္ ရန္ရန္ခ်န္း ရဲ့ လူမႈကြန္ယက္တြင္ လည္း မတတ္သာတဲ့ အေျခအေနေတြ ေၾကာင့္ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ ၾကေသာ ျမန္မာအသင္းကို အျပစ္မျမင္ၾကဖို႔ ေတာင္းဆို ထားတာ ျဖစ္ပါတယ္။

” ျမန္မာ ေဘာလုံးအသင္းကို အရမ္းမေျပာၾကပါနဲ႔ ကြာ သူတို႔မွာလည္း မလြန္ဆန္နိုင္ တာေတြရွိေနေလာက္ မယ္ထင္ပါတယ္ သူတို႔ အခုခ်ိန္ဘယ္ေလာက္ေတာင္စိတ္ဖိစီးေနၾကမလည္း….. သူတို႔လည္း ျပည္သူေတြပါပဲ အခ်င္းခ်င္း အားေပးၾကရေအာင္ ေလေနာ္ 🤜🤛 🇲🇲 ⚽” ဆိုၿပီး ေရးသထားားတာ ျဖစ္ပါတယ္။မေန႔က ၿပိဳင္ပြဲတြင္ ျမန္မာအသင္း မွ အရန္ ကစားသမားတစ္ဦးက နိုင္ငံေတာ္ သီခ်င္း ဆိုခ်ိန္တြင္ လက္သုံးေခ်ာင္း ေထာင္ၿပီး ဆႏၵထုတ္ ေဖာ္ခဲ့တာ ျဖစ္ပါတယ္။ ထိုကစားသမား ရဲ့ ရဲရင့္သတၱိရွိ မႈေတြကို ျပည္သူေတြက ေလးစားဂုဏ္ယူ ေနၾကၿပီး သူ႔ရဲ့ေဘးကင္း လုံျခဳံမႈအတြက္ ေတာ့ စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

crd-original