ပရိသတ်ကြီးရေ ဩဂုတ်လ (၁၉) ရက်နေ့မှာ ဖွေးဖွေးက အရမ်းချစ်ရတဲ့ ဖခင်ကြီးကို ဆုံးရှုံးလိုက်ရပါတယ် ။ အားလုံးကလည်း ဖွေးအတွက် ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြတာပါ ။ ဖွေးအနေ နဲ့ ဖခင်တစ်ယောက်ရဲ့ နောက်ဆုံး ခရီးတောင် လိုက်ပါ ပို့ဆောင်ခွင့် မရခဲ့တဲ့ အတွက် ဘယ်လောက်တောင် ဖြေဆည်မရ ကြေကွဲနေ မလည်းနော် ။

အခုချိန်ထိလည်း ဖခင်ကြီး ကွယ်လွန်တာကို လက်မခံနိုင် သေးကြောင်း ရင်ဖွင့်ထားပါသေးတယ် ။ ဒါ့အပြင် ဖခင်နဲ့ အတူ ဖြတ်သန်းခဲ့တဲ့ တစ်ချိန်က အမှတ်တရ ပုံရိပ်တွေကိုလည်း ထုတ်ပြရင်း ခံစားချက်လေးတွေကို ရေးသားထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

လူတိုင်းကတော့ တစ်ချိန်ချိန်မှာ ခွဲခွာကြရတာ မှန်ပေမယ့် မိဘရဲ့ နောက်ဆုံး အချိန်တောင် နှုတ်ဆက်ခွင့်မရသလို မျက်နှာတောင် မမြင်လိုက်ရတဲ့ သားသမီးတစ်ယောက်အတွက်ကတော့ ပိုခံစားရမှာပါ ။ ပရိသတ်ကြီးအတွက် ဖခင်ကြီးအတူ ဖြတ်သန်းခဲ့တဲ့ ဖွေးဖွေးရဲ့အမှတ်တရ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။ပရိသတ်ကြီးလည်း ဖွေးဖွေးလေး အတွက် အားပေးစကားလေးလည်းပြောခဲ့အုံးနော်….။

Yuan – Cele Zone

ZAWGYI




Yuan – Cele Zone