



unicode

အနုပညာရှင် များဖြစ်ကြတဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းနဲ့ ရဲလေး တို့ကတော့ အောင်မြင်မှုတွေ ကိုယ်စီရရှိနေတဲ့ မင်းသားချောတွေပါပဲ။ မင်းသားတွေဆိုပေမယ့် သီချင်းဆိုတဲ့ နေရာမှာလည်း ပါရမီရှိကြတဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းနဲ့ ရဲလေး တို့က မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတဲ့ နှင်းဆီအဖွဲ့ရဲ့ အဖွဲ့ဝင် တွေဆိုလည်း မမှားပါဘူး။ ပရိသတ် တွေကတော့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းနဲ့ ရဲလေးတို့ ငါးယောက်စလုံးကို တူညီတဲ့အချစ်တွေနဲ့ချစ်ပြီး အားပေးနေကြတာပဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၁၆) ရက်နေ့မှာလည်း နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းနဲ့ ရဲလေးတို့ နှင်းဆီ ညီအစ်ကိုတွေက သူတို့ရဲ့ နောက်ထပ်ပြုလုပ်မယ့် ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ပြောဖို့ ဖေ့စ်ဘုတ်စာမျက်နှာကနေ Live လွှင့်လာပါတယ်။ ထိုဗီဒီယို အောက်မှာ နိုင်ငံကျော်သရုပ်ဆောင် မအေးသောင်းက သူမကို နာမည်ခေါ် ပေးဖို့ပြောခဲ့ရာမှ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းနဲ့ ရဲလေးတို့က မအေးသောင်းကို နာမည် တွေအမျိုးမျိုးခေါ်ပြီး စနောက်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးနဲ့ အေးဝတ်ရည်သောင်း တို့ကတော့ တူညီတဲ့ အနုပညာနယ်ပယ်မှာ ကျင်လည်နေကြသူတွေပီပီ အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် မောင်နှမလို သူငယ်ချင်းလို ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင် တဲ့ နေ့လေး တစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Stay At Home Entertainment’s fb