ပရိသတ်ကြီးရေ လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “မကြေးစည်” ဇာတ်လမ်းတွဲ ကတော့ ပရိသတ်တိုင်း ညစဉ် ညတိုင်း စောင့်ကြည့်ရလောက်တဲ့အထိ အောင်မြင်မှု ရရှိနေတာပဲဖြစ်ပါတယ်။

“မကြေးစည်” ဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင် တွေဟာလည်း ပရိသတ်တွေ ရဲ့ ချီးကျူးအားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ သူဌေးသမီး မိုးဝါ အဖြစ်သရုပ်ဆောင်တဲ့ ခွန်းနေကြည်ချို ဟာလည်း ဗီလိန် ကာရိုက်တာကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ တာကြောင့် ပရိသတ် အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာသာ သူများအပေါ် မနာလိုပြီး အလှဂုဏ်မောက်နေတဲ့ မိုးဝါ ဟာ သူမ ရဲ့အပြင်လက်တွေ့က ခွန်းနေကြည်ချို ဘဝမှာတော့ လူငယ်တစ်ယောက်ပီပီ ပေါ့ပေါ့ ပါးပါး နေထိုင်တတ်သူဖြစ်ပါတယ်။ “မကြေးစည်” ဇာတ်ကားထဲမှာ ကွမ်း တောသူလေး မိုးဝါအဖြစ် ဆံပင်ရှည်လေးနဲ့တွေ့ရတဲ့ ခွန်းနေကြည်ချိုဟာ အပြင်မှာတော့ ဆံပင်တို ကပ်ကပ်လေးနဲ့ ယောကျာ်းလေးတစ်ယောက်လို စတိုင်လ်ကျတာကိုတွေ့ရပါတယ်။

ဇာတ်လမ်းထဲက မိုးဝါ ကတော့ ပရိသတ်တွေ မုန်းအောင် သရုပ်ဆောင်နိုင်ခဲ့ပေမယ့် အပြင်လက်တွေ့က ခွန်းနေကြည်ချိုကတော့ အရမ်း ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခွန်းနေကြည်ချိုကိုကြည့်ပြီး အချစ်တွေ တိုးနေလောက်ပြီထင်ပါတယ်နော်။

Source: Khun Nay Kyi Cho
crd Myanmar Celebrities

ZAWGYI




Source: Khun Nay Kyi Cho