ခ်မ္းေျမ့ေမာင္ခ်ိဳ ကေတာ့ Myanmar Idol Season (3) သီခ်င္း ဆိုၿပိဳင္ပြဲကေန ယေန႔ အခ်ိန္ထိ ပရိသတ္ေတြ သည္းသည္း လႈပ္အားေပးၾကတဲ့ အဆိုေတာ္မေလး တစ္ေယာက္ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳ ကေတာ့ ၿပိဳင္ပြဲႀကီးမွာ Winner ဆုနဲ႔ လြဲေခ်ာ္ခဲ့ရေပမယ့္ တစ္နိုင္ငံလုံး က ပရိသတ္ေတြရဲ့ အသိအမွတ္ျပဳအားေပးျခင္းကို ခံခဲ့ရၿပီး အဆိုေတာ္ တစ္ေယာက္အျဖစ္ ရပ္တည္လာနိုင္တာပဲ ျဖစ္ပါတယ္။ ဂီတသက္တမ္း ႏွစ္အနည္းငယ္အတြင္းမွာ ေအာင္ျမင္တဲ့ေနရာတစ္ေနရာ ရရွိေနၿပီ ျဖစ္တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳက ဒီကေန႔ မွာေတာ့ သူမ ရဲ့ ဂီတမွတ္တိုင္ တစ္ခုျဖစ္တဲ့ ELEVEN Album ေလး (၁) ႏွစ္ျပည့္တဲ့ေန႔မွာ အမွတ္တရ အခ်ိဳ႕ကို အခုလိုပဲ ေျပာျပလာပါတယ္။

“E.L.E.V.E.N Album ေလး ေတာင္ ၁ ႏွစ္ ျပည့္ခဲ့ပါၿပီ။ ေခါင္းမာခဲ့ တာေတြကိုသည္းခံေပးခဲ့တဲ့ ေမႀကီး ကိုလဲဒီကေနကန္ေတာ့ပါတယ္ ဟီးဟီး အဲ့အခ်ိန္အေဝး​ေရာက္ေနခဲ့တဲ့ ေဖႀကီးလဲ အေဝးကေန ခြန္အားေပးတဲ့ အတြက္လဲ ဒီကေနအရင္ကန္ေတာ့ပါတယ္။ ဘာပဲဆုံးျဖတ္ ဆုံးျဖတ္ ငါ့ညီမမွန္တယ္ ခ်သာခ်ဆိုၿပီး အျမဲကိုယ့္ဖက္ ရပ္တည္ေပးခဲ့တဲ့ ကိုႀကီး ကိုလဲအရမ္းခ်စ္ပါတယ္။ အဲ့တုန္းက ပြင့္ပြင့္ လင္းလင္းေျပာရရင္ အခက္အခဲ ေတြအမ်ားႀကီးၾကဳံခဲ့ရပါတယ္။ သီခ်င္းေရြးတာကစလို႔ သီခ်င္း သြင္းရင္ပဲျဖစ္ျဖစ္ ရတဲ့အခ်ိန္မွာ ရသလို ပြဲေတြဆိုရင္း သြင္းခဲ့ပါတယ္။ အစက mini album ေလးပဲထုတ္မယ္ စိတ္ကူးခဲ့ေပမဲ့ ပြဲေတြ ဆိုလာရတဲ့အခါမွာ ဆိုစရာသီခ်င္းေတြ မရွိလာခဲ့ဘူး။ အဲ့တာထက္ ကိုယ့္ senior ေတြရဲ့ သီခ်င္းေတြဆိုရင္ သူတို႔သီခ်င္းေတြကို ပရိသတ္ေတြလိုက္ဆိုတဲ့အခါမွာ အရမ္းၾကည္ႏူးရပါတယ္ ”

“အဲ့လိုေတြးေနတုန္း japan myanmar ခ်စ္ၾကည္ေရး ပြဲမွာလဲ ဒ႑ရီ , ရြာသာရြာပါမိုး, သင့္အတြက္မနက္ျဖန္ ဆိုတဲ့အခ်ိန္မွာ ကြင္းထဲမွာရွိတဲ့လူအေယာက္ ၁၀၀၀၀ ေလာက္က လိုက္ဆိုခဲ့ၾကတဲ့ အတြက္ရင္ထဲမွာ အရမ္းေပ်ာ္ရႊင္ခဲ့ရတယ္ ဝမ္းသာ မ်က္ရည္က်ခဲ့တယ္ အဲ့လိုပဲ ကိုယ့္ senior ေတြရဲ့သီခ်င္းေတြသူတို႔ေလးေတြရဲ့ ႏႈတ္ခမ္း ျပားေလးမွာဆြဲထင္ေနတာ ေလးေတြၾကည့္ရင္း တစ္ေန႔က်ရင္ ငါ့သီခ်င္းေလးကိုလဲလိုက္ဆို နိုင္ေအာင္ႀကိဳးစားရမယ္ဆိုတဲ့ အိမ္မက္တခုေလးမက္ခဲ့တယ္ ကိုယ္ပိုင္ သီခ်င္းေတြအမ်ားႀကီး လုပ္ခ်င္တဲ့ စိတ္တြန္း အားေလးတစ္ခုကိုလဲရလိုက္ပါတယ္။ အဲ့တာကေနစလို႔ album ပဲထုတ္ေတာ့မယ္ဆိုတဲ့ စိတ္ေလာေနခဲ့တာနဲ႔ 1st March ကေန အိမ္မက္ သီခ်င္းပဲ ထြက္လိုက္ပီးေတာ့ ဘာမွထြက္မလာနိုင္ခဲ့ပါဘူး။”

“အဲ့အခ်ိန္မွာလဲပဲ milestones ေတြက နားလည္ေပးၿပီး တကယ့္တကယ္ album ထြက္လာတဲ့အခ်ိန္မွာလဲ ဝယ္ယူအားေပးၾကတဲ့အတြက္ကို ေမာင္ခ်ိဳ႕ရဲ့ ႏွစ္တႏွစ္လုံးစာ ႀကိဳးစားထားခဲ့ သမၽွအရာထင္ခဲ့ပါတယ္ album ထြက္ၿပီး ၂ ပတ္ၾကာေတာ့ ပင္းေပါ ၿမိဳ႕မွာသြားဆိုရပါတယ္။ အမွတ္ မထင္ပဲ loser သီခ်င္းေလးကို ကြင္းလုံးကၽြတ္လိုက္ ဆိုတာကိုျမင္ေတြ႕လိုက္ရတဲ့အခ်ိန္ လြန္ခဲ့တဲ့ ၁ ႏွစ္ကမက္ခဲ့တဲ့အိမ္မက္ေလးက တကယ္ ျဖစ္လာခဲ့တယ္။ မ်က္ရည္ေတြပါဝဲခဲ့ရပါတယ္။ အခုေတာ့ ေမာင္ခ်ိဳ႕ရဲ့milestone ေလးေတြရဲ့ ႏႈတ္ဖ်ားမွာ ေမာင္ခ်ိဳ႕ album ထဲကသီခ်င္းေလးေတြစြန္းထင္ခဲ့တာ ၁ ႏွစ္ေတာင္ျပည့္သြားခဲ့ၿပီ ၿပိဳင္ပြဲထဲက အခုအခ်ိန္ထိ မထင္မွတ္ထားတဲ့ အားေပး ခ်စ္ခင္မႈေတြနဲ႔အတူ ေမာငိခ်ိဳ႕ကိုအခုေနရာ အထိတြန္းတင္ေပးခဲ့တဲ့ milestones အေယာက္ခ်င္းဆီတိုင္းနဲ႔ ေမာင္ခ်ိဳ႕ သူငယ္ခ်င္း ေမာင္ႏွမ မ်ားကိုလဲ ေက်းဇူးတင္ပါတယ္” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာတာပဲ ျဖစ္ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳ ကေတာ့ အသက္ငယ္ေပမယ့္ သူမ ရဲ့ အိပ္မက္တစ္ခုကို ႀကိဳးစားၿပီး ျဖည့္စြမ္းခဲ့တာ တကယ့္ကို ေလးစား အားက်စရာ အခ်က္တစ္ခ်က္ပါပဲ။ ေမာင္ခ်ိဳတစ္ေယာက္ ေရွ႕ဆက္ ေလၽွာက္မယ့္ အႏုပညာ ခရီးလမ္းမွာ ေအာင္ျမင္မႈေတြအမ်ားႀကီး ထပ္မံရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: ChanMyae MgCho’s fb
Bilie – Cele Connections

UNICODE

ချမ်းမြေ့မောင်ချို ကတော့ Myanmar Idol Season (3) သီချင်း ဆိုပြိုင်ပွဲကနေ ယနေ့ အချိန်ထိ ပရိသတ်တွေ သည်းသည်း လှုပ်အားပေးကြတဲ့ အဆိုတော်မလေး တစ်ယောက်ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို ကတော့ ပြိုင်ပွဲကြီးမှာ Winner ဆုနဲ့ လွဲချော်ခဲ့ရပေမယ့် တစ်နိုင်ငံလုံး က ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးခြင်းကို ခံခဲ့ရပြီး အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်လာနိုင်တာပဲ ဖြစ်ပါတယ်။ ဂီတသက်တမ်း နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်တဲ့နေရာတစ်နေရာ ရရှိနေပြီ ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုက ဒီကနေ့ မှာတော့ သူမ ရဲ့ ဂီတမှတ်တိုင် တစ်ခုဖြစ်တဲ့ ELEVEN Album လေး (၁) နှစ်ပြည့်တဲ့နေ့မှာ အမှတ်တရ အချို့ကို အခုလိုပဲ ပြောပြလာပါတယ်။

“E.L.E.V.E.N Album လေး တောင် ၁ နှစ် ပြည့်ခဲ့ပါပြီ။ ခေါင်းမာခဲ့ တာတွေကိုသည်းခံပေးခဲ့တဲ့ မေကြီး ကိုလဲဒီကနေကန်တော့ပါတယ် ဟီးဟီး အဲ့အချိန်အဝေး​ရောက်နေခဲ့တဲ့ ဖေကြီးလဲ အဝေးကနေ ခွန်အားပေးတဲ့ အတွက်လဲ ဒီကနေအရင်ကန်တော့ပါတယ်။ ဘာပဲဆုံးဖြတ် ဆုံးဖြတ် ငါ့ညီမမှန်တယ် ချသာချဆိုပြီး အမြဲကိုယ့်ဖက် ရပ်တည်ပေးခဲ့တဲ့ ကိုကြီး ကိုလဲအရမ်းချစ်ပါတယ်။ အဲ့တုန်းက ပွင့်ပွင့် လင်းလင်းပြောရရင် အခက်အခဲ တွေအများကြီးကြုံခဲ့ရပါတယ်။ သီချင်းရွေးတာကစလို့ သီချင်း သွင်းရင်ပဲဖြစ်ဖြစ် ရတဲ့အချိန်မှာ ရသလို ပွဲတွေဆိုရင်း သွင်းခဲ့ပါတယ်။ အစက mini album လေးပဲထုတ်မယ် စိတ်ကူးခဲ့ပေမဲ့ ပွဲတွေ ဆိုလာရတဲ့အခါမှာ ဆိုစရာသီချင်းတွေ မရှိလာခဲ့ဘူး။ အဲ့တာထက် ကိုယ့် senior တွေရဲ့ သီချင်းတွေဆိုရင် သူတို့သီချင်းတွေကို ပရိသတ်တွေလိုက်ဆိုတဲ့အခါမှာ အရမ်းကြည်နူးရပါတယ် ”

“အဲ့လိုတွေးနေတုန်း japan myanmar ချစ်ကြည်ရေး ပွဲမှာလဲ ဒဏ္ဍရီ , ရွာသာရွာပါမိုး, သင့်အတွက်မနက်ဖြန် ဆိုတဲ့အချိန်မှာ ကွင်းထဲမှာရှိတဲ့လူအယောက် ၁၀၀၀၀ လောက်က လိုက်ဆိုခဲ့ကြတဲ့ အတွက်ရင်ထဲမှာ အရမ်းပျော်ရွှင်ခဲ့ရတယ် ဝမ်းသာ မျက်ရည်ကျခဲ့တယ် အဲ့လိုပဲ ကိုယ့် senior တွေရဲ့သီချင်းတွေသူတို့လေးတွေရဲ့ နှုတ်ခမ်း ပြားလေးမှာဆွဲထင်နေတာ လေးတွေကြည့်ရင်း တစ်နေ့ကျရင် ငါ့သီချင်းလေးကိုလဲလိုက်ဆို နိုင်အောင်ကြိုးစားရမယ်ဆိုတဲ့ အိမ်မက်တခုလေးမက်ခဲ့တယ် ကိုယ်ပိုင် သီချင်းတွေအများကြီး လုပ်ချင်တဲ့ စိတ်တွန်း အားလေးတစ်ခုကိုလဲရလိုက်ပါတယ်။ အဲ့တာကနေစလို့ album ပဲထုတ်တော့မယ်ဆိုတဲ့ စိတ်လောနေခဲ့တာနဲ့ 1st March ကနေ အိမ်မက် သီချင်းပဲ ထွက်လိုက်ပီးတော့ ဘာမှထွက်မလာနိုင်ခဲ့ပါဘူး။”

“အဲ့အချိန်မှာလဲပဲ milestones တွေက နားလည်ပေးပြီး တကယ့်တကယ် album ထွက်လာတဲ့အချိန်မှာလဲ ဝယ်ယူအားပေးကြတဲ့အတွက်ကို မောင်ချို့ရဲ့ နှစ်တနှစ်လုံးစာ ကြိုးစားထားခဲ့ သမျှအရာထင်ခဲ့ပါတယ် album ထွက်ပြီး ၂ ပတ်ကြာတော့ ပင်းပေါ မြို့မှာသွားဆိုရပါတယ်။ အမှတ် မထင်ပဲ loser သီချင်းလေးကို ကွင်းလုံးကျွတ်လိုက် ဆိုတာကိုမြင်တွေ့လိုက်ရတဲ့အချိန် လွန်ခဲ့တဲ့ ၁ နှစ်ကမက်ခဲ့တဲ့အိမ်မက်လေးက တကယ် ဖြစ်လာခဲ့တယ်။ မျက်ရည်တွေပါဝဲခဲ့ရပါတယ်။ အခုတော့ မောင်ချို့ရဲ့milestone လေးတွေရဲ့ နှုတ်ဖျားမှာ မောင်ချို့ album ထဲကသီချင်းလေးတွေစွန်းထင်ခဲ့တာ ၁ နှစ်တောင်ပြည့်သွားခဲ့ပြီ ပြိုင်ပွဲထဲက အခုအချိန်ထိ မထင်မှတ်ထားတဲ့ အားပေး ချစ်ခင်မှုတွေနဲ့အတူ မောငိချို့ကိုအခုနေရာ အထိတွန်းတင်ပေးခဲ့တဲ့ milestones အယောက်ချင်းဆီတိုင်းနဲ့ မောင်ချို့ သူငယ်ချင်း မောင်နှမ များကိုလဲ ကျေးဇူးတင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချို ကတော့ အသက်ငယ်ပေမယ့် သူမ ရဲ့ အိပ်မက်တစ်ခုကို ကြိုးစားပြီး ဖြည့်စွမ်းခဲ့တာ တကယ့်ကို လေးစား အားကျစရာ အချက်တစ်ချက်ပါပဲ။ မောင်ချိုတစ်ယောက် ရှေ့ဆက် လျှောက်မယ့် အနုပညာ ခရီးလမ်းမှာ အောင်မြင်မှုတွေအများကြီး ထပ်မံရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: ChanMyae MgCho’s fb
Bilie – Cele Connections